Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှတိုက်ရဲ့ အကြီးဆုံးဝက်သတ်ရုံကို တရုတ်ပြည်တွင်တည်ဆောက်


တရုတ်နိုင်ငံရဲ့ ၆ ခုမြှောက် အစားအသောက် လုပ်ငန်းစုကြီးဖြစ်တဲ့ Techbank အနေနဲ့ အာရှတိုက်ရဲ့ အကြီးဆုံးဝက်သတ်ရုံ စက်ရုံကြီးကို တရုတ်ပြည်အလယ်ပိုင်း Fuyang မြို့မှာ ဝက်သတ်ရုံကိုတည်ဆောက်နေတယ်သိရပါတယ်။

 

ထို ဝက်သတ်ရုံ မှာ တည်ဆောက်ပြီးသွားလျှင် အာရှတိုက်ရဲ့ အကြီးဆုံး ဝက်သတ်ရုံဖြစ်လာမည့်အပြင် သူတို့လုပ်ငန်းစုရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ရင်းနှီးမြှပ်နှံမှု့ က အမေရိကန်ဒေါ်လာ အားဖြင့် ၁၈၉ သန်းမျှ ရှိမယ်သိရပါတယ်။ထို့အပြင် ၎င်းသားသတ်ရုံမှာ ၂၀၂၁ နှောင်းပိုင်းလောက်မှာ လုပ်ငန်းစတင်လုပ်ကိုင်မယ်သိရပါတယ်။ထို့အပြင် အဲ့ အခါကြရင် ၎င်းတို့အနေနဲ့ ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ထားရှိမယ်သိရပါတယ်။

 

တရုတ်နိုင်ငံရဲ့ အစားအသောက် လုပ်ငန်းစုကြီးဖြစ်တဲ့ Techbank ဟာ ၂၀၁၃ ခုနှစ်လောက်ကတည်းက ဝက်မွှေးမြုရေး ပိုင်းဆိုင်ရာ စီးပွားရေးခွင်ထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့ ၁၉၉၆ လောက်မှာ ၎င်းတို့ဟာ ငါးမျှားစာ ရောင်းချရေး လုပ်ငန်းစု အနေနဲ့ နယ်ပယ်ထဲဝင်ရောက်ခဲ့တာပါ အဆိုပါ လုပ်ငန်းစုရဲ့ အစုရှယ်ရာ ၄၀ ရာခိုင်နှုန်းဟာ အမေရိက မှဖြစ်ပြီး Nasdaq ကနေပြီး ဝက်မွေးမြူရေးနဲ့ ဝက်သား ထုတ်လုပ်မှု့ဆိုင်ရာ ကို နည်းလမ်းယူခဲ့တယ်သိရပါတယ်။ထိုပြီးမှ အကြီးစားဝက်မွေးမြူရေး လုပ်ငန်းစုအဖြစ် တည်ထောင်ခဲ့တယ်သိရပါတယ်။

 

အစားအသောက် လုပ်ငန်းစုကြီးဖြစ်တဲ့ Techbank ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်လျှင် သန်း ၃၀ စာ ဝက်များထုတ်လုပ်နိုင်ဖို့ပါ။ထိုဝက်မွေးရေး မှ ၎င်းတို့ အနေနဲ့ ၇၅ ရာခိုင်နှုန်း အမြတ်ကို မျှော်မှန်းထားပါတယ်တဲ့။ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် က ၂ သန်းကျော်အမြတ်ရရှိခဲ့ပါတယ်။

 

ထို့အပြင် ဝတ်သတ်ရုံ အကြီးစား ၆ ရုံ၎င်းတို့လက်ဝယ်ရှိဖို့ ကြိုးစားမယ်လို့ Techbank မှ ၂၀၁၈ ခုနှစ်ကပြောကြားထားပါတယ်။အခုအချိန်မှာတော့ Huai’an နဲ့ Jiangsu တို့မှာ ၎င်းတို့ အနေနဲ့ ဝက်သတ်ရုံတွေပိုင်ဆိုင်ထားတယ်ပြောပါတယ်။ထိုဝက်သတ်ရုံလေးများကို အကြီးချဲ့ဖို့ ဆန္ဒ ရှိနေပါတယ်တဲ့။

 

ထိုဝက်သတ်ရုံလောကထဲကို ခြေစုန်ပြစ်မဝင်ခင် ကမ္ဘာ့ အသား ရောင်းချ ရေးဆိုင်ရာလောကရဲ့ အခြေအနေတွေနဲ့ ခေတ်နောက်ညီမှု့ တွေကို လိုက်သိထားရမယ် ဆိုကာ Techbank မှ ဥက္ကဌဖြစ်သူ Shen Weiping ကပြောကြားခဲ့ပါတယ်။ထို့အပြင် တရုတ်အနေနဲ့ ၎င်းတို့ရဲ့ ဝက်များကို အာဖရိက ဝက်တုပ်ကွေး / African Swine Fever (ASF) မဖြစ်အောင်ထိန်းချုပ်ရမှာပါ။

 

၎င်းတို့အနေနဲ့ ဝက် ၅၀၀၀ အကောင်ရေလောက်ကို စတင်ပြီး မွေးမြူလုပ်ကိုင် အသားပေါ်မယ်သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ တရုပ်ပြည်ရဲ့ ဝက်မွေးမြူရေး လုပ်ငန်းအကြီးစားရဲ့ အမြတ်ငွေမှာ ၁၃ . ၂ သန်းရှိတယ်သိရပါတယ်။

 

<<< Zawgyi >>>

 

အာရွတိုက္ရဲ႕ အၾကီးဆုံး၀က္သတ္ရုံကို တရုတ္ျပည္တြင္တည္ေဆာက္

------------------------------------------------------------------------------------

 

တရုတ္နိုင္ငံရဲ႕ ၆ ခုေျမွာက္ အစားအေသာက္ လုပ္ငန္းစုၾကီးျဖစ္တဲ့ Techbank အေနနဲ႕ အာရွတိုက္ရဲ႕ အၾကီးဆုံး၀က္သတ္ရုံ စက္ရုံၾကီးကို တရုတ္ျပည္အလယ္ပိုင္း Fuyang ျမိဳ႕မွာ ၀က္သတ္ရုံကိုတည္ေဆာက္ေနတယ္သိရပါတယ္။

 

ထို ၀က္သတ္ရုံ မွာ တည္ေဆာက္ျပီးသြားလ်ွင္ အာရွတိုက္ရဲ႕ အၾကီးဆုံး ၀က္သတ္ရုံျဖစ္လာမည့္အျပင္ သူတို႕လုပ္ငန္းစုရဲ႕ ေျပာၾကားခ်က္အရ ၎တို႔ရဲ႕ရင္းနွီးျမွပ္နွံမႈ႕ က အေမရိကန္ေဒၚလာ အားျဖင့္ ၁၈၉ သန္းမွ် ရွိမယ္သိရပါတယ္။ထို႕အျပင္ ၎သားသတ္ရုံမွာ ၂၀၂၁ ေနွာင္းပိုင္းေလာက္မွာ လုပ္ငန္းစတင္လုပ္ကိုင္မယ္သိရပါတယ္။ထို႕အျပင္ အဲ့ အခါၾကရင္ ၎တို႕အေနနဲ႕ ၀န္ထမ္းေပါင္း ၃၀၀၀ ေက်ာ္ထားရွိမယ္သိရပါတယ္။

 

တရုတ္နိုင္ငံရဲ႕ အစားအေသာက္ လုပ္ငန္းစုၾကီးျဖစ္တဲ့ Techbank ဟာ ၂၀၁၃ ခုနွစ္ေလာက္ကတည္းက ၀က္ေမႊးျမဳေရး ပိုင္းဆိုင္ရာ စီးပြားေရးခြင္ထဲ၀င္ေရာက္ခဲ့တာျဖစ္ပါတယ္။အစပိုင္းမွာေတာ့ ၁၉၉၆ ေလာက္မွာ ၎တို႕ဟာ ငါးမ်ွားစာ ေရာင္းခ်ေရး လုပ္ငန္းစု အေနနဲ႕ နယ္ပယ္ထဲ၀င္ေရာက္ခဲ့တာပါ အဆုိပါ လုပ္ငန္းစုရဲ႕ အစုရွယ္ရာ ၄၀ ရာခိုင္နႈန္းဟာ အေမရိက မွျဖစ္ျပီး Nasdaq ကေနျပီး ၀က္ေမြးျမဴေရးနဲ႕ ၀က္သား ထုတ္လုပ္မႈ႕ဆိုင္ရာ ကို နည္းလမ္းယူခဲ့တယ္သိရပါတယ္။ထိုျပီးမွ အၾကီးစား၀က္ေမြးျမဴေရး လုပ္ငန္းစုအျဖစ္ တည္ေထာင္ခဲ့တယ္သိရပါတယ္။

 

အစားအေသာက္ လုပ္ငန္းစုၾကီးျဖစ္တဲ့ Techbank ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ တစ္နွစ္လ်ွင္ သန္း ၃၀ စာ ၀က္မ်ားထုတ္လုပ္နို္င္ဖို႕ပါ။ထို၀က္ေမြးေရး မွ ၎တို႕ အေနနဲ႕ ၇၅ ရာခိုင္ႏႈန္း အျမတ္ကို ေမ်ွာ္မွန္းထားပါတယ္တဲ့။ျပီးခဲ့တဲ့ ၂၀၁၉ ခုနွစ္ က ၂ သန္းေက်ာ္အျမတ္ရရွိခဲ့ပါတယ္။

 

ထို႕အျပင္ ၀တ္သတ္ရုံ အၾကီးစား ၆ ရုံ၎တို႕လက္၀ယ္ရွိဖို႕ ၾကိဳးစားမယ္လို႕ Techbank မွ ၂၀၁၈ ခုနွစ္ကေျပာၾကားထားပါတယ္။အခုအခ်ိန္မွာေတာ့ Huai’an နဲ႕ Jiangsu တို႕မွာ ၎တို႕ အေနနဲ႕ ၀က္သတ္ရုံေတြပိုင္ဆိုင္ထားတယ္ေျပာပါတယ္။ထို၀က္သတ္ရုံေလးမ်ားကို အၾကီးခ်ဲ႕ဖို႕ ဆႏၵ ရွိေနပါတယ္တဲ့။

 

ထို၀က္သတ္ရုံေလာကထဲကို ေျခစုန္ျပစ္မ၀င္ခင္ ကမၻာ့ အသား ေရာင္းခ် ေရးဆိုင္ရာေလာကရဲ႕ အေျခအေနေတြနဲ႕ ေခတ္ေနာက္ညီမႈ႕ ေတြကို လိုက္သိထားရမယ္ ဆိုကာ Techbank မွ ဥကၠဌျဖစ္သူ Shen Weiping ကေျပာၾကားခဲ့ပါတယ္။ထို႕အျပင္ တရုတ္အေနနဲ႕ ၎တို႕ရဲ႕ ၀က္မ်ားကို အာဖရိက ၀က္တုပ္ေကြး / African Swine Fever (ASF) မျဖစ္ေအာင္ထိန္းခ်ဳပ္ရမွာပါ။

 

၎တို႕အေနနဲ႕ ၀က္ ၅၀၀၀ အေကာင္ေရေလာက္ကို စတင္ျပီး ေမြးျမဴလုပ္ကိုင္ အသားေပၚမယ္သိရပါတယ္။ျပီးခဲ့တဲ့ ၂၀၁၉ ခုနွစ္ရဲ႕ တရုပ္ျပည္ရဲ႕ ၀က္ေမြးျမဴေရး လုပ္ငန္းအၾကီးစားရဲ႕ အျမတ္ေငြမွာ ၁၃ . ၂ သန္းရွိတယ္သိရပါတယ္။

 

Ref : Pig Progress

Read times
Rate this item
(0 votes)