Food & Livestock
ဗီယက်နမ် သုံးလတာတွင် ဆန်တန်ချိန် ၁.၇ သန်း တင်ပို့ခဲ့
ဗီယက်နမ် သုံးလတာတွင် ဆန်တန်ချိန် ၁.၇ သန်း တင်ပို့ခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဗီယက်နမ်နိုင်ငံသည် ပထမသုံးလပတ်တွင် ဆန်တန်ချိန် ၁.၇ သန်း တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၉၀၀ ကျော် ပို့ကုန်ဝင်ငွေ ရရှိခဲ့သည်။
.
စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန Ministry of Industry and Trade (MoIT) ၏ အဆိုအရ ဗီယက်နမ်ဆန်သည် ပြီးခဲ့သော နှစ်များအတွင်း အရည်အသွေးနှင့် ဝယ်လိုအား တိုးတက်မှု အချို့တို့ကို အောင်မြင်မှု ရရှိခဲ့သည်။
.
ပို့ကုန်တန် အများစုမှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ရရှိသည်။ ကျန်သည့်ဒေသမှ ရရှိသည့် ဆန်များကို ပြည်တွင်းဈေးကွက်သို့ ပေးပို့ကြသည်။
,
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ယခုနှစ်တွင် ဆန်ထွက်ရှိမှုသည် တန်ချိန် ၂၄ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။
,
မြစ်ဝကျွန်းပေါ်ဒေသနှင့် ဗီယက်နမ်နိုင်ငံ၏ လူဦးရေအများဆုံးမြို့ဖြစ်သည့် ဟိုချီမင်းမြို့အတွက် စားသုံးမှုမှာ တန်ချိန် ၁၁ သန်းဝန်းကျင် ရှိနေမည်ဖြစ်ပြီး ပြည်ပတင်ပို့ရန်အတွက် တန်ချိန် ၁၃ သန်း ကျန်ရှိမည်ဖြစ်သည်။
၎င်းပို့ကုန်အတွက်ဆန်များတွင် အရည်အသွေးမြင့် ဆန်တန်ချိန် ၃ သန်း၊ အထူးဆန်တန်ချိန် ၂ ဒသမ ၁ သန်းနှင့် ပုံမှန်ဆန်တန်ချိန် ၁ သန်း ပါဝင်သည်။
.
ဖိလစ်ပိုင်၊ တရုတ်နှင့် အာဖရိကတို့ အပါအဝင် အဓိကစျေးကွက်များတွင် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဗီယက်နမ်ဆန်ကို ယခုနှစ် ဒုတိယသုံးလပတ်တွင်လည်း ဆက်လက်အဝယ်လိုက်နိုင်ဖွယ်ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း Vietnam Food Association (VFA) မှ ပြောကြားခဲ့သည်။
.
VFA ဥက္ကဋ္ဌ ငုယင်ငုပ်နမ်က ဗီယက်နမ်ဆန်သည် ကမ္ဘာ့စီးပွားရေး ထိုင်းမှိုင်းနေသော်လည်း နိုင်ငံတကာဈေးကွက်တွင် စျေးကောင်းရရှိနေကြောင်း ပြောကြားခဲ့ပြီး နိုင်ငံများသည် အနာဂတ် မသေချာမရေရာသောအချိန်များတွင်စားနပ်ရိက္ခာများ သိုလှောင်ရန် ကြိုးပမ်းနေကြ
သည်ဟု ပြောကြားသည်။
ထို့အပြင်၊ ဥရောပသမဂ္ဂ-ဗီယက်နမ် အကောက်ခွန်မဲ့ ကုန်သွယ်မှု သဘောတူညီချက် European Union - Vietnam Free Trade Agreement (EVFTA) အပါအဝင် အဓိကကျသည့် အကောက်ခွန်မဲ့ ကုန်သွယ်မှုသဘောတူညီချက်များသည် ဗီယက်နမ်ဆန်အပေါ်အကောက်ခွန်ကို တစ်တန်လျှင် ယူရို ၁၇၅ အထိ လျှော့ချပေးထားသဖြင့် ဗီယက်နမ်ပရီမီယံဆန်ကို ဥရောပဈေးကွက်တွင် အားသာချက် ရရှိနေစေသည်။
Source vnexpress
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U