Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်ခြောက်စျေးကွက် အရောင်းအဝယ် လျော့နည်း

Unicode

လက်ဖက်ခြောက်စျေးကွက် အရောင်းအဝယ် လျော့နည်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရောင်းချလျက်ရှိသော လက်ဖက်ခြောက် စျေးကွက်တွင်  ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ဝယ်ယူသူ လျော့နည်းလျက်ရှိပါတယ်။

 

ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္မ်ား (၁၀၀) ကိုရွာရန္ႏွိပ္ပါ။

 

''လက်ဖက်ခြောက်က နယ်ဘက်ကလူတွေ လာမှ ရောင်းအားကောင်းတာ။ နယ်ကလူတွေက လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကာမိုင်းဒေသတွေကို သွားတာများတဲ့အတွက် တရုတ်နိုင်ငံဘက်က ဝင်လာတဲ့ လက်ဖက်ခြောက်တွေကိုပဲ ဝယ်လာတာများတယ်။ အခုဆို တစ်နှစ်ထက်တစ်နှစ် ရောင်းအားလျော့နည်းလာတယ်''ဟု လက်ဖက် အရောင်းအဝယ် ပြုလုပ်သူ ဒေါ်နန်းခမ်းကပြောကြားခဲ့ပါတယ်။

 

Read More >>>>>   ကိုယ္ ခ်စ္ခင္တဲ့ သူေတြေပးဖုိ႕အတြက္ အိမ္မွာ ကိုယ္တိုင္ေခ်ာက္ကလက္ျပဳလုပ္လိုက္ၾကရေအာင္


လက်ဖက်ခြောက်ရောင်းသူများ အနေဖြင့် လက်ဖက်ခြောက် တစ်ထုပ်ငွေကျပ်၂ဝဝ  မှ ငွေကျပ်  ၅ဝဝဝ တန်အထိ အထုပ်ငယ်များဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ ပိဿာအလိုက် ဝယ်ယူသူနည်းပါးပြီး အထုပ်ငယ်များသာ ဝယ်ယူသူများပြားလျက်ရှိပါတယ်။

ထို့ပြင် လက်ဖက်ခြောက် ဝယ်ယူသူများကို အိမ်တိုင်ရာရောက် ပို့ပေးစနစ်များ ရှိလာသည့်အတွက်  ဆိုင်ထိုင်ရောင်းသူများ ရောင်းအား လျော့နည်းလျက် ရှိကြောင်း သိရပါတယ်။

 


Source: Myawady

 

 

လက္ဖက္ေျခာက္ေစ်းကြက္ အေရာင္းအဝယ္ ေလ်ာ႕နည္း

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ႈိးၿမိဳ႕တြင္ ေရာင္းခ်လ်က္ရွိေသာ လက္ဖက္ေျခာက္ ေစ်းကြက္တြင္  ယခင္ႏွစ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ဝယ္ယူသူ ေလ်ာ့နည္းလ်က္ရွိပါတယ္။

 

ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္မ်ား (၁၀၀) ကိုရွာရန္ႏွိပ္ပါ။

 

''လက္ဖက္ေျခာက္က နယ္ဘက္ကလူေတြ လာမွ ေရာင္းအားေကာင္းတာ။ နယ္ကလူေတြက ေလာက္ကိုင္၊ ခ်င္းေရႊေဟာ္နဲ႔ ကာမိုင္းေဒသေတြကို သြားတာမ်ားတဲ့အတြက္ တ႐ုတ္ႏိုင္ငံဘက္က ဝင္လာတဲ့ လက္ဖက္ေျခာက္ေတြကိုပဲ ဝယ္လာတာမ်ားတယ္။

 

အခုဆို တစ္ႏွစ္ထက္တစ္ႏွစ္ ေရာင္းအားေလ်ာ့နည္းလာတယ္''ဟု လက္ဖက္ အေရာင္းအဝယ္ ျပဳလုပ္သူ ေဒၚနန္းခမ္းကေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>   ကိုယ္ ခ်စ္ခင္တဲ့ သူေတြေပးဖုိ႕အတြက္ အိမ္မွာ ကိုယ္တိုင္ေခ်ာက္ကလက္ျပဳလုပ္လိုက္ၾကရေအာင္


လက္ဖက္ေျခာက္ေရာင္းသူမ်ား အေနျဖင့္ လက္ဖက္ေျခာက္ တစ္ထုပ္ေငြက်ပ္၂ဝဝ  မွ ေငြက်ပ္  ၅ဝဝဝ တန္အထိ အထုပ္ငယ္မ်ားျဖင့္လည္းေကာင္း၊ ပိႆာခ်ိန္ျဖင့္လည္းေကာင္း ေရာင္းခ်လ်က္ရွိရာ ပိႆာအလိုက္ ဝယ္ယူသူနည္းပါးၿပီး အထုပ္ငယ္မ်ားသာ ဝယ္ယူသူမ်ားျပားလ်က္ရိွပါတယ္။

 

ထုိ႔ျပင္ လက္ဖက္ေျခာက္ ဝယ္ယူသူမ်ားကို အိမ္တိုင္ရာေရာက္ ပို႔ေပးစနစ္မ်ား ရွိလာသည့္အတြက္  ဆိုင္ထိုင္ေရာင္းသူမ်ား ေရာင္းအား ေလ်ာ့နည္းလ်က္ ရိွေၾကာင္း သိရပါတယ္။

 


Source: Myawady

 

 

Read times Last modified on Friday, 14 February 2020 15:41
Rate this item
(0 votes)