Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးဈေးနှုန်း အနည်းငယ် ကျဆင်းလာ

စပါးထွက်ပေါ်စအချိန်  တရုတ်နိုင်ငံသို့  စပါးကို  မကြိတ်ခွဲဘဲ  တင်ပို့မှုများ ရှိခဲ့သည့်အတွက် စပါးဈေးမြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း

သယ်ယူပို့ဆောင်ရေး ခက်ခဲသဖြင့် စပါးတင်ပို့မှု နည်းပါးလာပြီး ဈေးနှုန်းပါ ကျဆင်းလာကြောင်း   မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်နှင့်  ပဲခူးတိုင်းဒေသကြီး  အနောက်ဘက်ခြမ်းတို့မှ   စပါးအထွက် စောခဲ့ခြင်းကြောင့် ယင်းဒေသထွက် စပါးများကို  စပါးအတိုင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ကမ်းလှမ်းမှုများရှိခဲ့ရာ စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ခြောက်သိန်းခွဲမှ  ခုနစ်သိန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ကာ  လတ်တလောတွင် ငွေကျပ် ခြောက်သိန်းအထိ ဈေးကျခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်သည်    ယခုနှစ်  နွေစပါးပေါ်ချိန်တွင် တရုတ်နိုင်ငံသို့ စပါးခိုးထုတ် ရောင်းဝယ်နေမှုများကြောင့်  ပြည်တွင်း၌   ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြီးခဲ့သည့်လ စပါးစပေါ်ချိန်က  တရုတ်နိုင်ငံသို့ စပါးခိုးထုတ် ရောင်းဝယ်နေမှုများနှင့်  ပတ်သက်၍    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဒုတိယအကြိမ် ထပ်မံတင်ပြရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ထိုသို့တင်ပြရာတွင် ဆန်စပါးမှရရှိမည့် ပြည်တွင်းအခွန်ဘဏ္ဍာများ၊ ဆန်စက် လုပ်ငန်းများ၏ လည်ပတ်နိုင်မှု အခြေအနေများ၊ စပါးမှရရှိမည့် ဘေးထွက်ပစ္စည်းများနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများကို ထိခိုက်ကြောင်းတို့ကိုပါ တင်ပြမည်ဖြစ်သည်။

 

''လောလောဆယ် စပါးကိုမကြိတ်ခွဲဘဲ သယ်တာကို   ဖမ်းမယ်ပြောထားတော့ ကားတွေက မတင်ရဲဘူးလေ။ အဝယ်လွယ်သလောက် သယ်ဖို့ခက်နေတာပါ။ အဟန့်အတား တစ်ခုလို ဖြစ်နေတယ်။ဒါကြောင့် စပါးဈေးကျသွားတာပါ'' ဟု  ဦးသန်းဦး ကပြောသည်။

 

ယခုနှစ်ဆန်းပိုင်းမှ စ၍ စပါးတင်း ၁ဝဝ  လျှင် အခြေခံဈေး ငွေကျပ်ငါးသိန်းဖြင့် ဝယ်ယူရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(3 votes)