Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ငရုတ်ဈေးနှုန်း မြင့်တက်လျက်ရှိ

ယခုလအတွင်း ငရုတ်ပေါ်ချိန်ဖြစ်သော်လည်း ငရုတ်ဈေးကွက်၌ ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း  ငရုတ်ကုန်သည်များထံမှ သိရပါတယ်။

 

လက်ရှိတွင်  ရန်ကုန်မြို့ရှိ  ဘုရင့်နောင် ကုန်စည်ဒိုင်၌    ငရုတ်ပွတစ်ပိဿာလျှင် ငွေကျပ်  တစ်သောင်းဝန်းကျင်၊  မိုးမျှော် ငရုတ်တစ်ပိဿာလျှင် ငွေကျပ်  ၃၅ဝဝ၊ မြစ်ဝကျွန်းပေါ် ငရုတ်ရှည်တစ်ပိဿာလျှင် ငွေကျပ် ၄၂ဝဝ ဝန်းကျင်နှင့် အိန္ဒိယနိုင်ငံမှ ငရုတ်ရှည် တစ်ပိဿာလျှင် ငွေကျပ်  ၄၂ဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရပါတယ်။

 

''ဒီအချိန်မှာ ငရုတ်ဈေးမကျဘဲ ပြည်တွင်းမှာ   ဈေးဆက်ပြီး မြင့်တက်နေတာကို   တောင်သူတချို့ကမသိဘူး။  ဒီရက်ပိုင်း  ငရုတ်ဈေး ဆက်တက်မယ့်   သဘောမှာရှိတယ်။  ကျွန်တော်တို့   ရမည်းသင်းနယ်က ထွက်တဲ့ ငရုတ်တွေကို ပျော်ဘွယ်မိုးမျှော်ငရုတ် အဖြစ်   ရန်ကုန်ဈေးကွက်ကို တင်ပို့တယ်''ဟု ရမည်းသင်းမြို့နယ်မှ  ငရုတ်ကုန်သည် ဦးကျော်ဝင်း ကပြောကြားခဲ့ပါတယ်။

 

ယခုအခါ ရန်ကုန်ဈေးကွက်သို့ ပျော်ဘွယ်၊ ကျောက်ဆည်နယ်တို့မှ ငရုတ်များ ဝင်ရောက် လျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှ ငရုတ်များကို အအေးခန်းများဖြင့် သိုလှောင်ကာ ရောင်းချနေကြောင်း သိရပါတယ်။

 

''လက်ရှိ  ငရုတ်ဈေးကွက်က အေးနေတယ်။ အိန္ဒိယနိုင်ငံက လာတဲ့ငရုတ်နဲ့  မြစ်ဝ ကျွန်းပေါ်ဒေသကထွက်တဲ့  ငရုတ်က ဈေးနှုန်း မကွာပါဘူး''ဟု   ဘုရင့်နောင် ကုန်စည်ဒိုင် အောင်ရတနာပွဲရုံမှ   မန်နေဂျာဦးလှမောင် ကပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှထွက်ရှိသည့်  ငရုတ်များသည်  ထိုင်းနိုင်ငံမှတစ်ဆင့်  ပြည်တွင်းသို့ ခြောက်ပိဿာဝင် အိတ်များဖြင့်  ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ၌  ငရုတ်ကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးကြကာ ပြည်ပတင်ပို့မှုထက် ပြည်တွင်းသုံးစွဲမှု မြင့်မားပြီး  အမျိုးအစားပေါ်မူတည်၍  ဈေးနှုန်းရရှိမှု ကွာခြားကြောင်း သိရပါတယ်။

 

ငရုတ်စိုက်ပျိုးရာတွင်   မိုးကြိုငရုတ်၊ မိုးနှောင်းငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ ခွဲခြား စိုက်ပျိုးပြီး မျိုးစေ့ အမျိုးအစားပေါင်း ၂ဝ ခန့်ရှိကြောင်း သိရပါတယ်။

 

ငရုတ်ကုန်စည်သည်    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ပြန် လည်တင်ပို့ကုန် စနစ်ဖြင့် တင်ပို့ခွင့်ပြုထားသည့် ကုန်စည်အမျိုးအစား ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times
Rate this item
(1 Vote)