Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြစ်ဝကျွန်းပေါ် ငရုတ်ရှည်အသစ်ထွက်ချိန် ယမန်နှစ်ထက် ဈေးအမြင့်ဖြင့်ဝင်ရောက်ခဲ့

ရန်ကုန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ် ဒေသထွက် ငရုတ်ရှည်အသစ်များ ဈေးနှုန်းအမြင့်ဖြင့် ဝင်ရောက်လာကြောင်း စိန်ပန်းလမ်းငရုတ်ပွဲရုံမှ သိရသည်။

မတ် ၁၉ ရက် ရန်ကုန်ငရုတ်ဈေးကွက် တွင် အိန္ဒိယငရုတ်အစစ် လက်ကားတစ်ပိဿာ ကျပ် ၄၂၅၀၊ မြန်မာပြည်တွင်းစိုကအိန္ဒိယ ငရုတ်ရှည်တစ်ပိဿာ ကျပ် ၄၁၀ဝ၊ ပန်းတနော် ငရုတ်ရှည်အသစ်တစ်ပိဿာ ကျပ် ၄၀ဝ၀၊ အိမ်မဲငရုတ်ရှည်အသစ်တစ်ပိဿာ ကျပ် ၄၁၀ဝ၊ မြစ်ဝကျွန်းပေါ်ငရုတ်ပွတစ်ပိဿာ ကျပ် ၈၀ဝ၀၊ ၉၀ဝ၀၊ ဆင်ဖြူကျွန်းငရုတ်ပွတစ်ပိဿာ ကျပ် ၇၅၀ဝ၊ ၈၅၀ဝ၊ လေးအိမ်စုမိုးထောင် တစ်ပိဿာ ကျပ် ၄၂၀ဝ နှုန်းအသီးသီးရှိသည်။

 

မြင့်တက်လာ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အိန္ဒိယငရုတ်ရှည်လက်ကားတစ်ပိဿာ ကျပ် ၃၅၀ဝ၊ ကျောက်ရဲငရုတ်ရှည်တစ်ပိဿာ ကျပ် ၂၉၀ဝ၊ ဆင်ဖြူကျွန်းငရုတ်ပွတစ်ပိဿာ ကျပ် ၇၅၀ဝ၊ မြစ်ဝကျွန်းပေါ်မိုးထောင်အတောင့်သေးတစ်ပိဿာ ကျပ် ၃၈၀ဝ၊ အတောင့်ကြီး ကျပ် ၃၅၀ဝ ဈေးနှုန်းအသီးသီးရှိရာမှ တစ်လ အတွင်း ငရုတ်ဈေးနှုန်းမြင့်တက်လာခြင်းဖြစ် သည်။

 

 ကြိုရောင်းကြိုဝယ်

ဝါးခယ်မ၊ ရွှေလောင်း၊ ပန်းတနော်၊ အိမ်မဲ ငရုတ်ရှည်အသစ်များ ဈေးကွက်သို့ စတင် ဝင်ရောက်လာသည်။ ယင်းငရုတ်ရှည်အသစ် များမထွက်ပေါ်မီ ငရုတ်ဈေးကွက်အတွင်း အများအပြားကို ကြိုတင်ဝယ်ဈေးတစ်ပိဿာ လျှင် ကျပ် ၂၈၀ဝ နှုန်းဖြင့် ကြိုရောင်းကြိုဝယ် ရှိခဲ့သည်ဟု အဝယ်တော်တစ်ဦးထံမှ သိရသည်။

 

ယခင်နှစ်ကာလတူဖြစ်သော ၂၀၁၈ ခုနှစ် မတ် ၁၉ ရက်တွင် အိန္ဒိယငရုတ်ရှည် လက် ကားတစ်ပိဿာကျပ် ၄၀ဝ၀၊ ကျောက်ရဲငရုတ် ရှည် တစ်ပိဿာကျပ် ၃၄၀ဝ၊ မိုးထောင်ငရုတ် တစ်ပိဿာကျပ် ၃၄၀ဝ၊ ဆင်ဖြူကျွန်းငရုတ်ပွ တစ်ပိဿာကျပ် ၁၂၀ဝ၀ အသီးသီးရှိခဲ့သည်ဟု ဈေးနှုန်းဟောင်းများအရ သိရသည်။

 

ဈေးကျ

သို့သော် မြစ်ဝကျွန်းပေါ်ငရုတ်ရှည်အသစ် တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ အထိ ၂၀၁၈ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း ဈေးကျခဲ့ သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလလယ်တွင် အအေးခန်းသွင်း ငရုတ်ရှည်တစ်ပိဿာ ကျပ် ၄၅၀ဝ အထိဈေးမြင့်တက်ခဲ့၍ ငရုတ်လှောင် အအေးခန်းသွင်းသူများ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ငရုတ်အအေးခန်းသွင်းအခကြေး ငွေမှာ ငရုတ်တစ်ပိဿာလျှင် တစ်လအတွက် ၇၅ ကျပ်ဝန်းကျင်သာရှိကြောင်း သိရသည်။

 

ဈေးမြင့်ဝယ်ယူနိုင်

၂၀၁၉ ခုနှစ် မြစ်ဝကျွန်းပေါ်ဒေသထွက် ငရုတ်ရှည်အသစ်များသည် ယခင်နှစ်ကာလတူ ထက် ဈေးနှုန်းမြင့်ရရှိလာသည်။ ယခင်နှစ်တွင် မေလဝန်းကျင်ဖြစ်ခဲ့သော ငရုတ်ရှည်အသစ် တစ်ပိဿာ ကျပ် ၂၁၀ဝ နှုန်းသို့ ယခုနှစ် ဈေးနှုန်းမကျနိုင်ဟု ရန်ကုန်ငရုတ်ဈေးကွက် တွင် ခန့်မှန်းပြောဆိုခြင်းများရှိသည်။ သို့ဖြစ်ရာ ယခုနှစ် မြစ်ဝကျွန်းပေါ် ငရုတ်လှောင်မည့်သူ များ ယခင်နှစ်ထက် ငရုတ်ဈေးနှုန်းဈေးမြင့် ဝယ်ယူရနိုင်သည်ဟု ပြောဆိုသည်။

 

Source: MM Time

Read times
Rate this item
(1 Vote)