Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နိုင်ငံလုံး တိရစ္ဆာန်အကောင်ရေ လေးသန်း လျော့ကျ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ကောက်ယူခဲ့သည့် တိရစ္ဆာန်သန်းခေါင်စာရင်းအရ ယခင်ထက် တိရစ္ဆာန်အကောင်ရေ လေးသန်းခန့် လျော့ကျသွားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

 

ယခင်ကောက်ယူထားသည့် စာရင်းများအရ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီ၊ မြင်းကောင်ရေပေါင်း ၁၄ သန်းခန့်ရှိသော်လည်း ယခု ကောက်ယူထားချက်အရ အကောင်ရေ ပေါင်း ၁၀ သန်းခန့်သာရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

 

တိရစ္ဆာန်သန်းခေါင်စာရင်းကောက်ယူခြင်းကို ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ နည်းပညာအကူအညီဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလပထမအပတ်မှစတင်၍ ကျေးရွာပေါင်း ၁၁,၅၇၆ ရွာနှင့် ရပ်ကွက်ပေါင်း ၅၀၈ ရပ်ကွက်တွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။

 

ယခု တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူရာတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ကြက်ဆင်၊ ဘဲငန်း၊ မန် ဒါလီ၊ မြင်း၊ ခွေး စသည့်တိရစ္ဆာန်အမျိုးအစားပေါင်း ၁၁ မျိုးကိုကောက်ယူခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတိရစ္ဆာန်အကောင်ရေ စာရင်းမကောက်ယူမီ ရှေ့ပြေး တိရစ္ဆာန်စာရင်းကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းက သုံးကြိမ်ကောက်ယူထားကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

 

အရင်က တွက်ချက်ထားတာထက်စာရင် တိရစ္ဆာန်တွေ လျော့သွားတယ်။ ဒီနှစ်ကောက်ထားတဲ့ စာရင်းတွေပြန်ပြင်ရမှာနဲ့ ပြန်သုံးသပ်ဖို့အတွက်လည်း FAO အကူအညီနဲ့ ပြည်ပကပညာရှင်တွေ ခေါ်ထားသေးတယ်။ တစ်နိုင်ငံလုံးစာရင်းကို ဒီဇင်ဘာလကုန်ပိုင်းလောက်မှ ထုတ်ပြန်နိုင်မှာပါ” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောဆိုသည်။

 

ယခင်က တိရစ္ဆာန်များကို မွေးဖွားနှုန်းနှင့်သာ တွက်ချက်ကောက်ယူခဲ့သောကြောင့် ယခုကွင်းဆင်းကောက်ယူထားသည့် စာရင်းများနှင့် ကွာဟမှုရှိနိုင်ကြောင်း မွေး/ကုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးမင်းထွန်းက ရှင်းလင်းပြောကြားသည်။

 

လျော့တာတော့ မှန်ပါတယ်။ လျော့ပေမယ့် ပြည်ပပို့နေတဲ့ တိရစ္ဆာန်တွေကြောင့်တော့ မဟုတ်ပါဘူး။ ဒီပို့နေတဲ့ တိရစ္ဆာန်တွေကြောင့် မွေးမြူရေးကဏ္ဍ မထိခိုက်အောင်လည်း လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံတွင် ယခင်ကတိရစ္ဆာန် သန်းခေါင်စာရင်းကို ၁၉၈၃-၈၄ ဘဏ္ဍာနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ မြေစာရင်းဦးစီးဌာနတို့ကတစ်ကြိမ် ကောက်ယူခဲ့ပြီး၊ ၁၉၈၃-၈၄ ဘဏ္ဍာ နှစ်မှ ၁၉၉၃-၉၄ ဘဏ္ဍာနှစ်အထိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က ကောက်ယူခဲ့ကြောင်း၊ ၁၉၉၃-၉၄ ဘဏ္ဍာနှစ်တွင် မြို့နယ်၊ ကျေးရွာအုပ်စုအလိုက် တစ်အိမ်ချင်းကောက်ယူသည့်စနစ်ဖြင့် ကောက်ယူခဲ့ပြီး ဗဟိုစာရင်းကို ၁၉၉၄ ခုနှစ် အောက် တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

 

Source: Voice

Read times
Rate this item
(2 votes)