Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
ဂေါ်ဖီထုပ်များ အရောင်းသွက်
Unicode
ဂေါ်ဖီထုပ်များ အရောင်းသွက်
ချင်းပြည်နယ်မြောက်ပိုင်း  တီးတိန်- ကလေး၊ ဖလမ်း-ကလေး ကားလမ်းဝဲယာ တစ်လျှောက် ကျေးရွာများတွင် ဂေါ်ဖီထုပ်များကို   ကလေးမြို့စျေးကွက်မှ တစ်ဆင့် မြန်မာ-အိန္ဒိယနယ်စပ် တမူးစျေးမှ ဝယ်ယူမှုများနေသည့်အတွက် အရောင်းအဝယ်သွက်ကာ  ဂေါ်ဖီထုပ်စိုက် တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေနေကြကြောင်း သိရပါတယ်။
''ကလေးစျေးကွက်နဲ့ မြန်မာ-အိန္ဒိယ နယ်စပ် တမူးစျေးကွက်ရောက် ဂေါ်ဖီထုပ် အများစုမှာ ချင်းပြည်နယ် တီးတိန်မြို့နယ် ဗန်းတဲ့ကျေးရွာနဲ့ဖလမ်းမြို့နယ်တို့မှာ အများဆုံး စိုက်ပျိုးထွက်ရှိပါတယ်။ အချို့ ဂေါ်ဖီထုပ် ရောင်းဝယ်သူတွေက ချင်းတောင်ပေါ်အရောက် လာရောက် ဝယ်ယူမှုများ ရှိနေပြီး ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်၊ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့တွေအထိ တင်ပို့ရောင်းချမှုများ ရှိပါတယ်။ အခုရက်ပိုင်းမှာ ဂေါ်ဖီထုပ်တစ်ပိဿာကို ငွေကျပ် ၅ဝဝ ဝန်းကျင်ရှိပါတယ်'' ဟု ဗန်းတဲ့ကျေးရွာ ဂေါ်ဖီစိုက်တောင်သူ ဦးငင်းဒါးလ်က ပြောကြားခဲ့ပါတယ်။
Fresh Milk နွားနို့လုပ်ငန်းပေါင်း ၂၃ ခုကိုရှာရန်နှိပ်ပါ။
ချင်းတောင်ထွက် ဂေါ်ဖီထုပ်မှာ မိုးရာသီကာလတွင် လည်းကောင်း၊ ဆောင်းအကုန် နွေအကူးရာသီတွင် လည်းကောင်း၊ တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးထွက်ရှိပြီး ထွက်ရှိသမျှ ဂေါ်ဖီထုပ်ကို ကလေးမြို့ တာဟန်းရပ်ကွက်၌ သီးနှံစျေးကွက် သို့ တင်ပို့ရောင်းချသည့် အပြင် ကလေးစျေးကွက်မှ တစ်ဆင့် ဂန့်ဂေါ၊ ပခုက္ကူမြို့တို့သို့ လည်းကောင်း၊ ချင်းတွင်း အထက်ပိုင်းသို့ လည်းကောင်း၊ တမူးနယ်စပ်စျေးသို့လည်းကောင်း  တင်ပို့ရောင်းချကြကြောင်း သိရပါတယ်။
Read More >>>>>  ဘင်္ဂလားဒေ့ရှ်က ဝယ်ယူခြင်းကြောင့် ကြက်သွန်နီဈေး နှစ်ဆကျော်တက်
Source: Myawady
ချင်းပြည်နယ်မြောက်ပိုင်း  တီးတိန်- ကလေး၊ ဖလမ်း-ကလေး ကားလမ်းဝဲယာ တစ်လျှောက် ကျေးရွာများတွင် ဂေါ်ဖီထုပ်များကို   ကလေးမြို့ဈေးကွက်မှ တစ်ဆင့် မြန်မာ-အိန္ဒိယနယ်စပ် တမူးဈေးမှ ဝယ်ယူမှုများနေသည့်အတွက် အရောင်းအဝယ်သွက်ကာ  ဂေါ်ဖီထုပ်စိုက် တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေနေကြကြောင်း သိရပါတယ်။
Fresh Milk နွားနို့လုပ်ငန်းပေါင်း ၂၃ ခုကိုရှာရန်နှိပ်ပါ။
ချင်းတောင်ထွက် ဂေါ်ဖီထုပ်မှာ မိုးရာသီကာလတွင် လည်းကောင်း၊ ဆောင်းအကုန် နွေအကူးရာသီတွင် လည်းကောင်း၊ တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးထွက်ရှိပြီး ထွက်ရှိသမျှ ဂေါ်ဖီထုပ်ကို ကလေးမြို့ တာဟန်းရပ်ကွက်၌ သီးနှံဈေးကွက် သို့ တင်ပို့ရောင်းချသည့် အပြင် ကလေးဈေးကွက်မှ တစ်ဆင့် ဂန့်ဂေါ၊ ပခုက္ကူမြို့တို့သို့ လည်းကောင်း၊ ချင်းတွင်း အထက်ပိုင်းသို့ လည်းကောင်း၊ တမူးနယ်စပ်ဈေးသို့လည်းကောင်း  တင်ပို့ရောင်းချကြကြောင်း သိရပါတယ်။
Read More >>>>>  ဘင်္ဂလားဒေ့ရှ်က ဝယ်ယူခြင်းကြောင့် ကြက်သွန်နီဈေး နှစ်ဆကျော်တက်
Source: Myawady
Read times Last modified on Monday, 17 February 2020 15:10
Rate this item
(0 votes)