Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီအသစ် ထွက်ရှိချိန်ဖြစ်၍ ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီ အဟောင်း အဝင်များကာ ဈေးနှုန်း ကျဆင်း

ကြက်သွန်နီထွက်ရှိချိန် နီးကပ်လာပြီဖြစ်၍ ရန်ကုန်ဈေးကွက်အတွင်းသို့  ကြက်သွန် အဝင်များကာ ဈေးနှုန်း

ကျဆင်းလာကြောင်း မြန်မာနိုင်ငံ စားဖိုဆောင်သီးနှံများ စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်ထံမှ သိရသည်။

 

ဒီဇင်ဘာလတွင်  ကြက်သွန်နီအသစ် လှိုင်လှိုင်ပေါ်မည် ဖြစ်သည့်အပြင် အဟောင်း သိုလှောင်ထားသူများကလည်း ထုတ်ရောင်းနေသောကြောင့် ဈေးကွက်အတွင်း အဝင် များကာ  ဈေးနှုန်း ကျဆင်းလာရခြင်းဖြစ် ကြောင်း သိရသည်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်နီကားအစီးရေ ၄၄ စီးဝင်ရောက် ခဲ့ပြီး ထိပ်စတစ်ပိဿာလျှင် ငွေကျပ် ၁၁၅ဝ မှ အောက်စ  တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ အထိ ဈေးနှုန်းရှိကာ  ငွေကျပ် ၅ဝ ခန့်ဈေးနှုန်း ကျဆင်းခဲ့သည်။

 

''ဒီဇင်ဘာလလောက်ဆိုရင်တော့ ကြက်သွန်နီ လှိုင်လှိုင်ပေါ်ပါပြီ။ လက်ရှိမှာ ဈေးကွက် အေးနေတယ်။ဈေးကတော့ တောင်သူ လက်ကျန်ပေါ် မူတည်ပါတယ်''ဟု အောင် ရတနာပွဲရုံမန်နေဂျာ ဦးလှမောင် ကပြောသည်။

 

လက်ရှိတွင် ရန်ကုန်ဈေးကွက်အတွင်းသို့ ဆိပ်ဖြူ၊တောင်သာ၊ ပခုက္ကူ၊ပျော်ဘွယ်၊ မိတ္ထီလာ၊ မင်းဘူးစသည့် မန္တလေးနှင့် မကွေး တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်   ကြက်သွန်နီများ ဝင်ရောက်လျက်ရှိသည်။

 

မိုးကြက်သွန်များကို ဇူလိုင်နှင့် သြဂုတ်လတို့တွင် စိုက်ပျိုးလေ့ရှိပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလေ့ ရှိသည်။ ဆောင်းကြက်သွန်နီများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့်  မတ်လ တို့တွင် ထွက်ရှိလေ့ရှိသော်လည်း ယခုနှစ်တွင် အထွက်နောက်ကျသည့်အတွက် ဧပြီ လလောက်မှသာ ထွက်ရှိနိုင်ခဲ့ကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(1 Vote)