Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုကာကိုလာက မြန်မာတွင် ငါးနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံခဲ့ဟုဆို

အမေရိကန်အခြေစိုက် စားသောက်ကုန် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ကိုကာကိုလာ သည် ငါးနှစ်အတွင်း မြန်မာနိုင်ငံ တွင်

ကန်ဒေါ်လာ သန်း ၂၀၀ ရင်း နှီးမြှုပ်နှံခဲ့သည်ဟု သတင်းထုတ် ပြန်သည်။


ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ တွင် စတင် ရောက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အား လုံးအနက် Hot Fill ထုတ်လုပ်ရေး စက်ရုံအတွက် ကန်ဒေါ်လာ ၂၅ သန်း အသုံးပြုခဲ့သည်ဟု ကုမ္ပဏီ က ကြေညာသည်။

 

ကိုကာကိုလာ၏ ငွေကြေး ဆိုင်ရာ ထုတ်ပြန်ချက်များတွင် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကန်ဒေါ်လာ တစ် သန်းအသုံးပြုပြီး လူမှုအကျိုးပြု လုပ်ငန်းအဖြစ် Pact Myanmar သို့ ကန်ဒေါ်လာ ခြောက်သန်း ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

 

ကိုကာကိုလာသည် ၎င်း၏ ပုလင်းသွတ်စက်ရုံကို မှော်ဘီမြို့ တွင် အခြေစိုက် တည်ဆောက် ထားသည်။ အဆိုပါ ကုမ္ပဏီသည် နိုင်ငံ ၂၀၀ ကျော်တွင် အမှတ် တံဆိပ် ၅၀၀ ကျော် ထုတ်လုပ် ရောင်းချနေပြီး ဝန်ထမ်းအင်အား ခုနစ်သိန်းကျော် ခန့်အပ်ထား သည်။


Source: 7 days new

Read times
Rate this item
(1 Vote)