Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပြည်ပသို့ ဖရဲ သခွားမွှေး တန်ချိန်ရှစ်သိန်းကျော် တင်ပို့နိုင်

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပြည်ပသို့ ဖရဲ၊သခွားမွှေး တန်ချိန် ရှစ်သိန်းကျော် တင်ပို့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကထက်

ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း  မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

ယင်းကဲ့သို့တင်ပို့ရာတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဖရဲ၊ သခွားရာသီအတွင်း  တန်ချိန် ၆၆ဝဝဝဝ ကျော်တင်ပို့ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၌ ဖရဲ၊ သခွားရာသီအတွင်း တန်ချိန် ရှစ်သိန်းကျော် ပိုမိုတင်ပို့နိုင်သဖြင့်  အမေရိကန်ဒေါ်လာ ၇၇  ဒသမ ၄၆ သန်းရရှိခဲ့ကြောင်း သိရပါတယ်။

 

မြန်မာ့ဖရဲကို တရုတ်၊ ဟောင်ကောင်နှင့် မလေးရှားနိုင်ငံတို့သို့ အဓိက တင်ပို့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းအပြင်  ယခင်နှစ်က   တရုတ်နိုင်ငံသို့ မြန်မာ့ဖရဲအမျိုးအစား ၂၁၁ ကို ကားတစ်စီး စမ်းသပ်တင်ပို့ခဲ့ရာ ကြိုက်နှစ်သက်ကြသည့် အတွက်  ယခုနှစ်အတွင်း  အမှာစာ ထပ်မံရရှိထားကြောင်း သိရပါတယ်။

 

''တရုတ်နိုင်ငံကနေ   မြန်မာ့ဖရဲ အမျိုးအစား ၂၁၁ ကို ဝယ်ယူဖို့ ကမ်းလှမ်းထား တယ်။ မလေးရှားနဲ့ ဟောင်ကောင်ကိုလည်း စက်တင်ဘာလမှာ တင်ပို့ဖို့ရှိပါတယ်'' ဟု  မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

ဖရဲ၊ သခွားသည် ဈေးကွက်ဝယ်လိုအား ပေါ်အခြေခံ၍  စိုက်ပျိုးရမည့် သီးနှံဖြစ်သည့် အတွက်  ဈေးကွက်ရရှိမှုပေါ်မူတည်၍ စိုက်ပျိုးသင့်ကြောင်း၊ ယမန်နှစ်က သီးနှံ ပေါများစွာ ထွက်ရှိချိန်တွင်  အရည်အသွေး  ကျဆင်းသည့် သီးနှံများ အပါအဝင် ဝယ်လိုအား နည်းပါးသည့်အချိန်တွင်  ထွက်ရှိသည့်သီးနှံများကြောင့် တောင်သူတချို့ အရှုံးပေါ်မှုများလည်း ရှိခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံတွင်    ဖရဲနှင့်  သခွားမွှေးကို  စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦး၊ မြောင်၊ အရာတော်၊ မြင်းမူ၊ မန္တလေးတိုင်းဒေသကြီး သဲတော၊ ဝမ်းတွင်း၊  မိတ္ထီလာ၊  သာစည်၊ တပ်ကုန်း၊ ရှမ်းပြည်နယ်မှ လားရှိုး၊ သီပေါ၊ မိုင်းရယ်မြို့နယ်တို့၌  အဓိကစိုက်ပျိုးကြကာ တစ်နိုင်ငံလုံး၌  ပျမ်းမျှစိုက်ဧက တစ်သိန်းဝန်းကျင် ရှိကြောင်း သိရပါတယ်။

Read More >>>> ကုန်စိမ်းဈေးနှုန်းများ မြင့်တက်ပြီး သီးနှံဈေးနှုန်းများ ကျဆင်း

 

ှSource: Myawady

Read times Last modified on Tuesday, 18 September 2018 11:46
Rate this item
(7 votes)