Food & Livestock
ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ၃၄၆ သန်းကျော်ရရှိ
မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာ ပြီးခဲ့သည့် ခြောက်လအတွင်း
အမေရိကန်ဒေါ်လာ ၃၄၆ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်-ချင်းရွှေဟော်နယ်စပ်ထွက်ပေါက်၊ တမူးနယ်စပ်ဂိတ်၊ မြဝတီ၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်းတို့မှ အဓိကတင်ပို့လျက်ရှိသည်။
ရေထွက်ကုန်ပစ္စည်းမျာကို ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ထွက်ပေါက်တို့မှ တင်ပို့လျက်ရှိရာ ငါးရှဉ့်နှင့် ကဏန်းအရှင်တင်ပို့မှုကို လေကြောင်းမှတင်ပို့ပြီး မူဆယ်ဂိတ်ဘက်မှလည်း ပုစွန်အရှင်တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့ရာတွင် ထိုင်းနှင့် တရုတ်နိုင်ငံကို အဓိကထား၍ အများဆုံးတင်ပို့နေကြောင်းသိရသည်။
Source: MDN
Myanmar food Industry Guide



