Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ချင်းတောင်ထောပတ်သီးစိုက်ပျိုးသူများ ဈေးကောင်းရ၍ အကျိုးအမြတ်ရရှိ

ချင်းပြည်နယ်ဒေသထွက် ချင်းတောင်ထောပတ်သီးများကို ယခုနှစ်တွင် ၀ယ်ယူမှုများပြားပြီး ဈေးကောင်းရရှိခြင်းကြောင့်

စိုက်ပျိုးသူများ အကျိုးအမြတ်များစွာ ရရှိကြောင်း ချင်းတောင်ထောပတ်သီး စိုက်ပျိုးရောင်းချသူများထံမှ သိရပါတယ်။

 

ချင်းပြည်နယ်ထွက် ထောပတ်သီးများတွင် မျိုးကွဲငါးမျိုးရှိကြောင်း၊ ချင်းတောင်ထောပတ်သီးများကို ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် မူဆယ်မြို့တို့မှ ဈေးပြိုင်ပေး၍ ၀ယ်ယူခြင်းကြောင့် ဈေးကောင်းရရှိကာ ထောပတ်သီး၏ အလုံးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၂၀၀ကျပ်မှ ၇၀၀ ကျပ်အထိ ဈေးနှုန်းရှိရာ ယခင်နှစ်က တစ်လုံးလျှင် ၁၀၀ ကျပ် မှ ၃၀၀ ကျပ်အထိသာ ဈေးရရှိကြောင်း သိရပါတယ်။

 

ချင်းတောင်ထောပတ်သီးကို ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် အဓိကထားစိုက်ပျိုးကြပြီး စတင်စိုက်ပျိုးချိန်မှစ၍ သုံးနှစ်အတွင်း အသီးသီးသောကြောင့် တစ်ဧကစိုက်ပါက ၂ ဒသမ ၅ တန်ထွက်ရှိကြောင်း ထောပတ်သီးကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးသူဈေးကွက်နှင့် တရုတ်နယ်စပ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကြောင်း မြန်မာ-ထိုင်းနယ်စပ်မှ ပြည်တွင်းတွင်ထွက်ရှိသည့် ထောပတ်သီးများကို တစ်ရက်လျှင် ၁၀ တန် ၀န်းကျင် ၀ယ်ယူရပြီး ယခုရက်ပိုင်း ထောပတ်သီးတစ်တန်လျှင် ငွေကျပ် ၁၀ သိန်းကျော် ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

အရည်အသွေးမြင့် တန်ဖိုးမြှင့် သစ်သီးဝလံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသည့်အဆင့် ထုတ်လုပ်သည့်အဆင့်နှင့် ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေချိတ်ဆက်သည့် အဆင့်များအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 14:06
Rate this item
(1 Vote)