Food & Livestock



မြေပဲအထွက်နှုန်းကောင်းပြီး ဈေးကောင်းရ

ယခုနှစ်တွင်   မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌    မြေပဲအထွက်နှုန်းကောင်းပြီး  ဈေးကောင်းရသည့်အတွက်    တောင်သူများ အဆင်ပြေကြောင်း တောင်ဇင်းကျေးရွာမှ  တောင်သူများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

''ပြီးခဲ့တဲ့နှစ်က   မိုးခေါင်တဲ့အတွက် မြေပဲအထွက်နည်းတယ်။    အဲဒီတော့ ပဲဆီဈေးတွေမြင့်လာတယ်။  

 

မြေပဲဆီ တစ်ပိဿာကို ငွေကျပ် ၉၅ဝဝ ကနေ ၁ဝဝဝဝ လောက်အထိဖြစ်သွားတယ်။ ဒီဈေးနှုန်းဆိုရင်  စားသုံးသူတွေအနေနဲ့ ဝယ်ယူမှု နည်းသွားတဲ့အတွက် အရောင်းကျသွားတယ်။  ဒီနှစ်မှာတော့  မိုးလည်းရလိုက်ပြီး အထွက်နှုန်းလည်း ကောင်းတဲ့အတွက် အဆင်ပြေတယ်''ဟု  တောင်သူဦးအောင်ကျော်နိုင်က ပြောကြားခဲ့ပါတယ်။

 

ညောင်ဦးမြို့နယ်၌   မြေပဲစိုက်ပျိုးပြီး  ဆီကြိတ်ခြင်းလုပ်ငန်းများကို   တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြပြီး   ကိုယ်ပိုင်ဆီကြိတ်စက်မရှိသည့် တောင်သူများအဖို့ ဆီကြိတ်စက်တွင် အခပေး၍ ဆီကြိတ်ကာ ရောင်းချခဲ့ကြ ကြောင်း သိရပါတယ်။

 

Read More >>>>>   မုန့်ဟင်းခါးပြိုင်ချက်ကြမလား

 

ယခင်က ဆီဆုံကို နွားဖြင့်လှည့်ကာ ဆီကြိတ်ကြပြီး ပဲအခွံခွာခြင်းကို  လူဖြင့်လုပ်ကိုင်ခဲ့ပြီး   ယခုနောက်ပိုင်းတွင် ဆီကြိတ်စက်များ ပေါ်လာသည့်အတွက် ဆုံတွင်မော်တာတပ်၍ စက်ဖြင့် ဆီကြိတ်ကြပါတယ်။

 

ဆီကြိတ်ရန် လုပ်သားနှစ်ဦးသာ လိုအပ်သည့်အတွက် အဆင်ပြေကြောင်း သိရပါတယ်။

 

အစားအသောက်နဲ့ပတ်သက်တဲ့ catagories ကိုရှာချင်ရင် ဒီနေရာကိုနှိပ်ပါ။

 

လက်ရှိတွင် မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၈၅ဝဝ  ရှိပြီး  နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Saturday, 07 December 2019 11:11
Rate this item
(0 votes)