Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အစိုးရ၏ အချိန်ကြာ အစစ်အဆေးများကြောင့် သစ်သီးကုန်သည်များ ဆုံးရှုံးမှုများကြုံတွေ့

တရုတ်အစိုးရက လုံခြုံ ရေးအကြောင်းပြချက်ဖြင့် စစ် ဆေးချိန်ကြာမြင့်မှုသည် မြန်မာ နိုင်ငံ သစ်သီးကုန်သည်များအ တွက် ဆုံးရှုံးမှုများကြုံတွေ့ရသည် ဟု မူဆယ်မြို့နေသစ်သီးကုန် သည် ဦးစိုင်းမြင့်ဗိုလ်က ပြော ကြားသည်။

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ၁၀ မိုင်ခန့်ကွာဝေးသော တရုတ်နိုင်ငံတွင်း သစ်သီးဖလှယ် မည့်နေရာသို့ နှစ်ရက်မှ သုံးရက် ကြာမြင့်သည်အထိ စောင့်ဆိုင်း သွားရခြင်းက အသီးအရည်အ သွေးထိခိုက်ပြီး ဈေးနှုန်းလည်း လျော့နည်းသည်ဟု ၎င်းကပြော သည်။

 

‘‘လုံခြုံရေးအရ စစ်ဆေးမှု များတင်းကျပ်လာတာရယ်၊ တ ရုတ်နိုင်ငံထဲအ၀င်ခွင့်ပြုထားတဲ့ ၀န်ထမ်းအင်အားနည်းတာရယ် ကြောင့် ကုန်သည်တွေအခက်အ ခဲကြုံနေရတာပါ’’ ဟု ဦးစိုင်းမြင့် ဗိုလ်က ပြောသည်။

 

တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးဖြင့် နေ့စဉ်ကုန်တင် ယာဉ်အစီး ၄၀၀ မှ ၅၀၀ အကြား သစ်သီးတင်ပို့မှုက မြန်မာ-တ ရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးတွင်အရေးကြီးသည့်အခန်း ကဏ္ဍတွင် ရှိနေသည်။

 

လက်ရှိစစ်ဆေးမှုများကြာ မြင့်နေခြင်းကြောင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ဖရဲ၊ သခွားစသည့်သစ်သီးများ တစ် တန်လျှင် ယွမ် ၂၀၀ (ကျပ် ၅၀,၀၀၀)ခန့်မှ ယွမ် ၅၀၀ (ကျပ် ၁၁၃,၀၀၀)ခန့်အထိ ဈေးလျော့ ကျနေသည်။

 

မူဆယ်နယ်စပ်တွင် ဖရဲတစ်တန်ဈေးနှုန်းသည် တစ် တန်လျှင် ယွမ် ၁,၅၀၀ (ကျပ် ၄၀၀,၀၀၀) ခန့် ဈေးရှိကြောင်း  မူဆယ်မြို့ရှိ ကုန်သည်အချို့က ပြောသည်။

 

ယခုနှစ်တွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း တွင် ရာသီဥတုဖောက်ပြန်ပြီး မိုး များခြင်းကြောင့် ဖရဲအထွက် လျော့နည်းပြီး အရည်အသွေးထိ ခိုက်မှုများရှိသည်ဟု မူဆယ်မြို့ရှိ သစ်သီးကုန်သည်အချို့က ပြော သည်။

 

တရုတ်အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံ မှ ၀င်ရောက်မည့်လူနှင့် ယာဉ်များ ကို တင်းကျပ်စွာစိစစ်မည်ဟုဒီဇင် ဘာ ၂၀ ရက်တွင် ရွှေလီအစိုးရ ပြည်ပရေးရာဌာနက စာပေးပို့ ထားကြောင်း မူဆယ်၊ နမ့်ခမ်း နယ်စပ်ကုန်သည်အသင်း တွဲဖက် အထွေထွေအတွင်းရေးမှူးဦးဝင်း အောင်ခန့်က ပြောသည်။

 

စိစစ်မှုမတင်းကျပ်မီကပင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ သို့ ယာဉ်ဖြင့် ဖြတ်သန်းပါက တ ရုတ်နယ်စပ်စစ်ဆေးရေးဂိတ်တွင် အနည်းဆုံးအချိန် နှစ်နာရီခန့် ကြာမြင့်ကြောင်း ၎င်းကဆိုသည်။

 

Source: 7 days new

Read times
Rate this item
(2 votes)