Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေလုပ်ငန်းလုပ်ကိုင်သူများ ငါးရရှိမှုနည်းပါးလာ

ရေလုပ်ငန်းလုပ်ကိုင်သူများ ငါးရရှိမှုနည်းပါးလာ google.com

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်

ဧရာဝတီမြစ်အတွင်း တရားမ၀င်ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်းတို့ကြောင့် ငါးသယံဇာတရှားပါးလာကာ ငါးရရှိမှုနည်းပါးလာကြောင်း သိရပါတယ်။

 

ယခုအခါ မြစ်အတွင်းတွင် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းနှင့် အဆိပ်ချငါးဖမ်းခြင်းတို့ကြောင့် ငါးမျိုးစိတ်များ ပြုန်းတီးလာကြောင်း၊ ယခင်က တစ်နေ့လုံး ငါးဖမ်းပါက လေးပိဿာမှ ငါးပိဿာရရှိပြီး ယခုအခါ ငါးဆယ်ကျပ်သားမ ကိုးဆယ်ကျပ်သားခန့်သာရရှိသည့်အတွက် ၀င်ငွေရရှိမှုနည်းပါးလာကာ မိသားစုများ၏ ဘ၀ ရပ်တည်ရန် ခက်ခဲလာကြောင်း ပခုက္ကူမြို့နယ် သဖန်းပင်ကျေးရွာရှိ ရေလုပ်သားများထံမှ သိရပါတယ်။

 

ဘက်ထရီရှော့တိုက်ငါးဖမ်းသူများသည် စက်တပ်လှေများဖြင့်အုပ်စုဖွဲ့၍ ဘ၀တူရေလုပ်သားများအပေါ်တွင် အနိုင်ကျင့် ငါးဖမ်းမှုများလည်းရှိနေတဲ့အတွက်ကြောင့် သာမန်ရေလုပ်သားများ နေ့ညငါးဖမ်းရန်မလွယ်ကူသည့် အခြေအနေသို့ ရောက်နေကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:14
Rate this item
(0 votes)