Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသားနှင့် လယ်ယာထွက်ကုန်အချို့ မြန်မာသို့ တင်သွင်းရန် အမေရိကန် လာရောက်ဆွေးနွေး


အသားနှင့် လယ်ယာထွက်ကုန်အချို့ မြန်မာသို့ တင်သွင်းရန် အမေရိကန် လာရောက်ဆွေးနွေး


တရုတ်နှင့် ကုန်သွယ်ရေးတင်းမာနေသည့် အမေရိကန်နိုင်ငံက ဝက်သား၊ လယ်ယာထွက်ကုန်နှင့် ယမကာတို့ကို မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးစားနေသည်။


မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လာ ရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ရေး၊ရင်းနှီးမြှုပ်နှံရေး ဆောင်ရွက်မည့် အခြေအနေနှင့် ကုန်သွယ်ရေးတိုး မြှင့်နိုင်မည့် အခြေအနေများ ဆွေး နွေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

 

‘‘မြန်မာနိုင်ငံ အနေနဲ့တော့ မွေးမြူရေး အစားအစာ တင်သွင်းလိုတယ်လို့ တင်ပြဆွေးနွေးခဲ့ပါ တယ်’’ဟု ၎င်းက ပြောသည်။

 

Read More >>>>>   ရန္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီေစ်းျမင့္တက္လာ

 

 

မြန်မာ၊ အမေရိကန် နှစ် နိုင်ငံကုန်သွယ်မှု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ တစ်ဘီလီယံခန့် ကုန်သွယ်ခဲ့သည်။ မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၆၅၀ ကျော်ရှိပြီး သွင်းကုန်တန်ဖိုး ဒေါ်လာသန်း ၃၀၀ ကျော်ရှိသည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၈၁ ဒသမ ၈ ဘီလီယံကျော်တွင် အမေရိကန်နိုင်ငံမှ တိုက်ရိုက်လာ ရောက် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏသန်း ၅၃၀ ကျော်သာ ရှိသည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ  ၅၀ တွင် အမေရိကန်က အဆင့်(၁၃) တွင် ရှိနေသည်။

 

မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်သည့် စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်နိုင်ရန် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)က ဒေါ်လာ ၁၆၅ သန်းတန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန် သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အမေရိကန် ကုမ္ပဏီများက အလိုက်သင့်တုံ့ ပြန်နေပြီး နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကို နည်းပညာ အကူအညီမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုက အားပေးကူညီနေသည်ဟု ဖော်ပြထားသည်။USAID အစီအစဉ်သည် ဒေသတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အားလုံးအကျုံးဝင်သည့် စီးပွားရေးဖွံ့ဖြိုးမှုကို အမေရိကန် ပြည်ထောင်စုက ဆက်လက်အားပေး ကူညီနေသည့် နည်းလမ်းဖြစ် ကြောင်း ဖော်ပြသည်။

 

Source: 7 day news

 

 

အသားႏွင့္ လယ္ယာထြက္ကုန္အခ်ိဳ႕ ျမန္မာသို႔ တင္သြင္းရန္ အေမရိကန္ လာေရာက္ေဆြးေႏြး

 

တ႐ုတ္ႏွင့္ ကုန္သြယ္ေရးတင္းမာေနသည့္ အေမရိကန္နိုင္ငံက ဝက္သား၊ လယ္ယာထြက္ကုန္ႏွင့္ ယမကာတို႔ကို ျမန္မာနိုင္ငံသို႔ တင္သြင္းရန္ ႀကိဳးစားေနသည္။


ျမန္မာနိုင္ငံဆိုင္ရာ အေမရိ ကန္နိုင္ငံ သံအမတ္ႀကီး မစၥတာ စေကာ့မာစီရယ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕က နိုဝင္ဘာ ၁၉ ရက္တြင္ စီးပြားေရးႏွင့္ ကူး သန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ လာ ေရာက္ေတြ႕ဆုံ ေဆြးေႏြးခဲ့သည္။

 

ျမန္မာနိုင္ငံတြင္ အေမရိကန္စီးပြားေရးလုပ္ငန္းမ်ား တိုးျမႇင့္ေရး၊ရင္းႏွီးျမႇုပ္ႏွံေရး ေဆာင္ရြက္မည့္ အေျခအေနႏွင့္ ကုန္သြယ္ေရးတိုး ျမႇင့္နိုင္မည့္ အေျခအေနမ်ား ေဆြး ေႏြးေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာသည္။

 

‘‘ျမန္မာနိုင္ငံ အေနနဲ႔ေတာ့ ေမြးျမဴေရး အစားအစာ တင္သြင္းလိုတယ္လို႔ တင္ျပေဆြးေႏြးခဲ့ပါ တယ္’’ဟု ၎က ေျပာသည္။

 

Read More >>>>>   ရန္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီေစ်းျမင့္တက္လာ

 

ျမန္မာ၊ အေမရိကန္ ႏွစ္ နိုင္ငံကုန္သြယ္မႈ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ တစ္ဘီလီယံခန႔္ ကုန္သြယ္ခဲ့သည္။ ျမန္မာနိုင္ငံမွ ပို႔ကုန္တန္ဖိုး ေဒၚလာသန္း ၆၅၀ ေက်ာ္ရွိၿပီး သြင္းကုန္တန္ဖိုး ေဒၚလာသန္း ၃၀၀ ေက်ာ္ရွိသည္။

 

ျမန္မာနိုင္ငံ၏ နိုင္ငံျခားရင္း ႏွီးျမႇုပ္ႏွံမႈ စုစုေပါင္း ကန္ေဒၚလာ ၈၁ ဒသမ ၈ ဘီလီယံေက်ာ္တြင္ အေမရိကန္နိုင္ငံမွ တိုက္ရိုက္လာ ေရာက္ ရင္းႏွီးျမႇုပ္ႏွံထားသည့္ ပမာဏသန္း ၅၃၀ ေက်ာ္သာ ရွိသည္။ ျမန္မာနိုုင္ငံ၌ ရင္းႏွီးျမႇုပ္ႏွံထားသည့္ နိုင္ငံ  ၅၀ တြင္ အေမရိကန္က အဆင့္(၁၃) တြင္ ရွိေနသည္။

 

ျမန္မာနိုင္ငံအတြင္း အားလုံးပါဝင္နိုင္သည့္ စီးပြားေရးဖြံ့ၿဖိဳးမႈ ျမႇင့္တင္နိုင္ရန္ အေမရိကန္ နိုင္ငံတကာဖြံ့ၿဖိဳးေရး ေအဂ်င္စီ (USAID)က ေဒၚလာ ၁၆၅ သန္းတန္ အစီအစဥ္ရွိေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက နိုဝင္ဘာ ၅ ရက္တြင္ ထုတ္ျပန္ သည္။

 

ျမန္မာနိုင္ငံ၏ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈကို အေမရိကန္ ကုမၸဏီမ်ားက အလိုက္သင့္တုံ႔ ျပန္ေနၿပီး နိုင္ငံအတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ားကို နည္းပညာ အကူအညီမွတစ္ဆင့္ အေမရိကန္ ျပည္ေထာင္စုက အားေပးကူညီေနသည္ဟု ေဖာ္ျပထားသည္။USAID အစီအစဥ္သည္ ေဒသတြင္း တာဝန္ယူမႈ၊ တာဝန္ခံမႈရွိၿပီး အားလုံးအက်ဳံးဝင္သည့္ စီးပြားေရးဖြံ့ၿဖိဳးမႈကို အေမရိကန္ ျပည္ေထာင္စုက ဆက္လက္အားေပး ကူညီေနသည့္ နည္းလမ္းျဖစ္ ေၾကာင္း ေဖာ္ျပသည္။

 

Source: 7 day news

Read times Last modified on Thursday, 06 February 2020 15:07
Rate this item
(0 votes)