Food & Livestock



၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန် ၁ သန်းကျော်တင်ပို့ထား

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ ဆန်နှင့်ဆန်ကွဲ ၁,၆၃၉,၄၉၂ ဒသမ

၇၆၆ တန် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌက ပြောပြ၍ သိရသည်။

 

ထိုသို့ တင်ပို့ရာ၌ ပြည်ပနိုင်ငံများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလတွင် ဆန်နှင့်ဆန်ကွဲ ၂၅၀,၉၄၆ ဒသမ ၈၆၆ တန်၊ မေလတွင် ဆန်နှင့်ဆန်ကွဲ ၁၅၃,၅၀၆ ဒသမ ၅ တန်၊ ဇွန်လတွင် ဆန်နှင့်ဆန်ကွဲ ၁၄၆,၀၉၄ တန်၊ ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၈၂,၅၉၀ တန်၊ ဩဂုတ်လတွင် ဆန်နှင့်ဆန်ကွဲ ၁၅၆,၈၉၃ တန်၊ စက်တင်ဘာလတွင် ဆန်နှင့်ဆန်ကွဲ ၉၃,၇၉၁ ဒသမ ၇တန်၊အောက်တိုဘာလတွင် ဆန်နှင့်ဆန်ကွဲ ၁၆၃,၁၈၈ ဒသမ ၇တန်၊ နိုဝင်ဘာလတွင် ဆန်နှင့်ဆန်ကွဲ ၂၆၄,၀၃၇တန်၊ ဒီဇင်ဘာလတွင် ၂၂၈,၄၄၅ တန် စုစုပေါင်းဆန်နှင့် ဆန်ကွဲ ၁,၆၃၉,၄၉၂ ဒသမ ၇၆၆ တန် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ ကာလအတွင်း ဆန်နဲ့ဆန်ကွဲ ၁,၆၃၉,၄၉၂ ဒသမ ၇၆၆ တန် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်ရေကြောင်းကုန်သွယ်ရေးကနေ ဆန်နဲ့ဆန်ကွဲကို အများဆုံး တင်ပို့ထားတာဖြစ်ပါတယ်။ ရည်မှန်းတာကတော့ ဒီဘဏ္ဍာနှစ်မှ တန်ချိန် နှစ်သန်းကျော်တင်ပို့နိုင်မယ်လို့ ရည်မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ က ပြောပြသည်။

 

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် တန်ချိန် ၁၇၄,၉၆၀ နှင့် နယ်စပ်ကုန်သွယ်ရေးဖြင့် ၅၃,၄၈၅ တန်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ဆန်ကို တရုတ်၊ ဥရောပ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိက စသည့်နိုင်ငံများက ဝယ်ယူမှုများပြီး ဆန်ကွဲကို တရုတ်နှင့် ဥရောပနိုင်ငံများက အဓိကဝယ်ယူကြောင်း၊ ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှဆန်ကို တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ အီတလီ၊ နယ်သာလန်နိုင်ငံတို့က အများဆုံးဝယ်ယူ‌ပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်၊ စပိန်နိုင်ငံတို့က အများဆုံးဝယ်ယူခဲ့ကြောင်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌက ပြောပြ၍ သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

 

Read times Last modified on Friday, 06 January 2023 14:10
Rate this item
(0 votes)