Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်၊ ဆီ၊ သားငါး၊ အာလူး၊ ကြက်သွန် ဈေးများတက်

ယခုရက်ပိုင်းအတွင်း ဆန်အပါအဝင် ကြက်သွန်၊ အာလူးနှင့် သား၊ ငါး လက်လီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း

လက်လီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

 

ဇူလိုင်လပထမအပတ်မှစ၍ ဆန်အပါအဝင် အခြားစားသောက်ကုန်များဖြစ်သည့် ကြက်သွန်၊ အာလူး၊ ငါး၊ ကြက်သားတို့ ဈေးတက်လာခြင်းဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရပါတယ်။

 

“ပေါ်ဆန်းတစ်ပြည်ကို ဇွန်လတုန်းက (ကျပ်) ၂၀၀၀ ပဲရှိတယ်။ အခု ၂၂၀၀ ဖြစ်သွားတယ်။ ပေါ်ဆန်းရှယ်ကတော့ ၂၅၀၀ ကနေ ၂၇၀၀ လောက်ဖြစ်နေပြီ။ အာလူးလည်း တစ်ပိဿာ ၁၀၀၀ ကနေ အခု ၁၂၀၀ ဖြစ်သွားတယ်။

 

ဟင်းသီးဟင်းရွက်တွေလည်း တက်တယ်။ ပင်လယ်ငါးဆို ဝယ်လို့တောင်မရဘူး”ဟု ဗဟန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

တရုတ်မှ ဆန်ဝယ်ယူမှုလျော့နည်းခြင်း၊ ရာသီဥတုကြောင့် ပြည်ပမှဆန်ဝယ် သင်္ဘောများကို ဆန်တင်ရန် အခက်အခဲများကြောင့် ပြည်တွင်းတွင် ဆန်လက်ကျန်များ၍ ဆန်တစ်အိတ်လျှင် ကျပ် ၁၀၀၀ ခန့်နှင့် ကြက်သွန်အနီ၊ အဖြူနှင့်
အာလူး လက်ကားဈေးများမှာလည်းပျမ်းမျှ ကျပ် ၁၀၀၀ ခန့်စီကျဆင်းသွားသော်လည်း လက်လီဈေးကွက်တွင် ကျဆင်းခြင်းမရှိဘဲ ဈေးတက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>> မိတ္ထီလာဒေသထွက်ပဲတီစိမ်း အဖွင့် ဈေးကောင်းရ

 

“ဈေးကွက်ထဲမှာ ဆန်ကအဝယ် လျော့သွားတော့ ယခု နွေဆန် အသစ်တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၂,၀၀၀ ဖြစ်သွားတယ်။ ၂၅ မှတ်ဆန်တွေကတော့ ၂၁,၀၀၀ ကနေ အခု ၂၀,၀၀၀ လောက် ဖြစ်သွားတယ်။ လက် ကားမှာကျပေမယ့် လက်လီဆိုင်တွေက တက်ရင် ဝုန်းခနဲတက်တယ်။ ကျရင်ဖြည်းဖြည်းချတယ်။ အတက်ဈေးနဲ့ ဝယ်ထားတာကို အရှုံးခံမရောင်းဘူး”ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်လီဈေးကွက်တွင် ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၂၀၀၀ မှ ၂၁၀၀၊ ၂၅၀၀ မှ ၂၇၀၀ အထိမြင့်တက်သွားပြီး ကြက်သား တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ နှင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀၊ ငါးကြင်းတစ်
ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀၊ ပင်လယ်ငါး တစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ကျော်အထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း လက်လီဈေးကွက်အတွင်းမှ သိရပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 11:51
Rate this item
(4 votes)