Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အလားအလာကောင်းနေတဲ့ ဖရဲသီးဈေးကွက်

Unicode

အလားအလာကောင်းနေတဲ့ ဖရဲသီးဈေးကွက်

တရုတ်ဘက်ကို တင်ပို့နေတဲ့ ဖရဲသီးဈေးကွက်ဟာ လက်ရှိမှာပုံမှန်ဖြစ်နေပေမဲ့ ရှေ့ဆက်ပြီး ဈေးကွက်ကောင်းမယ့် အလားအလာရှိနေတယ်လို့ မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။

 

ဦးစိုင်းမြင့်ဗိုလ်က “ရှေ့အလားအလာကတော့ ကောင်းလာဖို့ များပါတယ်၊ အဓိကကတော့ တရုတ်ပြည်က အသီးတွေ ကုန်တော့မှာလေ၊ ရှေ့လျှောက်ဆိုရင် သူတို့ဘက်က ကုန်သလောက်ဖြစ်သွားပြီ၊ ကျွန်တော်တို့ ဘက်ပဲ အားကိုးရတော့မှာလေ”လို့ ပြောပါတယ်။

 

Birani ဒံေပါက္ဆိုင္ေပါင္း ၁၉၄ ခုကိုရွာရန္ႏွိပ္ပါ။

 

လက်ရှိ မူဆယ်သစ်သီးကုန်စည်ဒိုင်ရှိ ဖရဲဈေးကွက်ကတော့ ၈၅၅ အမျိုးအစား ရှမ်းသီးတစ်တန်ကို ယွမ် (၁၅ဝဝ) ကနေ (၁၈ဝဝဝ) အထိရှိနေပြီး စစ်ကိုင်းနဲ့ မန္တလေးဘက်တို့ကထွက်တဲ့ ဖရဲတွေကတော့ တစ်တန်ကို ယွမ် (၁၄ဝဝ) ကနေ (၁၅ဝဝ၀ အထိရှိနေတယ်လို့ မူဆယ်နယ်စပ်ရှိ ခွာညိုသစ်သီးပွဲရုံက သိရပါတယ်။

 

လက်ရှိမှာ တရုတ်ဘက်က ဖရဲတွေ အနည်းငယ်ကျန်ရှိနေသေးတဲ့အတွက် ဖရဲဈေးကွက်ဟာ ပုံမှန်ဖြစ်နေပြီး ပြီးခဲ့တဲ့ နှစ်ကာလတူနဲ့ယှဉ်ရင်တော့ အနည်းငယ်ဈေးနိမ့်နေတယ်လို့ သိရပါတယ်။ အခု မူဆယ် သစ်သီးကုန်စည်ဒိုင်မှာ အဝင်များနေတာက ရှမ်းသီးတွေဖြစ်ပါတယ်။

 

ခွာညိုသစ်သီးပွဲရုံက ဦးစိုင်းခင်မောင်က “အခုလောလောဆယ်တော့ တရုတ်ဘက်က ထွက်နေသေးတယ်၊  အဲဒီတော့ ဒီဘက်ကဈေးသိပ်မငြိမ်သေးဘူး၊ ဒီလကုန်အထိတော့ တဖြည်းဖြည်းလျော့ပြီး ရှိနေဦးမယ်ထင်တယ်၊ ကျန်တဲ့အသီးတွေကတော့ ဘာသီးမှမဝင်သေးဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖရဲ၊ သခွား၊ သရက်သီး ပြည်ပတင်ပို့မှုဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်နှစ်ကို တန်ချိန်တစ်သိန်းလောက်သာ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မှာတော့ တန်ချိန်တစ်သန်းခန့်အထိ တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက  ပြောပါတယ်။

 

Read More >>>>>   ဘင်္ဂလားဒေ့ရှ်က ဝယ်ယူခြင်းကြောင့် ကြက်သွန်နီဈေး နှစ်ဆကျော်တက်

 

ဒုဝန်ကြီးက “လောလောဆယ်တော့ ဖရဲ၊ သခွားမွှေးတွေကို တရုတ်နိုင်ငံဘက်ကိုပဲ တင်ပို့နေရတာဖြစ်ပါတယ်၊ တရုတ်နိုင်ငံကို ပို့တဲ့အခါမှာ ရာသီချိန်က ကွာဟမှုရှိပါတယ်၊ တရုတ်နိုင်ငံဘက်မှာ ရာသီချိန်က သီးနှံမထွက်ရင် ကျွန်တော်တို့ဘက်က ပို့ရတယ်၊ တစ်ခါတရုတ်နိုင်ငံကို တင်ပို့နေကြတဲ့ လာအိုတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့ရှိတယ်၊ အဲဒီနိုင်ငံတွေမှာ အထွက်ကောင်းရင် ကျွန်တော်တို့ ထွက်ကုန်ကို သွားရောင်းတဲ့အခါ ဈေးကောင်းမရတာတွေလဲရှိပါတယ်˘လို့ စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ဖရဲ၊ သခွားမွှေးပို့ကုန်မဟာဗျူဟာ ဒီဇိုင်းရေးဆွဲတဲ့ အခမ်းအနားမှာပြောပါတယ်။


လက်ရှိမှာတော့ မူဆယ်သစ်သီးကုန်စည်ဒိုင်မှာ တစ်နေ့ကို ဖရဲသီးကားအစီးရေ ပျမ်းမျှ (၄၀) ခန့် ဝင်ရောက်နေတယ်လို့ သိရပါတယ်။

Source: Kumudra

 

 

 

 

အလားအလာေကာင္းေနတဲ့ ဖရဲသီးေဈးကြက္

 

တ႐ုတ္ဘက္ကို တင္ပို႔ေနတဲ့ ဖရဲသီးေဈးကြက္ဟာ လက္ရွိမွာပုံမွန္ျဖစ္ေနေပမဲ့ ေရွ႕ဆက္ၿပီး ေဈးကြက္ေကာင္းမယ့္ အလားအလာရွိေနတယ္လို႔ မူဆယ္သစ္သီးကုန္စည္ဒိုင္ ဥကၠ႒ ဦးစိုင္းျမင့္ဗိုလ္က ေျပာပါတယ္။

 

ဦးစိုင္းျမင့္ဗိုလ္က “ေရွ႕အလားအလာကေတာ့ ေကာင္းလာဖို႔ မ်ားပါတယ္၊ အဓိကကေတာ့ တ႐ုတ္ျပည္က အသီးေတြ ကုန္ေတာ့မွာေလ၊ ေရွ႕ေလွ်ာက္ဆိုရင္ သူတို႔ဘက္က ကုန္သေလာက္ျဖစ္သြားၿပီ၊ ကြၽန္ေတာ္တို႔ ဘက္ပဲ အားကိုးရေတာ့မွာေလ”လို႔ ေျပာပါတယ္။

 

လက္ရွိ မူဆယ္သစ္သီးကုန္စည္ဒိုင္ရွိ ဖရဲေဈးကြက္ကေတာ့ ၈၅၅ အမ်ိဳးအစား ရွမ္းသီးတစ္တန္ကို ယြမ္ (၁၅ဝဝ) ကေန (၁၈ဝဝ၀) အထိရွိေနၿပီး စစ္ကိုင္းနဲ႔ မႏၲေလးဘက္တို႔ကထြက္တဲ့ ဖရဲေတြကေတာ့ တစ္တန္ကို ယြမ္ (၁၄ဝဝ) ကေန (၁၅ဝဝ၀) အထိရွိေနတယ္လို႔ မူဆယ္နယ္စပ္ရွိ ခြာညိဳသစ္သီးပြဲ႐ုံက သိရပါတယ္။

 

Birani ဒံေပါက္ဆိုင္ေပါင္း ၁၉၄ ခုကိုရွာရန္ႏွိပ္ပါ။

 

လက္ရွိမွာ တ႐ုတ္ဘက္က ဖရဲေတြ အနည္းငယ္က်န္ရွိေနေသးတဲ့အတြက္ ဖရဲေဈးကြက္ဟာ ပုံမွန္ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ႏွစ္ကာလတူနဲ႔ယွဥ္ရင္ေတာ့ အနည္းငယ္ေဈးနိမ့္ေနတယ္လို႔ သိရပါတယ္။ အခု မူဆယ္သစ္သီးကုန္စည္ဒိုင္မွာ အဝင္မ်ားေနတာက ရွမ္းသီးေတြျဖစ္ပါတယ္။

 

ခြာညိဳသစ္သီးပြဲ႐ုံက ဦးစိုင္းခင္ေမာင္က “အခုေလာေလာဆယ္ေတာ့ တ႐ုတ္ဘက္က ထြက္ေနေသးတယ္၊  အဲဒီေတာ့ ဒီဘက္ကေဈးသိပ္မၿငိမ္ေသးဘူး၊ ဒီလကုန္အထိေတာ့ တျဖည္းျဖည္းေလ်ာ့ၿပီး ရွိေနဦးမယ္ထင္တယ္၊ က်န္တဲ့အသီးေတြကေတာ့ ဘာသီးမွမဝင္ေသးဘူး” လို႔ ေျပာပါတယ္။

 

ျမန္မာႏိုင္ငံရဲ႕ ဖရဲ၊ သခြား၊ သရက္သီး ျပည္ပတင္ပို႔မႈဟာ လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က တစ္ႏွစ္ကို တန္ခ်ိန္တစ္သိန္းေလာက္သာ ရွိခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ တန္ခ်ိန္တစ္သန္းခန႔္အထိ တင္ပို႔ႏိုင္ခဲ့တယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက  ေျပာပါတယ္။

 

Read More >>>>>   ဘဂၤလားေဒ့ရွ္က ဝယ္ယူျခင္းေၾကာင့္ ၾကက္သြန္နီေဈး ႏွစ္ဆေက်ာ္တက္

 

ဒုဝန္ႀကီးက “ေလာေလာဆယ္ေတာ့ ဖရဲ၊ သခြားေမႊးေတြကို တ႐ုတ္ႏုိင္ငံဘက္ကိုပဲ တင္ပို႔ေနရတာျဖစ္ပါတယ္၊ တ႐ုတ္ႏိုင္ငံကို ပို႔တဲ့အခါမွာ ရာသီခ်ိန္က ကြာဟမႈရွိပါတယ္၊ တ႐ုတ္ႏိုင္ငံဘက္မွာ ရာသီခ်ိန္က သီးႏွံမထြက္ရင္ ကြၽန္ေတာ္တို႔ဘက္က ပို႔ရတယ္၊ တစ္ခါတ႐ုတ္ႏိုင္ငံကို တင္ပို႔ေနၾကတဲ့ လာအိုတို႔၊ ထိုင္းတို႔၊ ဗီယက္နမ္တို႔ရွိတယ္၊ အဲဒီႏိုင္ငံေတြမွာ အထြက္ေကာင္းရင္ ကြၽန္ေတာ္တို႔ ထြက္ကုန္ကို သြားေရာင္းတဲ့အခါ ေဈးေကာင္းမရတာေတြလဲရွိပါတယ္˘လို႔ စက္တင္ဘာလ ၂၅ ရက္ေန႔က ျပဳလုပ္တဲ့ဖရဲ၊ သခြားေမႊးပို႔ကုန္မဟာဗ်ဴဟာ ဒီဇိုင္းေရးဆြဲတဲ့ အခမ္းအနားမွာေျပာပါတယ္။

 

လက္ရွိမွာေတာ့ မူဆယ္သစ္သီးကုန္စည္ဒိုင္မွာ တစ္ေန႔ကို ဖရဲသီးကားအစီးေရ ပ်မ္းမွ် (၄၀) ခန္႔ ဝင္ေရာက္ေနတယ္လို႔ သိရပါတယ္။

 

Source: Kumudra

 

 

Read times Last modified on Monday, 17 February 2020 15:12
Rate this item
(1 Vote)