Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာမှာအအောင်မြင်ဆုံး ကော်ဖီကုမ္ပဏီဖြစ်လာရခြင်းရဲ့ နည်းဗျူဟာ (၁၂)ချက်

Unicode


ကမ္ဘာမှာအအောင်မြင်ဆုံး ကော်ဖီကုမ္ပဏီဖြစ်လာရခြင်းရဲ့ နည်းဗျူဟာ (၁၂)ချက်


Starbucks ကမ္ဘာမှာ အအောင်မြင်ဆုံး ကော်ဖီကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ဝန်ထမ်းအင်အား ၁သန်းခွဲကျော်မကနဲ့ လုပ်ငန်းလည်ပတ်လျက် ရှိပါတယ်။

 

သူအာင်မြင်ရတဲ့ အကြောင်းအရင်းကို inc.com က စာရေး ဆရာတစ်ဦးဟာ လက်ရှိ Starbuck ရဲ့ စီအီးအို ဖြစ်သူ Howard Schultz ကို မေးမြန်းအင်တာဗျူးခဲ့တာတွေကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတဲ့ လုပ်ငန်းရှင်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ရည်မှန်းချက် (Mission)

အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ ပိုက်ဆံရလို့ လုပ်နေတာထက်၊ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်နေတာကပိုပြီးတော့ အဓိပ္ပါယ်ရှိပါလိမ့်မယ်။ Starbuck ဟာ To inspire and nature the human spirit – one person, one cup and one neighborhood at a time ဆိုတဲ့ Mission ရှိပါတယ်။ ကော်ဖီသောက်ရုံ မဟုတ်ပဲ အနားယူရန်၊ အလုပ်လုပ်ရန် နဲ့ မိတ်ဆွေသစ်တိုးရန် နေရာလေးတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

 

၂။ စားသုံးသူတွေကို မေးခွန်းမေးတယ်

စားသုံးသူတွေ ဘာလိုအပ်လဲ။ သူတို့တွေကို ဆိုင်ရဲ့ ဘယ်အရာတွေက အမှတ်ရစေသလဲ မေးခွန်းလေးတွေ မေးပါတယ်။ မေးမြန်းမှုက စားသုံးသူကို ဂရိုစိုက်ကြောင်းလည်း ပြသပြီး ရလာတဲ့ အချက်များကို Marketing မှာ ပြန်လည် အသုံးချပါတယ်။

 

Fish & Prawn (Dried) Warehouses  ငါးေျခာက္၊ ပုစြန္ေျခာက္ပြဲရံု (၁၅၁) ခုကိုရွာရန္ႏွိပ္ပါ။

 

၃။ စားသုံးသူနဲ့ ဝန်ထမ်းတို့ကိုသိရှိခြင်း

ဆိုင်မှာ အမြဲဝယ်သောက်သူတွေက ဘယ်သူတွေ၊ အော်ဒါမှာသူတွေက ဘယ်သူတွေ၊ အသစ်တွေက ဘယ်သူတွေ သိနေဖို့လိုအပ်ပါတယ်။ ဒါမှ မိမိဟာ သူတို့အတွက် သီးသန့် ဖန်တီးပေးတယ် ဆိုတာမျိုး ပြသနိုင်ပြီး ငါ့ အကြိုက်သိနေပါလား ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။ သူတို့ကို ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် ဝန်ထမ်းကိုလည်း သိဖို့လိုအပ်ပါသေးတယ်။ သင့်ဝန်ထမ်းက စားသုံးသူထံ ဘာသယ်သွားပေမယ့် ဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မိမိဝန်ထမ်းရဲ့ အားနည်းချက် အားသာချက်များကို သိထားရင် ပိုကောင်းတဲ့ ဝန်ဆောင်မှုမျိုး ရအောင် ဖန်တီးပေးနိုင် ပါတယ်။

 

၄။ တီထွင်ဆန်းသစ်မှုရှိခြင်း

၂၀၁၀ ခုနှစ်က Wi Fi အခမဲ့ပေးတဲ့ ပထမဆုံး ကော်ဖီဆိုင်များ စာရင်းထဲမှာ Startbuck ပါဝင်ခဲ့ ပါတယ်။ အိမ်မှာ ထိုင်သောက်ချင်သူများ ရှိတာကိုလည်း သိတာကြောင့် အော်ဒါ စနစ်နဲ့ အရောက်ပို့ပေး တာကိုလည်း ပြုလုပ်ခဲ့ ပါတယ်။ ဒါ့အပြင် iPhone app တစ်ခုနဲ့ ငွေပေးချေဝယ်သောက်ရတဲ့ ကော်ဖီလည်း ဖြစ်လာပါတယ်။ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုပြီး ပြုပြင်လွယ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

 

၅။ တာဝန်ယူမှုရှိခြင်း

စားသုံးသူက မှားပြီး မှာမိရင်တောင် သူလိုချင်တဲ့ ကော်ဖီကို ဘာမေးခွန်းမှ မမေးပဲ Starbuck က ပြန်လဲပေးပါတယ်။ ဝန်ထမ်းများကိုလည်း အမှားနည်းအောင် လေ့ကျင့်သင်ကြားပေးသလို၊ တစ်ခုခုမှားရင်လည်း တာဝန်ယူမှု အပြည့်ရှိအောင် သင်ကြားပေးထားကြောင်း ဆိုပါတယ်။

 

Mini Markets (Food & Beverage) အစားအေသာက္ေရာင္းခ်ေပးသည့္ဆိုုင္ငယ္ေလးမ်ား ၂၂၃ ခုကိုရွာရန္ႏွိပ္ပါ။

 

၆။ စွန့်စားခြင်း

Starbucks ရဲ့ အောင်မြင်မှုထဲမှာ စွန့်စားရဲခြင်းဟာလည်း တစ်ခုပါဝင်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဘက် ကုမ္ပဏီများ ပြုလုပ်နေတာမျိုးတွေ လုံးဝမလုပ်ပဲ သူ့နည်းသူ့ဟန်နဲ့ စဉ်းစားပြီး ဈေးကွက်ထိုးဖောက် ပါတယ်။

 

၇။ ဆိုရှယ်မီဒီယာ အင်အားကိုအသုံးပြုတယ်

ကြီးထွားလာတဲ့ ဆိုရှယ်မီဒီယာ အင်အားကို သိရှိပြီး Facebook, Instagram တို့မှာ စားသုံးသူတို့ရဲ့ သဘာဝဓာတ်ပုံတွေ၊ ဆိုင်ရဲ့ အလှအပ၊ ကော်ဖီရဲ့ အလှအပတွေကို တင်ပါတယ်။ ဓာတ်ပုံ ဦးစားပေး ဆိုရှယ်မီဒီယာ စာမျက်နှာကြောင့်လည်း Starbucks ကို ပိုမိုလူသိများ၊ လူကြိုက်များလာစေပါတယ်။

 

၈။ အရာအားလုံး အရေးကြီးတယ်

Starbucks ဟာ ကော်ဖီရောင်းတာ ဖြစ်ပေမယ့် ဆိုင်က အိမ်သာထဲမှာ သုံးတဲ့ စက္ကူအတွက်ကအစ အလေးပေးစဉ်းစားသူ ဖြစ်ပါတယ်။ affordable luxury လို့ ခံယူထားတဲ့ Starbucks ဟာ စားသုံးသူတို့ အတွက် သက်သောင့်သက်သာ ရှိအောင် အစစရာရာကို ဂရုစိုက် ပြင်ဆင်ပေးတတ်ပါတယ်။

 

၉။ ပါတနာ မှန်ရွေးချယ်တတ်ခြင်း

Starbucks ဟာ ကုမ္ပဏီကြီးထွားလာဖို့အတွက် ပါတနာကောင်းများနဲ့ မိတ်ဖက်လျက် ရှိပြီး အဲထဲက ဥပမာ အနေနဲ့ ၂၀၀၆ ခုနှစ်တုန်းက Apple နဲ့ သဘောတူညီချက် ရယူထားမှုလည်း ပါဝင်ပါတယ်။ ဆိုင်မှာ နားထောင်နေတဲ့ သီချင်းကို iTune Store ကနေ ချက်ချင်း download ဆွဲ ဝယ်ယူနိုင်မယ့် စနစ်မျိုးကို စတင်ဖန်တီးပေးခဲ့ပါတယ်။

 

၁၀။ မပြောင်းလဲတဲ့ အရာသာများ

ခေတ်ပြောင်းလာတာနဲ့အမျှတိုးလာတဲ့ အရသာများရှိပေမယ့် ပုံမှန်စားသုံးနေသူများအတွက် မပြောင်းလဲတဲ့ အရသာများကိုလည်း ဖန်တီးပေးပါသေးတယ်။ ဥပမာ အမေရိကန်တစ်နိုင်ငံတည်းက မြို့ချင်းမတူတဲ့ ဆိုင်တွေမှာ မှာသောက်နေကျ ကော်ဖီတစ်မျိုးရှိခြင်း အဲဒီကော်ဖီဟာ အရသာ ပြောင်းမသွားပါဘူး။

 

၁၁။ နေရာဒေသ အလိုက် ဖန်တီးပြင်ဆင်မှု

နေရာဒေသကွဲရင် လူကွဲ၊ ယဉ်ကျေးမှုကွဲ၊ ခံစားမှု အရသာ ကွဲပါတယ်။ ဒါတွေကိုလည်း သိရှိနားလည်ထားပြီး နေရာဒေသအလိုက် ဆိုင်အပြင်အဆင် နဲ့ အစားအသောက်ကအစ ဖန်တီးပေးမှုများ ပြုလုပ်ပါတယ်။

 

Read More >>>>>   ေကာ္ဖီအပါအဝင္ သီးႏွံေျခာက္မ်ိဳး ျပည္ပတင္ပို႔မႈ ျမႇင့္တင္ႏိုင္ေရး လက္မွတ္ေရးထိုး

 

၁၂။ ခေါင်းဆောင်ကောင်း ထားရှိခြင်း

Starbuck ရဲ့ အောင်မြင်ရတဲ့ အချက် ၁၂ ချက်ထဲမှာ နောက်ဆုံး အချက်တစ်ခုအနေနဲ့ ခေါင်းဆောင်ကောင်း ရှိခြင်းကြောင့် ဖြစ်ကြောင်း စီအီးအိုက ဆိုထား ပါတယ်။ ဆိုင်အသီးသီး လုပ်ငန်းအသီးသီးက ခေါင်းဆောင်ကောင်းများ ရှိတာကြောင့် ကုမ္ပဏီအောင်မြင်ရခြင်း ဖြစ်ကြောင်းလည်း ဆိုပါတယ်။

 

Source: အောင်ခမ်း (ရိုးရာလေး)

 

 

 

ကမ႓ာမွာအေအာင္ျမင္ဆံုး ေကာ္ဖီကုမၸဏီျဖစ္လာရျခင္းရဲ႕ နည္းဗ်ဴဟာ (၁၂)ခ်က္

 

Starbucks ကမၻာမွာ အေအာင္ျမင္ဆံုး ေကာ္ဖီကုမၸဏီျဖစ္ျပီး ႏိုင္ငံေပါင္း ၆၅ ႏုိင္ငံေက်ာ္မွာ ဝန္ထမ္းအင္အား ၁သန္းခြဲေက်ာ္မကနဲ႔ လုပ္ငန္းလည္ပတ္လ်က္ ရွိပါတယ္။

 

သူအာင္ျမင္ရတဲ့ အေၾကာင္းအရင္းကို inc.com က စာေရး ဆရာတစ္ဦးဟာ လက္ရွိ Starbuck ရဲ႕ စီအီးအုိ ျဖစ္သူ Howard Schultz ကို ေမးျမန္းအင္တာဗ်ဴးခဲ့တာေတြကုိ စီးပြားေရးလုပ္ငန္း လုပ္ကိုင္ေနသူတဲ့ လုပ္ငန္းရွင္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 

၁။ ရည္မွန္းခ်က္ (Mission)

အလုပ္တစ္ခုကို လုပ္တယ္ဆုိတာ ပိုက္ဆံရလို႔ လုပ္ေနတာထက္၊ ရည္ရြယ္ခ်က္တစ္ခုအတြက္ လုပ္ေနတာကပုိျပီးေတာ့ အဓိပၸါယ္ရွိပါလိမ့္မယ္။ Starbuck ဟာ To inspire and nature the human spirit – one person, one cup and one neighborhood at a time ဆုိတဲ့ Mission ရွိပါတယ္။ ေကာ္ဖီေသာက္ရံု မဟုတ္ပဲ အနားယူရန္၊ အလုပ္လုပ္ရန္ နဲ႔ မိတ္ေဆြသစ္တုိးရန္ ေနရာေလးတစ္ခုအျဖစ္ သတ္မွတ္ထားပါတယ္။

 

၂။ စားသံုးသူေတြကို ေမးခြန္းေမးတယ္

စားသံုးသူေတြ ဘာလိုအပ္လဲ။ သူတုိ႔ေတြကို ဆိုင္ရဲ႕ ဘယ္အရာေတြက အမွတ္ရေစသလဲ ေမးခြန္းေလးေတြ ေမးပါတယ္။ ေမးျမန္းမွုက စားသံုးသူကို ဂရုိစိုက္ေၾကာင္းလည္း ျပသျပီး ရလာတဲ့ အခ်က္မ်ားကို Marketing မွာ ျပန္လည္ အသံုးခ်ပါတယ္။

 

Fish & Prawn (Dried) Warehouses  ငါးေျခာက္၊ ပုစြန္ေျခာက္ပြဲရံု (၁၅၁) ခုကိုရွာရန္ႏွိပ္ပါ။

 

၃။ စားသံုးသူနဲ႔ ဝန္ထမ္းတို႔ကုိသိရွိျခင္း

ဆိုင္မွာ အျမဲဝယ္ေသာက္သူေတြက ဘယ္သူေတြ၊ ေအာ္ဒါမွာသူေတြက ဘယ္သူေတြ၊ အသစ္ေတြက ဘယ္သူေတြ သိေနဖို႔လိုအပ္ပါတယ္။ ဒါမွ မိမိဟာ သူတို႔အတြက္ သီးသန္႔ ဖန္တီးေပးတယ္ ဆုိတာမ်ိဳး ျပသႏိုင္ျပီး ငါ့ အၾကိဳက္သိေနပါလား ဆုိတဲ့ ခံစားခ်က္ကို ေပးစြမ္းပါတယ္။ သူတို႔ကို ေပ်ာ္ရႊင္ေစပါတယ္။ ဒါ့အျပင္ ဝန္ထမ္းကိုလည္း သိဖို႔လိုအပ္ပါေသးတယ္။ သင့္ဝန္ထမ္းက စားသံုးသူထံ ဘာသယ္သြားေပမယ့္ ဆုိတာ သင္သတိထားမိမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ မိမိဝန္ထမ္းရဲ႕ အားနည္းခ်က္ အားသာခ်က္မ်ားကို သိထားရင္ ပုိေကာင္းတဲ့ ဝန္ေဆာင္မွုမ်ိဳး ရေအာင္ ဖန္တီးေပးႏိုင္ ပါတယ္။

 

၄။ တီထြင္ဆန္းသစ္မွုရွိျခင္း

၂၀၁၀ ခုႏွစ္က Wi Fi အခမဲ့ေပးတဲ့ ပထမဆံုး ေကာ္ဖီဆိုင္မ်ား စာရင္းထဲမွာ Startbuck ပါဝင္ခဲ့ ပါတယ္။ အိမ္မွာ ထိုင္ေသာက္ခ်င္သူမ်ား ရွိတာကိုလည္း သိတာေၾကာင့္ ေအာ္ဒါ စနစ္နဲ႔ အေရာက္ပုိ႔ေပး တာကိုလည္း ျပဳလုပ္ခဲ့ ပါတယ္။ ဒါ့အျပင္ iPhone app တစ္ခုနဲ႔ ေငြေပးေခ်ဝယ္ေသာက္ရတဲ့ ေကာ္ဖီလည္း ျဖစ္လာပါတယ္။ ျပဳျပင္ေျပာင္းလဲမွုမ်ားကို ၾကိဳဆိုျပီး ျပဳျပင္လြယ္တဲ့ ကုမၸဏီျဖစ္ပါတယ္။

 

၅။ တာဝန္ယူမွုရွိျခင္း

စားသံုးသူက မွားျပီး မွာမိရင္ေတာင္ သူလိုခ်င္တဲ့ ေကာ္ဖီကို ဘာေမးခြန္းမွ မေမးပဲ Starbuck က ျပန္လဲေပးပါတယ္။ ဝန္ထမ္းမ်ားကိုလည္း အမွားနည္းေအာင္ ေလ့က်င့္သင္ၾကားေပးသလို၊ တစ္ခုခုမွားရင္လည္း တာဝန္ယူမွု အျပည့္ရွိေအာင္ သင္ၾကားေပးထားေၾကာင္း ဆုိပါတယ္။

 

Mini Markets (Food & Beverage) အစားအေသာက္ေရာင္းခ်ေပးသည့္ဆိုုင္ငယ္ေလးမ်ား ၂၂၃ ခုကိုရွာရန္ႏွိပ္ပါ။

 

၆။ စြန္႔စားျခင္း

Starbucks ရဲ႕ ေအာင္ျမင္မွုထဲမွာ စြန္႔စားရဲျခင္းဟာလည္း တစ္ခုပါဝင္တဲ့ အေၾကာင္းျပခ်က္ ျဖစ္္ပါတယ္။ သူဟာ ျပိဳင္ဘက္ ကုမၸဏီမ်ား ျပဳလုပ္ေနတာမ်ိဳးေတြ လံုးဝမလုပ္ပဲ သူ႔နည္းသူ႔ဟန္နဲ႔ စဥ္းစားျပီး ေစ်းကြက္ထိုးေဖာက္ ပါတယ္။

 

၇။ ဆုိရွယ္မီဒီယာ အင္အားကိုအသံုးျပဳတယ္

ၾကီးထြားလာတဲ့ ဆုိရွယ္မီဒီယာ အင္အားကို သိရွိျပီး Facebook, Instagram တို႔မွာ စားသံုးသူတုိ႔ရဲ႕ သဘာဝဓာတ္ပံုေတြ၊ ဆိုင္ရဲ႕ အလွအပ၊ ေကာ္ဖီရဲ႕ အလွအပေတြကို တင္ပါတယ္။ ဓာတ္ပံု ဦးစားေပး ဆုိရွယ္မီဒီယာ စာမ်က္ႏွာေၾကာင့္လည္း Starbucks ကို ပိုမိုလူသိမ်ား၊ လူၾကိဳက္မ်ားလာေစပါတယ္။

 

၈။ အရာအားလံုး အေရးၾကီးတယ္

Starbucks ဟာ ေကာ္ဖီေရာင္းတာ ျဖစ္ေပမယ့္ ဆုိင္က အိမ္သာထဲမွာ သံုးတဲ့ စကၠဴအတြက္ကအစ အေလးေပးစဥ္းစားသူ ျဖစ္ပါတယ္။ affordable luxury လုိ႔ ခံယူထားတဲ့ Starbucks ဟာ စားသံုးသူတို႔ အတြက္ သက္ေသာင့္သက္သာ ရွိေအာင္ အစစရာရာကို ဂရုစိုက္ ျပင္ဆင္ေပးတတ္ပါတယ္။

 

၉။ ပါတနာ မွန္ေရြးခ်ယ္တတ္ျခင္း

Starbucks ဟာ ကုမၸဏီၾကီးထြားလာဖုိ႔အတြက္ ပါတနာေကာင္းမ်ားနဲ႔ မိတ္ဖက္လ်က္ ရွိျပီး အဲထဲက ဥပမာ အေနနဲ႔ ၂၀၀၆ ခုႏွစ္တုန္းက Apple နဲ႔ သေဘာတူညီခ်က္ ရယူထားမွုလည္း ပါဝင္ပါတယ္။ ဆိုင္မွာ နားေထာင္ေနတဲ့ သီခ်င္းကို iTune Store ကေန ခ်က္ခ်င္း download ဆြဲ ဝယ္ယူႏိုင္မယ့္ စနစ္မ်ိဳးကို စတင္ဖန္တီးေပးခဲ့ပါတယ္။

 

၁၀။ မေျပာင္းလဲတဲ့ အရာသာမ်ား

ေခတ္ေျပာင္းလာတာနဲ႔အမွ်တိုးလာတဲ့ အရသာမ်ားရွိေပမယ့္ ပံုမွန္စားသံုးေနသူမ်ားအတြက္ မေျပာင္းလဲတဲ့ အရသာမ်ားကိုလည္း ဖန္တီးေပးပါေသးတယ္။ ဥပမာ အေမရိကန္တစ္ႏိုင္ငံတည္းက ျမိဳ႕ခ်င္းမတူတဲ့ ဆုိင္ေတြမွာ မွာေသာက္ေနက် ေကာ္ဖီတစ္မ်ိဳးရွိျခင္း အဲဒီေကာ္ဖီဟာ အရသာ ေျပာင္းမသြားပါဘူး။

 

၁၁။ ေနရာေဒသ အလိုက္ ဖန္တီးျပင္ဆင္မွု

ေနရာေဒသကြဲဲရင္္ လူကြဲ၊ ယဥ္ေက်းမွုကြဲ၊ ခံစားမွု အရသာ ကြဲပါတယ္။ ဒါေတြကိုလည္း သိရွိနားလည္ထားျပီး ေနရာေဒသအလိုက္ ဆိုင္အျပင္အဆင္ နဲ႔ အစားအေသာက္ကအစ ဖန္တီးေပးမွုမ်ား ျပဳလုပ္ပါတယ္။

 

Read More >>>>>   ေကာ္ဖီအပါအဝင္ သီးႏွံေျခာက္မ်ိဳး ျပည္ပတင္ပို႔မႈ ျမႇင့္တင္ႏိုင္ေရး လက္မွတ္ေရးထိုး

 

၁၂။ ေခါင္းေဆာင္ေကာင္း ထားရွိျခင္း

Starbuck ရဲ႕ ေအာင္ျမင္ရတဲ့ အခ်က္ ၁၂ ခ်က္ထဲမွာ ေနာက္ဆံုး အခ်က္တစ္ခုအေနနဲ႔ ေခါင္းေဆာင္ေကာင္း ရွိျခင္းေၾကာင့္ ျဖစ္ေၾကာင္း စီအီးအုိက ဆုိထား ပါတယ္။ ဆိုင္အသီးသီး လုပ္ငန္းအသီးသီးက ေခါင္းေဆာင္ေကာင္းမ်ား ရွိတာေၾကာင့္ ကုမၸဏီေအာင္ျမင္ရျခင္း ျဖစ္ေၾကာင္းလည္း ဆုိပါတယ္။

 

Source: ေအာင္ခမ္း (ရိုးရာေလး)

Read times Last modified on Saturday, 22 February 2020 15:07
Rate this item
(0 votes)