Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်နှင့် သရက်ရိုင်များအတွင်း မတ်ပဲဈေးကျ၍ ပဲမနုတ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်း မတ်ပဲနုတ်ချိန် ရောက်ရှိနေပြီဖြစ်သော်လည်း

ဈေးကျခြင်းနှင့် အထွက်နှုန်း နည်းပါးခြင်းကြောင့် ပဲစိုက်တောင်သူများ မနုတ်ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းမှ စတင်၍ မတ်ပဲနုတ်သိမ်း ရာသီစတင်နေပြီဖြစ်သော်လည်း လက်ရှိပေါက်ဈေးမှာ ဈေးနည်းခြင်းနှင့် အချို့ဒေသများတွင် နောက်ကျမိုးကောင်းခဲ့တဲ့အတွက်ကြောင့် ပဲပုပ်ကာ အထွက်နှုန်းလျော့လျက်ရှိကြောင်း သိရပါတယ်။

 

မတ်ပဲဈေးနှုန်းကလည်း တစ်တင်းကို ၈၀၀၀ ကျပ် ၊ ၁၀၀၀၀ ကျပ်ပဲ ရှိတယ်။ မတ်ပဲ၊ ပဲစင်းငုံတစ်သောင်းဝန်းကျင်ပဲရှိတယ်။ အောင်လံ၊ တောင်တွင်းကြီးဆိုရင် လုပ်အားခနဲ့ မကာမိလို့ အခင်းတွေ တောင် မရိတ်ဘဲထားကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းမတ်ပဲ၊ ပဲစင်းငုံအခင်းများ နုတ်မည်ဆိုပါက နုတ်ခနှင့် စက်ခြွေခပါ ကုန်ကျမည်ဖြစ်၍ အခင်းအတိုင်း ပစ်ထားရကြောင်း၊ အငှားဖြင့် နုတ်မည်ဆိုပါကလည်း အငှားသမားနှင့် သိမ်းပြီးမှ စက်မှာခြွေရမည်ဖြစ်ခြင်းကြောင့် အရှုံးပေါ်မည်ဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိတွင် ပြည်ခရိုင်အတွင်း မတ်ပဲတစ်တင်းလျှင် ၁၆၃၀၀ ကျပ်မှ ၁၆၄၀၀ ကျပ် ဈေးရှိပြီး မကွေးတွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၅၀၀၀ ဈေးသာရရှိကြောင်း ပဲဈေးကွက်အတွင်းမှ သိရပါတယ်။

 

ပဲခူးတိုင်းအတွင်း သာယာဝတီခရိုင်ရှိ မြို့နယ်များ၊ မကွေးတိုင်း သရက်ခရိုင်ရှိ မြို့နယ်များတွင် ယခင်နှစ်များက မတ်ပဲစိုက်ပျိုးသူ အများအပြားရှိခဲ့သော်လည်း ပြီးခဲ့တဲ့နှစ်မှ စတင်၍ ဈေးနှုန်းကျဆင်းခဲ့မှုကြောင့် အစားထိုးသီးနှံများ စိုက်ပျိုးခဲ့သော်လည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း တောင်သူများထံမှ သိရပါတယ်။

 

Source: Voice

Read times Last modified on Wednesday, 19 September 2018 11:16
Rate this item
(0 votes)