Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲဆန်ဈေးနှုန်းများ ကျဆင်းနေသကဲ့သို့ မြေပဲဆီသန့် ဈေးနှုန်းများလည်း ကျဆင်း

Unicode


မြေပဲဆန်ဈေးနှုန်းများ ကျဆင်းနေသကဲ့သို့ မြေပဲဆီသန့် ဈေးနှုန်းများလည်း ကျဆင်း


မန္တလေးပဲဈေးကွက်တွင်   မြေပဲဆန် ဈေးနှုန်းများ ကျဆင်းနေသကဲ့သို့   မြေပဲ ဆီသန့်ဈေးနှုန်းများလည်း   ကျဆင်းနေကြောင်း  မန္တလေးပဲကုန်သည်များ၏ ပြောပြချက်အရ သိရပါတယ်။


လက်ရှိ  မန္တလေးပဲဈေးကွက်အတွင်း မြေပဲဆန် တစ်ပိဿာလျှင် ငွေကျပ် ၃၂ဝဝ သာရှိပြီး    မြေပဲဆီသန့် တစ်ပိဿာလျှင် ငွေကျပ်  ၇ဝဝဝ သာ ဈေးရရှိပါတယ်။


ပြီးခဲ့သည့် လအတွင်းက မြေပဲဆန် တစ်ပိဿာလျှင်  ငွေကျပ်  ၄ဝဝဝ  အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး    ယခုရက်ပိုင်း အတွင်း မြေပဲဆန်ဈေးကွက် အေးနေကာ တစ်ပိဿာလျှင် ငွေကျပ် ၃၂ဝဝ အထိ ကျဆင်းသွားကြောင်း သိရပါတယ်။

 

Toffee Dried တော်ဖီခြောက်ထုတ်လုပ်ငန်းပေါင်း ၁၆ ခုကိုရှာရန်နှိပ်ပါ။


''ဈေးကွက်က အရောင်းအဝယ်တော် တော်အေးသွားတယ်။ တရုတ်နိုင်ငံကလည်း အဝယ်နည်းသွားပြီ။ပြီးတော့  အညာဒေသကဝင်တဲ့  မြေပဲတွေကလည်း အစိုဓာတ်ရှိတယ်။  အရည်အသွေး သိပ်မကောင်းသေးဘူး''ဟု မန္တလေးမြို့မှ ပွဲရုံပိုင်ရှင် ဦးကျော် သွင်က ပြောကြားခဲ့ပါတယ်။


မြေပဲဆန်ဈေးနှုန်းစံချိန်တင်မြင့်တက်စဉ်က မြေပဲဆီသန့် တစ်ပိဿာလျှင် ငွေကျပ် ၈၄ဝဝ  အထိရှိခဲ့ပြီး   ယခုမြေပဲဆန်ဈေး ကျဆင်းမှုကြောင့် မြေပဲဆီသန့် တစ်ပိဿာလျှင်  ငွေကျပ်  ၁၄ဝဝ ခန့် ဈေးကျကာ  လက်ရှိတွင် ငွေကျပ် ၇ဝဝဝ သာရှိတော့ကြောင်း သိရပါတယ်။

 

Read More >>>>> ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ပြည်ပတင်ပို့ရန် အခက်အခဲရှိ


 အောက်တို ဘာလကုန်ပိုင်းတွင် မြေပဲဆန်အသစ်များ ထပ်မံဝင်ရောက်လာမည်ဖြစ်ပြီး  တရုတ် နိုင်ငံ၏ ဝယ်ယူမှု အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သည်။လတ်တလောတွင်  မန္တလေး ပဲဈေးကွက်၌    ပဲအမျိုးအစားအားလုံး အရောင်းအဝယ် အေးနေကြောင်း  သိရပါတယ်။

 

Source: Myawady

 

 


 




 



 

Toffee Dried တော်ဖီခြောက်ထုတ်လုပ်ငန်းပေါင်း ၁၆ ခုကိုရှာရန်နှိပ်ပါ။

 



 



 

Read More >>>>> ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ပြည်ပတင်ပို့ရန် အခက်အခဲရှိ

 



 

Source: Myawady

Read times Last modified on Tuesday, 18 February 2020 09:47
Rate this item
(0 votes)