Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာသင်တန်းများ အခမဲ့သင်ကြားပေးမည်

လယ်ယာကဏ္ဍနဲ့ ပတ်သက်တဲ့ နည်းပညာသင်တန်းများကို ကြိုတင်စာရင်းပေးသွင်းကာ သင်တန်းကြေး အခမဲ့ဖြင့်သင်ကြားပေးမှာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

 

၎င်းသင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲလက်အောက်ရှိ ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှာ ပို့ချပေးမှာဖြစ်ပြီး

 

- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများရဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာ၊

 

- ရိတ်သိမ်းချိန်လွန် ဇီဝကမ္မဗေဒ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊

 

- ပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်းနည်းပညာ၊

 

- ရွေးချယ်ခြင်းနဲ့ အတန်းအစားခွဲခြားခြင်း နည်းပညာ၊

 

Read More >>>>>  ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ကွဲသုံးပုံတစ်ပုံကို မူဆယ်ဈေးကွက်သို့ တင်ပို့

 

- ထုပ်ပိုးခြင်းနည်းပညာ၊ သိုလှောင်ခြင်းနည်းပညာ၊

 

- အော်ဂဲနစ်နည်းပညာ၊ အစားအစာများ ပြုပြင်မွမ်းမံခြင်းနည်းပညာ၊

 

- ဈေးကွက်စီးပွားရေးနည်းပညာများကို သင်ကြားသွားမှာဖြစ်ပါတယ်။

 

တောင်သူများ၊ ပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်သူများ၊ ရောင်းချသူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

 

သင်တန်းဖွင့်လှစ်မည့်ရက်စွဲ-

 

➢ (၂၅.၆.၂၀၁၉) မှ (၂၇.၆.၂၀၁၉) ထိ

 

➢ (၂၄.၇.၂၀၁၉) မှ (၂၆.၇.၂၀၁၉) ထိ

 

➢ (၂၇.၈.၂၀၁၉) မှ (၂၉.၈.၂၀၁၉) ထိ

 

➢ (၂၄.၉.၂၀၁၉) မှ (၂၆.၉.၂၀၁၉) ထိ


ဆက်သွယ်ရန်ဖုန်း- ၀၉-၅၃၂၂၅၄၅၊ ၀၉-၄၃၀၆၀၆၉၂၊ ၀၉-၄၄၃၀၆၀၆၉၂၊ ၀၉-၃၃၈၅၀၅၉၄၊ ၀၉- ၉၆၅၂၄၅၀၉၆၊ ၀၉-၄၂၂၂၉၈၀၆၁

 

Source: Greenway

Read times
Rate this item
(1 Vote)