Food & Livestock



ကမ္ဘောဒီးယားဆန် တန်ချိန် နှစ်ထောင်ကျော် ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် တင်ပို့

ကမ္ဘောဒီးယားဆန် တန်ချိန် နှစ်ထောင်ကျော် ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်ဈေးကွက်သို့ ပထမဆုံးအကြိမ်အဖြစ် ဆန် ၂၅,၇၅ တန်ခန့် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ Oknha Chan Sokheang က တနင်္လာနေ့(ဇွန် ၂၆)က အတည်ပြု ပြောကြားသည်။

.

ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချရေးဈေးကွက် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် Sokheng က Khmer Food Group မှ ပထမဆုံးအကြိမ် တန်ချိန် ထောင်ဂဏန်းအထိ တင်ပို့ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

.

ကမ္ဘောဒီးယားသည် ယမန်နှစ်က ဆန်တန်ချိန် ၁၁ သန်းကျော် ထုတ်လုပ်ခဲ့သည်။

 .

ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် Cambodia Rice Federation (CRF) သည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၇၅၀,၀၀၀ တင်ပို့ရန် လျာထားသည်။ ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းအထိ တင်ပို့နိုင်ဖို့ ရည်မှန်းထားသည်။

.

ယမန်နှစ်က ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်စက် ၆၃၇,၀၀၄ တန် တင်ပို့ခဲ့သည်။

ကမ္ဘောဒီးယားသည် ယမန်နှစ်က နိုင်ငံနှင့် ဒေသပေါင်း ၅၉ ခုသို့ ဆန်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၄၁၄ သန်း ရရှိခဲ့ကြောင်း CRF မှ ပြောကြားခဲ့သည်။

.

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

Source khmertimeskh 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 27 June 2023 13:11
Rate this item
(0 votes)