Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် သုံးသိန်း တင်ပို့နိုင်ရန် ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရချင်းသဘောတူညီချက်ဖြင့် ဆန်တန်ချိန် သုံးသိန်းတင်ပို့နိုင် ရန် ဆွေးနွေးနေကြောင်း

စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန် နိုင်ထွန်းက ပြောသည်။ ညှိနှိုင်းဆွေးနွေးမှုကို ယခုလ အတွင်း ပြုလုပ်ခဲ့ပြီး သဘောတူညီချက်ရရှိပါက အများပြည်သူသို့ အသိပေးမည်ဟု ဦးရန်နိုင်ထွန်း ကပြောသည်။

 

‘‘ဘင်္ဂလားဒေ့ရှ်နဲ့ ဆန်သီး ခြား စာချုပ်ချုပ်ရောင်းနိုင်ဖို့ လုပ် နေပါတယ်။ အစိုးရချင်း ဆန် တိုက်ရိုက်ရောင်းချနိုင်ရေး လုပ် ဆောင်နေပါတယ်’’ဟု ဦးရန်နိုင် ထွန်းက ပြောသည်။

 

၂၀၁၇ အတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်း ၀ယ်ယူရန် နှစ်နိုင်ငံအစိုးရနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 

ယင်းအပြင် တရုတ်နိုင်ငံရှိ ကုန်သည်အချို့နှင့်လည်း ပြည် တွင်းမှ ဆန်တင်ပို့ရောင်းချနိုင် ရန် အသေးစိတ် ညှိနှိုင်းဆွေးနွေး ကြောင်း ဦးရန်နိုင်ထွန်းက ဆိုသည်။

 

ယခင်က မြန်မာနိုင်ငံသည် နိုင်ငံ ၄၀ သို့သာ ဆန်တင်ပို့နိုင်ခဲ့ ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံ ၁၄ နိုင်ငံသို့တိုးချဲ့(စုစုပေါင်းနိုင်ငံ ၅၄ နိုင်ငံသို့) တင်ပို့နိုင်ခဲ့ သည်။ယခုဘဏ္ဍာနှစ်တွင် ပြည်ပ သို့ ဆန်တင်ပို့မှုသည် စံချိန်တင် တင်ပို့မှုဖြစ်ပြီး လက်ရှိတွင် ပြည် ပဆန် တင်ပို့မှုမှ ကန်ဒေါ်လာ တစ်ဘီလီယံခန့် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန စာရင်းများ တွင် ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 17:57
Rate this item
(0 votes)