Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရည်အသွေးမြင့် ပါဝင်ပစ္စည်းများဖြင့် တီထွင်ဆန်းသစ်ထားတဲ့ ခနောငါးမှုန့်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ခနော

ငါးမှုန့် မိတ်ဆက်ပွဲ အခမ်းအနားတွင် နာမည်ကျော် အချက်အပြုတ် blogger နှင့် Wut Yee Food House ၏ Founder & CEO ဖြစ်သူ မချိုဝတ်ရည်အား ခနော ငါးမှုန့်၏ Brand Ambassador အဖြစ် ခန့်အပ်ကြောင်း မိတ်ဆက်ကြေငြာခဲ့ပါတယ်။

 

မချိုဝတ်ရည်က ခနော ငါးမှုန့်နှင့် ပတ်သတ်သည့်  အကြောင်းအရာများကို ဝေမျှပေးခဲ့ပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီ အပါအဝင် သတင်းမီဒီယာမှ တာဝန်ရှိသူ နှစ်ဦးနှင့်အတူ စားချင့်စဖွယ် ဟင်းလျာများကို လက်တွေ့ ပြင်ဆင်ချက်ပြုတ်သည့် အစီအစဉ်တွင် ဦးဆောင်ညွှန်ကြားပေးခဲ့ပါတယ်။

 

knorr1

ပြီးနောက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာမှ တာဝန်ရှိသူများကိုလည်း ခနော ငါးမှုန့်နှင့် ချက်ပြုတ်ထားသည့် အရသာရှိသော ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။

 

ကမ္ဘာ့အကြီးမားဆုံး အစားအစာ အမှတ်တံဆိပ်များတွင် တစ်ခုအပါအဝင်ဖြစ်သော ခနောက မြန်မာနိုင်ငံ ဈေးကွက်အတွက် အထူးရည်ရွယ် ထုတ်လုပ်ထားသည့် ထုတ်ကုန်အသစ် ခနော ငါးမှုန့် ကို ၂၆.၃.၂၀၁၇ တွင် စတင် မိတ်ဆက်လိုက်ပါတယ်။

knorr 2

ခနောဟာဆိုရင် လူကြိုက်များ ကျော်ကြားတဲ့ ခနော ကြက်သားမှုန့်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၆ နှစ်က စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် သီးသန့် ထုတ်ကုန်သစ်တစ်မျိုး ထုတ်လုပ်ပေးနိုင်ရန် ရည်မှန်းထားခဲ့ကြောင်း သိရပါတယ်။

 

ယင်းအပြင် ခနောမှ မြန်မာနိုင်ငံတွင် အများဆုံး ချက်ပြုတ်သော ဟင်းလျာများအကြောင်း လေ့လာစုံစမ်းခဲ့ပြီး အဓိက ဟင်းလျာများကို ငါးဖြင့် ချက်ပြုတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ခနော ငါးမှုန့်ကို ဘန်ကောက်မြို့ရှိ ခနော၏ လေ့လာဆန်းသစ်တီထွင်ရေး (R&D) အဖွဲ့နှင့် ဝါရင့် ခနော စားဖိုမှူး Mr Siddharth Raghavan တို့ ပူးပေါင်း စီမံထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

 

ခနော ငါးမှုန့်သည် ရေချိုငါးကြင်းကို ငါးညှီနံ့ မရှိစေဘဲ သင်းပျံ့သော အနံ့ရရှိစေရန် နေ့စဉ် စားသုံးနေကျ မြန်မာ့ဟင်းလျာများနှင့် လိုက်ဖက်မှုရှိသော ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် အချိုးကျ ပေါင်းစပ် ထုတ်လုပ်ထားတာကြောင့် မြန်မာလူမျိုးများ ပိုမို အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

 

ခနော ငါးမှုန့်က ငါးညှီနံ့ အရမ်းမစူးဘဲ သဘာဝ ငါးစစ်စစ်ရဲ့ အချိုအရသာကို ခံစားနိုင်အောင် အရည်အသွေးမြင့် ရေချိုငါးကြင်း ကနေ ထုတ်လုပ်ထားပြီး ကောင်းမွန်တဲ့ မွှေးရနံ့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့နဲ့ အချိုးကျ ရောစပ်ထုတ်လုပ်ထားပါတယ်။

 

ယခုဆိုရင် ခနော ငါးမှုန့်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဈေးဆိုင်၊ စတိုးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ဖြန့်ချိတော့မှာဖြစ်ပါတယ်။

 

ခနော ငါးမှုန့်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဖန်တီးပြုလုပ်ထားသည့် ဓာတုဗေဒပစ္စည်းများ (သို့မဟုတ်) ပါဝင်ပစ္စည်းများ မပါဝင်ပါ။ ထို့အပြင် ကြာရှည်ခံ ဓာတုပစ္စည်းများ အသုံးပြုထားခြင်းမရှိဘဲ သဘာဝအတိုင်း အမှုန့်ဖြစ်အောင် အခြောက်ခံထားခြင်း ဖြစ်ပါတယ်။

 

ခနော ငါးမှုန့်တွင် အဆီနှင့် ကယ်လိုရီ မပါဝင်သောကြောင့် မိသားစုအတွက် အာဟာရပြည့်ဝသည့် အစားအစာများ နေ့စဉ် ချက်ပြုတ်ရန်အတွက် ကျန်းမာရေး အထောက်အကူပြု ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 17:57
Rate this item
(2 votes)