Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘီယာဘုရင် Starbuks ဝယ်ယူ

မြန်မာနိုင်ငံရဲ့ အကြီးဆုံး အရက်ချက်လုပ်ငန်းကြီး ဖြစ်ပြီး နာမည်ကျော် Grand Royal ယာမကာ ထုတ်လုပ်သော Myanmar Distillery Company Group- (MDC) မှ အစုရှယ်ယာတွေ ၀ယ်ယူပိုင်ဆိုင်ထားတဲ့ ThaiBev က ယာမကာလုပ်ငန်းနယ်ပယ်ကို

ချဲ့ထွင်လျက်ရှိတာမှာ ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Starbucks Corp ကော်ဖီလုပ်ငန်းကို ၀ယ်ယူလိုက်ပါတယ်။

 

၂၀၁၇ ခုနှစ်မှာ Myanmar Distillery Company Group- (MDC) မှာ အစုရှယ်ယာဝင်ထားတဲ့ TPG ထံမှ အစုရှယ်ယာ ၇၅% ကို အမေရိကန်ဒေါ်လာ ၇၁၂ သန်းဖြင့် ThaiBev က ၀ယ်ယူခဲ့တယ်။ TPG က အမေရိကန်နိုင်ငံ တက္ကဆက်မှ ဖြစ်ပြီး စတော့ရှယ်ယာ ၀ယ်ရောင်းလုပ်ကိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။

 

ThaiBev ဟာ ထိုင်းနိုင်ငံမှ ယမကာလုပ်ငန်းကြီး ဖြစ်ပြီး စင်ကာပူ စတော့အိပ်ချိန်းမှာ စာရင်းဝင်ထားပါတယ်။ ထိုင်းနိုင်ငံမှာ အရက်နဲ့ ဘီယာ ရောင်းချပြီး စီးပွားဖြစ်နေတာကို ဗုဒ္ဓဘာသာနိုင်ငံမှာ ငွေကိုပဲ ကြည့်ပြီး အရက်တွေနဲ့ စီးပွားရှာနေတယ်လို့ သံဃာတွေနဲ့ ဒကာဒကာမတွေက ကန့်ကွက်ဆန္ဒပြကြတဲ့အခါ ပြဿနာကို ဆင်ဝှေ့ရန်ရှောင် ဖြေရှင်းဖို့အတွက် စင်ကာပူစတော့ အိပ်ချိန်းမှာ ပြောင်းရွှေ့ပြီး စာရင်းအမည်ပေါက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ThaiBev ရဲ့ ပိုင်ရှင် ချာရိုအင် စရီနာဘတ်ကီကို ဘီယာဘုရင်လို့ တင်စားခေါ်ဝေါ်ကြတယ်။ Bloomberg Billionaires Index အရ သူ့ရဲ့ ကြွယ်ဝမှုအစုစုတို့ရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလျံ ရှိတယ်။ ထိုင်းနိုင်ငံ ယာမကာဈေးကွက်ရဲ့ ၉၀% ၀န်းကျင်ကို  ဈေးကွက်ဝေစု ရယူထားတဲ့ ThaiBev ကို သားဖြစ်သူ သာပံန စရီနာဘတ်ကီရဲ့ လက်ထဲမှာ ထည့်ပေးထားတယ်။

 

Read More >>>>>  နာနတ်သီးများ ထွက်ရှိလာသော်လည်း ပြည်ပဈေးကွက် မရှိ၍ ရောင်းအား ကျဆင်းလျက်ရှိ

 

အဖျော်ယမကာ လုပ်ငန်းကို အရက်နဲ့ဘီယာအပြင် အခြားအဖျော်ယမကာနယ်ပယ်များသို့ ချဲ့ထွင်လျက် ရှိတာမှာ ၂၀၁၃ ခုနှစ်က စင်ကာပူမှ အဖျော်ယမကာလုပ်ငန်း  Fraser & Neave (F&N) ကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ ဘီလျံဖြင့် ၀ယ်ယူခဲ့တယ်။

 

F&N ဟာ အချိုရည်အမျိုးမျိုး၊ သောက်ရန်အသင့် လက်ဖက်ရည်၊ ပဲနို့ရည်တို့ကို ထုတ်လုပ်တဲ့အပြင် မြန်မာနိုင်ငံမှာ ဖြန့်ဖြူးတဲ့ 100 Plus အားဖြည့်အချိုရည်ကိုလည်း ထုတ်လုပ်ပါတယ်။

 

ယခုအခါ Starbucks ရဲ့ ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့အပိုင်းကဏ္ဍကို ၀ယ်ယူလိုက်တာဖြစ်ပြီး ရေရှည်အကျိုးကို မျှော်ကိုးပြီး ၀ယ်ယူလိုက်တာလို့ သုံးသပ်ကြတယ်။

 

ချာရိုအင်ရဲ့ ကြွယ်ဝမှုဟာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇ အထိ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး ThaiBev ရဲ့ ထိုင်းပြည်တွင်းဖြစ် ဘီယာနဲ့ အရက်လုပ်ငန်းရဲ့ ၀င်ငွေ လျော့ကျခဲ့တယ်။

 

အဓိကအကြောင်းရင်းက ထိုင်းနိုင်ငံမှာ ဘီယာနဲ့အရက် ကြော်ငြာတာကို ပိတ်ပင်ထားပြီး ယစ်မျိုးခွန်ကို တိုးမြှင့်ကောက်ခံကာ ဘီယာနဲ့ အရက် သောက်သုံးမှု လျော့ကျအောင် စီမံဆောင်ရွက်နေလို့ ဖြစ်ပါတယ်။

 

အဲဒါကြောင့် ဘီယာနဲ့ အရက် မဟုတ်တဲ့ အဖျော်ယမကာအမျိုးအစားတွေကို လိုက်လံဝယ်ယူနေတာဖြစ်တယ်လို့ သုံးသပ်ကြတယ်။ အဲဒါအပြင် ပြည်ပဈေးကွက်မှာ ဘီယာနဲ့အရက် ထုတ်လုပ်ရောင်းချဖို့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုခဲ့တယ်။

 

၂၀၁၇ ခုနှစ်မှာ ThaiBev က ထိုင်းနိုင်ငံမှာ ရှိတဲ့ KFC စားသောက်ဆိုင် ၂၄၀ ကျော်ကို အမေရိကန်ဒေါ်လာ ၃၅၅ သန်း ၀န်းကျင်ဖြင့် ၀ယ်ယူခဲ့တယ်။

 

ThaiBev ဟာ ဘီယာနဲ့ အရက် ကဏ္ဍအပြင်ဘက်မှာ ရှိနေတဲ့ အဖျော်ယမကာနဲ့ စားသောက်ဆိုင် လုပ်ငန်းကဏ္ဍတွေကို ၀ယ်ယူသိမ်းပိုက်ပြီး လုပ်ကိုင်လျက် ရှိပါတယ်။

Read times Last modified on Monday, 08 July 2019 14:06
Rate this item
(2 votes)