Food & Livestock



ဗီယက်နမ်ဆန် တန်ချိန် ၈ သန်းအထိ တင်ပို့မည်

ဗီယက်နမ်ဆန် တန်ချိန် ၈ သန်းအထိ တင်ပို့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်းမှ ၈ သန်းအထိ တင်ပို့နိုင်လိမ့်မည်ဟု နိုင်ငံပိုင်မီဒီယာက သောကြာနေ့(ဩဂုတ် ၁၂)တွင် ဖော်ပြသည်။

 

ယခုနှစ်တွင် ဆန်အထွက်နှုန်းမှာ မက်ထရစ်တန် ၂၇ သန်းမှ ၂၈ သန်းအထိ ရှိမည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Le Minh Hoan က ပြောကြားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြသည်။

 

ဗီယက်နမ်သည် ယမန်နှစ်က အိန္ဒိယနှင့် ထိုင်းပြီးလျှင် တတိယအများဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်ပြီး ယခုနှစ်တွင် ဒုတိယနေရာကို ရနိုင်ဖွယ် ရှိသည်။

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် စပါးအထွက်နှုန်း လုံလောက်ကြောင်း Hoan က ပြောကြားသည်။

 

ဗီယက်နမ်သည် ယခုနှစ် ပထမ ၇ လတွင် ဆန်တန်ချိန် ၄.၈၉ သန်း တင်ပို့ခဲ့သည်။ 

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစားသည် သောကြာနေ့တွင် ခေါ်ဈေး တစ်တန် $630-$640 သို့ ရောက်ရှိနေသည်။

ခေါ်ဈေးသာ ရှိပြီး တင်ပို့ရောင်းချလိုသည့် ကုန်သည် နည်းပါးသည်။ ကုန်သည်အများစုက ဈေးထပ်တက်မည်ကို စောင့်နေကြသည်။


ဗီယက်နမ် ပို့ကုန်ဆန် ဈေးနှုန်းများ စံချိန်သစ်တင် မြင့်တက်

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6636-vietnam-rice.html


ဆန်ကုန်သည်များ ပို့ကုန်စာချုပ်များကို လေးစားလိုက်နာရန် ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး ပြောကြား

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6626-vietnam-rice.html


 

Source Vietnam News Agency

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 12 August 2023 14:03
Rate this item
(0 votes)