Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်တွင် မြန်မာပို့ကုန်များ စုပုံနေ၍ ပစ္စည်းသိုလှောင်ရန် ဂိုဒေါင်အခက်အခဲဖြစ်

တရုတ်နိုင်ငံက ကုန် ပစ္စည်းတင်သွင်းမှု ပိတ်ထားခြင်း ကြောင့် မူဆယ်မြို့တွင် ဆန်၊ ပြောင်းဖူးစေ့၊ သကြားအပါအဝင် မြန်မာပို့ကုန်များ စုပုံနေပြီး ဂိုဒေါင်အခက်အခဲရှိလာကြောင်း မူဆယ် မြို့မှ ကုန်သည်အချို့က ပြောသည်။

 

ဆန်အိတ်ရေ တစ်သိန်း ကျော်အပါအဝင် ပြောင်းဖူးစေ့နှင့် သကြားတန်ချိန် များစွာ ပိတ်မိနေ ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် အသင်းဝင်တစ်ဦးက ပြောသည်။

 

မူဆယ်တွင် ပေ ၄၀× ၈၀ ဂိုဒေါင်တစ်လုံး၏ ငှားရမ်းခသည် ယခင်ထက် ၁၀ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်သည်ဟု ပဲ၊ ပြောင်း၊နှမ်းကုန်စည်ဒိုင် (မူဆယ်)မှ အ သင်းဝင်တစ်ဦးကပြောသည်။

 

တရုတ်အစိုးရက တင်သွင်း ခွင့်ပြုသော ဆန်တန်ချိန် အနည်း ငယ်မှအပ အခြားကုန်ပစ္စည်းများ တင်သွင်းမှုကို လုံးဝပိတ်ထား သဖြင့် ပြည်တွင်းမှ မူဆယ်မြို့သို့ တင်ပို့မှုများ ရပ်နားထားသည်။

 

ယင်း အခြေအနေများ ကြောင့် ကုန်စည် သယ်ယူပို့ ဆောင်ခသည် ရန်ကုန်-မူဆယ်ကုန်ပစ္စည်းတစ်တန်လျှင် ကျပ် ရှစ်သောင်းခန့်မှ ထပ်မံကျဆင်း နေကြောင်း ကုန်ကားပိုင်ရှင်အချို့ က ပြောသည်။

 

တရုတ်နိုင်ငံသို့ ပို့ကုန်ပမာ ဏ လျော့နည်းခြင်းကြောင့် ရန်ကုန်-မူဆယ် ကုန်စည်ပို့ ဆောင်ခ ၂၀ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခဲ့သည်။ ပြည်တွင်း ၌ စက်သုံးဆီဈေး မြင့်တက်လာ ချိန်တွင် ကုန်စည်ရရှိမှုနည်းပါး ခြင်းကြောင့် ပို့ဆောင်ခ ဈေးလျှော့ယူနေရခြင်းက ယာဉ်လိုင်းပိုင်ရှင် များအတွက် အခက်အခဲဖြစ်စေ သည်ဟု အဝေးပြေးကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းရှင်များအ သင်း (မူဆယ်)ဥက္ကဋ္ဌ ဦးဝင်း အောင်ခန့်က ပြောသည်။

 

ယူနန်ပြည်နယ် အစိုးရက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် မှု စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁၅ ရက်မှ ယနေ့အထိ အကောင်အ ထည်ဖော်နေခြင်းကြောင့် မြန်မာ နိုင်ငံမှ ဆန်၊ ဆန်ကွဲအပါအဝင် ပို့ကုန်များ တင်ပို့နိုင်ခြင်းမရှိပေ။

 Read More >>>>>  သစ်သီးရှစ်မျိုးကို တရားဝင် နယ်စပ်ထွက်ပေါက်များမှ တင်ပို့နိုင်ရန် ဆောင်ရွက်

နှစ်နိုင်ငံနယ်စပ် ကုန်သွယ် ရေးလုပ်ငန်းများတွင် ကုန်သည် များသာမက အလုပ်သမားများ လည်း အခက်အခဲဖြစ်နေပြီး ဆန် အိတ်ထမ်းသူများအပါအဝင် အ လုပ်သမားများ အလုပ်အကိုင် မရှိခြင်းကြောင့် နေရပ်ပြန်သူများ ရှိနေသည်ဟု ဆိုသည်။

 

ယူနန်အစိုးရက တရားမဝင် ကုန်သွယ်မှု တားဆီးရေးဆောင်ရွက်ရာတွင် ဖမ်းမိကုန်ပစ္စည်းများ သိမ်းဆည်းရုံမက တရားမဝင် ကုန်ပစ္စည်းဝယ်ယူသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးနေခြင်း ကြောင့် မူဆယ်သို့ တရုတ်ကုန် သည်များ မလာကြောင်း မူဆယ် ဆန်ကုန်ဒိုင်အသင်းဝင်တစ်ဦးက ပြောသည်။

 

source: 7 day news

Read times Last modified on Tuesday, 26 March 2019 11:16
Rate this item
(1 Vote)