Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေး သင်္ကြန်အပြီးတွင် ကျဆင်းနိုင်

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ယခင်ရက်များအတွင်း ကားအ၀င်နည်းသည့်အတွက်

ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာသော်လည်း အထွက်ကောင်းသဖြင့် သင်္ကြန်ကာလအပြီးတွင် ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်များက ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီကား အစီး ၅၀ ၀န်းကျင်အထိ ၀င်ရောက်ရာမှ ယမန်နေ့က နယ်စုံမှ ၂၆ စီးသာ ၀င်ရောက်တဲ့အတွက် ကြက်သွန်နီ အောက်စ တစ်ပိဿာလျှင် ၅၅၀ ကျပ်မှ ထိပ်စ တစ်ပိဿာလျှင် ၇၀၀ ကျပ် မှ ၇၅၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါတယ်။

 

လက်ရှိတွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ ကြက်သွန်နီအနည်းငယ်တင်ပို့လျက်ရှိပြီး မိုးကြက်သွန်နီများကို ဇူလိုင်လနှင့် သြဂုတ်လ တို့တွင် စိုက်ပျိုးလေ့ရှိကြောင်း သိရပါတယ်။

 

နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ဈေးကွက်အတွင်းသို့ ရောင်းချလေ့ရှိကာ ဆောင်းကြက်သွန်နီများမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ နှင့် မတ်လအတွင်းထွက်ရှိကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:34
Rate this item
(1 Vote)