Food & Livestock
ယခုနှစ် ဇွန်လကုန်၌ အင်ဒိုနီးရှားနိုင်ငံတွင် ဆန်လက်ကျန် တန်ချိန် ၉.၇၁ သန်းကျန်ရှိ
ယခုနှစ်အတွင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအေဂျင်စီ (BPS) တို့ပူး ပေါင်း၍ နိုင်ငံ၏ ဆန်စပါးလက်ကျန်စစ်တမ်းကို
ပြည်နယ် ၃၄ ခုရှိ ခရိုင်/ မြို့ငယ် ၄၉၀ တွင် ပြုလုပ်ခဲ့ပါသည်။ အလားတူစစ်တမ်းကို ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့ဖူးပါသည်။
နိုင်ငံ၏ ဆန်လက်ကျန်အနေအထားအပေါ် အထောက်အထားဖြင့် သိရှိထားခြင်းအားဖြင့် နိုင်ငံတော်၏ ဖြန့်ဖြူးမှုနှင့် အနေအထားကို ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ စားနပ်ရိက္ခာသီးနှံ ညွှန်ကြားရေးမှူးချုပ် ဆူဝမ်ဒီက မှတ်ချက်ပြုပြောကြားပါသည်။
ယခုပြုလုပ်သည့် စစ်တမ်း အရ အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်၊ ဇွန်လကုန်၌ ဆန်လက်ကျန် ၉.၇၁ သန်း ရှိနေပါသည်။ ၆၇.၉၄ ရာခိုင်နှုန်းမှာ အိမ်ထောင်စုများ၏ လက်ဝယ်၌လည်းကောင်း၊ ၁၁.၄၀ ရာခိုင်နှုန်းမှာ Bulog တွင်လည်းကောင်း ရှိနေပါသည်။ ဆန်စက်များတွင် ၇.၁၅ ရာခိုင်နှုန်းနှင့် ကုန်သည်များထံတွင် ၁၀.၆၇ ရာခိုင်နှုန်းရှိကြောင်း သိရပါ သည်။
BULOG ဟု လူသိများသော Indonesia Logistics Bureau (Indonesian: Badan Urusan Logistik) သည် နိုင်ငံပိုင် ကုမ္ပဏီဖြစ်ပြီး ဆန်စပါး အပါအဝင် စားနပ်ရိက္ခာ သိုလှောင်ဖြန့်ဖြူးရေးနှင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေးတို့ကို ဆောင်ရွက်ပါသည်။ ဆန်လက်ကျန်များအနက် တန်ချိန် ၃.၄၁ သန်းကို စပါးအနေဖြင့် သိမ်းဆည်းထားကြပြီး၊ တန်ချိန် ၆.၂၄ သန်းကို ဆန်အဖြစ်ပြောင်းလဲ၍ သိမ်းဆည်းထားပါသည်။
#MyanmarFoodIndustryGuide
Source: cnbcindonesia




