Food & Livestock



ဖိလစ်ပိုင်တွင် ဆန် လက်လီဈေးနှုန်းများ လျော့ကျရန် ဆန်သွင်းကုန်ခွန်များ လျှော့ချဖို့ ဝန်ကြီးဌာနများ အဆိုပြု

ဖိလစ်ပိုင်တွင် ဆန် လက်လီဈေးနှုန်းများ လျော့ကျရန် ဆန်သွင်းကုန်ခွန်များ လျှော့ချဖို့ ဝန်ကြီးဌာနများ အဆိုပြု

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြစ်စေသော ဆန် လက်လီဈေးနှုန်းများ မြင့်တက်လာခြင်းကို တားဆီးရန် တင်သွင်းသည့် ဆန်များအပေါ် အခွန်လျှော့ချခြင်း အပါအဝင် အစီအမံများကို ဖိလစ်ပိုင်ဘဏ္ဍာရေး ဝန်ကြီးဌာနက အကြံပြုထားကြောင်း ၎င်းဝန်ကြီးဌာန အတွင်းဝန်က ပြောကြားသည်။

 

 ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စီးပွားရေးစီမံကိန်းဝန်ကြီးဌာနတို့သည် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သည့် အကောက်ခွန် ၃၅ ရာခိုင်နှုန်းကို သုညမှ ၁၀ ရာခိုင်နှုန်းကြား လျှော့ချရန် အကြံပြုထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် Benjamin Diokno က သတင်းထောက်များအား ပြောကြားသည်။

 

ရှေးယခင်က အာဆီယံ ပြင်ပမှ တင်သွင်းသည့် ဆန်အပေါ် သွင်းကုန်ခွန် ၄၀-၅၀% စည်းကြပ်ခဲ့ပြီး အာဆီယံနိုင်ငံမှ တင်သွင်းသည့်ဆန်အပေါ် ၃၅% စည်းကြပ်ခဲ့သည်။ ၂၀၂၁ တွင် အာဆီယံ ပြင်ပမှ တင်သွင်းသည့် ဆန်အပေါ် ၃၅% စည်းကြပ်ရန် လျှော့ချသတ်မှတ်ခဲ့သည်။ အာဆီယံနိုင်ငံမှ တင်သွင်းသည့်ဆန်အပေါ် စည်းကြပ်သည့်နှုန်းထားနှင့် အတူတူ ဖြစ်သွားသည်။

 

၎င်းဝန်ကြီးဌာနများသည် ပုဂ္ဂလိကကဏ္ဍမှ အချိန်မီ ဆန်တင်သွင်းကြရန် တိုက်တွန်းနေပြီး သတ်မှတ်ချက်များ ပြည့်မီသော တင်သွင်းသူများအတွက် လိုအပ်သည့် စာရွက်စာတမ်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးလျက်ရှိသည်ဟု Diokno က ပြောကြားသည်။

 

ဩဂုတ်လတွင် ဝန်ကြီးဌာနမှ မတ်ထရစ်တန်ချိန် ၅၀၀,၀၀၀ ခန့် ထပ်မံတင်သွင်းရန် အကြံပြုထား သည်။ ယခုနှစ် နိုဝင်ဘာလမှ နောက်နှစ် ဇန်နဝါရီလအတွင်း တင်သွင်းကြရမည် ဖြစ်သည်။

 

ကမ္ဘာ့ ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံတစ်ခု ဖြစ်သော ဖိလစ်ပိုင်တွင် စားသုံးသူများကို အကာအကွယ်ပေးဖို့အတွက် အများဆုံး ဆန်ဈေးနှုန်းများကို ယခင် သီတင်းပတ်က သတ်မှတ်ခဲ့သည်။

ဖိလစ်ပိုင်တွင် ဇူလိုင်လမှာ ဆန်ဈေး ၄.၂% မြင့်တက်သည်။ ၂၀၁၉ နောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။ 

စက်တင်ဘာ အောက်တိုဘာ စပါးရိတ်သိမ်းချိန်တွင် စပါးဈေး ဆန်ဈေး တည်ငြိမ်သွားမည်ဟု မျှော်လင့်ရသည်။

 

Source: Reuters

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 373 times Last modified on Monday, 11 September 2023 18:57
Rate this item
(0 votes)