Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ မြန်မာ့လက်ဖက်ခြောက် စမ်းသပ်တင်ပို့မည်

တရုတ်နိုင်ငံသို့ ဧပြီလကုန်ပိုင်းတွင် လက်ဖက်ခြောက် စမ်းသပ်တင်ပို့မည်ဖြစ်ကြောင်း ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

 

ဧပြီလအတွင်း တရုတ်သို့စမ်းသပ်တင်ပို့မည့် လက်ဖက်များ အပြီးသတ်ထုတ်လုပ်ပြီးပါက တရုတ်မှဝယ်လက်များနှင့် တင်ပို့ရမည့်ပမာဏကို ထပ်မံညှိနှိုင်းရမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
“တရုတ်ကိုပို့ဖို့ သူတို့ကြိုက်တဲ့ လက်ဖက်မျိုးကိုလည်း သီးသန့်ထပ်ထုတ်ထားတယ်။

 

သူကလက်နဲ့လှော်ရတယ်။ လုပ်ရတာ အနုပညာအရမ်းဆန်တယ်”ဟု ပလောင်လက်ဖက်အသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောကြားသည်။

 

Read More >>>>>  အရည်အသွေးကောင်း သရက်သီးများ ထုတ်လုပ်တင်ပို့နိုင်ရေး သရက်နည်းပညာ ဖွံ့ဖြိုးရေးအသင်း အခမဲ့ သင်တန်းပို့ချပေးမည်

 

တရုတ်နိုင်ငံသည် Hand Make Green Tea ကို အများဆုံးကြိုက်နှစ်သက်ပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲမှနှစ်သောင်းကြားအထိ ဈေးရရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

 

ထို့ပြင် လက်ဖက်ခြောက်ကို ဂျာမနီ၊ ပြင်သစ်နှင့် ချက်နိုင်ငံတို့ကိုလည်း စမ်းသပ်တင်ပို့လျက်ရှိပြီး ယင်းနိုင်ငံများမှ ဝယ်လက်များက ယခု ၂၀၁၉ ခုနှစ်အအတွင်း မြန်မာနိုင်ငံရှိ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကို လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

 

တောင်ပေါ်ဒေသများတွင်စိုက်ပျိုးသည့် လက်ဖက်စိုက်တောင်သူများအနေဖြင့် လက်ဖက်စိုက်ပျိုးရာတွင် ခေတ်မီစက်ကိရိယာများလိုအပ်ခြင်း၊ လုပ်သားအခက်အခဲ၊ မြေယာ၊ ငွေကြေးအရင်းအနှီးနှင့် လျှပ်စစ်မီးအလုံအလောက်မရရှိခြင်း စသည့်အခက်အခဲများကြုံတွေ့နေရကြောင်း လက်ဖက်စိုက် တောင်သူများထံမှ သိရသည်။

 

လက်ဖက်ကို မိုးကုတ်၊ ကျောက်မဲ၊ နမ့်စန်၊ နမ့်ခမ်း၊ ရွာငံ၊ ပင်းတယ စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး လက်ဖက်စိုက်ဧကပေါင်း နှစ်သိန်းခန့်ရှိကာ လက်ဖက်ကိုဧပြီလတွင် စတင်စိုက်ပျိုးကာ နိုဝင်ဘာလတွင် ခူးဆွတ်လေ့ရှိကြောင်း ပလောင်လက်ဖက်အသင်းထံမှ သိရသည်။

 

Source: The Voice

Read times Last modified on Friday, 08 March 2019 13:16
Rate this item
(1 Vote)