Food & Livestock



ဖိလစ်ပိုင်သမ္မတ မားကို့စ် ဆန်ဈေးနှုန်း ပြဋ္ဌာန်းချက်များ ပြန်ရုပ်သိမ်း

ဖိလစ်ပိုင်သမ္မတ မားကို့စ်  ဆန်ဈေးနှုန်း ပြဋ္ဌာန်းချက်များ ပြန်ရုပ်သိမ်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

"ဒီနေ့ကစပြီး၊ ပုံမှန်ဆန်အတွက်ရော ဆန်အကောင်းစားအတွက်ရော ဆန်စျေးနှုန်း ပြဋ္ဌာန်းချက်တွေကို ကျွန်တော်တို့ ရုတ်သိမ်းလိုက်ပါပြီ" ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက  ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၄) တွင် ပြောကြားသည်။

ဆန်အကြမ်းနှင့် ဆန်အချော ၂ မျိုးစလုံးအတွက် အများဆုံး ဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်းထားခြင်းကို တလနီးပါးအကြာတွင် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

 

မားကို့စ်သည် စိုက်ပျိုးရေးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ဈေးနှုန်းပြဋ္ဌာန်းချက် ရုပ်သိမ်းရန် သင့်လျော်သော အခြေအနေ ရောက်ရှိကြောင်း ပြသသည့် ကိန်းဂဏန်း အချက်အလက်များ ဆွေးနွေးတင်ပြခဲ့ကြပြီး နောက်တစ်‌ရက်တွင် မားကို့စ်က ဆန်ဈေးနှုန်း ပြဋ္ဌာန်းသည့် အမိန့်စာကို ရုပ်သိမ်းကြောင်း ပြောကြားခဲ့သည်။

 

မားကို့စ်သည် စက်တင်ဘာ ၅ ရက်မှ စတင်ကာ ဆန်ဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရန် အမိန့်ပေးခဲ့သည်။ ဆန်လှောင်သူများ၊ ဆန်မှောင်ခိုများကို တားဆီးရန် ရည်ရွယ်သည်။ ဈေးကစားသူတို့က ဆန်ဈေးကို တစ်ကီလိုဂရမ် ပီဆို ၆၀ အထိ မြင့်တက်စေခဲ့သည်။

 

ဆန်ဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းချက်အရ ဆန်အမျိုးအစားအပေါ် မူတည်ပြီး တစ်ကီလိုဂရမ် ဆန်ကြမ်း ၄၁ ပီဆို နှင့် ဆန်ချော ၄၅ ပီဆိုဖြင့် ရောင်းချကြရသည်။

သို့ဖြစ်ရာ ဆန်လက်လီအရောင်းဆိုင်များသည် သယ်ပို့စရိတ်များ မြင့်တက်နေသဖြင့် ဆန်ရောင်းသည့်အတွက် အမြတ်မရနိုင်တော့ချေ။ 

ထိုအခါ အစိုးရက သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆန်လက်လီအရောင်းဆိုင်ပိုင်ရှင်များကို ထောက်ပံ့ကြေး တဦးလျှင် ပီဆို ၁၅,၀၀၀ ပေးအပ်သည်။ 

၎င်းမူဝါဒကြောင့် ကုန်သည်များက လယ်သမားများထံမှ စပါးဝယ်ယူသည့် ဈေးနှုန်းများကို လျှော့ချပြီး ချိန်ညှိကြသည်။ 

 

သမ္မတ၏ စီးပွားရေးအဖွဲ့သည် စျေးနှုန်းသတ်မှတ်မူဝါဒကို ထောက်ခံသော်လည်း ဈေးနှုန်းပြဋ္ဌာန်းချက်အမိန့်စာကို အံအားသင့်မိကြကြောင်း ဘဏ္ဍာရေးဝန်ကြီး Benjamin Diokno က ပြောကြားသည်။

 

ဘဏ္ဍာရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Cielo Magno က Facebook တွင် ရောင်းလိုအားနှင့် ဝယ်လိုအား နိယာမ ဂရပ်ပုံကို တင်ပြပြီး ၎င်းအမိန့်စာကို ဝေဖန်ခဲ့ရာ သူမကို ရာထူးမှ နုတ်ထွက်စာ တင်စေခဲ့သည်။

 

photo_2023-10-04_18-04-40.jpg

 

ဘဏ္ဍာရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Cielo Magno

 

photo_2023-10-04_18-04-35.jpg

 

စီးပွားရေးသီအိုရီအရ စျေးနှုန်းကို အများဆုံးတန်ဖိုး သတ်မှတ်ပြီး ကန့်သတ်ထားခြင်းသည် ဝယ်လိုအား တိုးလာပြီး ရောင်းလိုအား ကျဆင်းစေကာ ဟန်ချက်ပျက်ပြီး ပြတ်လပ်မှုကို ဖြစ်ပေါ်စေသည်။

 

စိုက်ပျိုးရေးဌာန၏အဆိုအရ လက်လီရောင်းချသူများ၏ ၈၀% မှ ၉၀% အထိသည် ၎င်းအမိန့်စာကို အကောင်အထည်ဖော်ချိန်မှစ၍ စျေးနှုန်းကန့်သတ်ချက် လိုက်နာခဲ့ကြသည်။

 

ဗုဒ္ဓဟူးနေ့တွင် မားကို့စ်က နိုင်ငံတွင်း ဆန်ထောက်ပံ့မှုသည် လုံလောက်ပြီး ရိတ်သိမ်းရာသီတွင် အချိန်မီ ပိုများလာမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

 

သူက လယ်သမားများနှင့် ဆင်းရဲနွမ်းပါးသော မိသားစုများကို ဆက်လက်ကူညီမည်ဟု ကတိပြုခဲ့သည်။

 

photo_2023-10-04_18-04-10.jpg

 

 

ဆန်လှောင်ခြင်း(rice hoarding) နှင့် မှောင်ခိုခြင်း(smuggling) တို့ကို အရေးမယူသည့်အတွက် ဝေဖန်မှုများ ရှိနေသည်ကိုလည်း မားကို့စ်က တုံ့ပြန်ပြောကြားခဲ့သည်။

 

သမ္မတက ဆန်လှောင်လက်များ ဖြစ်ပြီး မှောင်ခို လက်လီရောင်းသည့် လုပ်ငန်း ၃ ခု  San Pedro Warehouse, Blue Sakura Agri Grain Corporation, FS Ostia Rice Mill နှင့် Gold Rush Rice Mill တို့ကို အရေးယူထားကြောင်း ပြောကြားသည်။ 

 

photo_2023-10-04_18-04-15.jpg

ဖမ်းဆီးရမိသည့် လှောင်ထားသည့် ဆန်များ 

 

ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနမှ အင်္ဂါနေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ နိုင်ငံ၏ စုစုပေါင်းဆန်လက်ကျန်သည် မက်ထရစ်တန်ချိန် ၃ ဒသမ ၂၈ သန်းရှိပြီး ၅၂ ရက်စာ ဖူလုံသည်။

 

Source rappler


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 04 October 2023 18:09
Rate this item
(0 votes)