Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ဘောသီးဈေးကွက် ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ထိုင်ဝမ်သင်္ဘောကို  စီးပွားဖြစ်စိုက်ပျိုးမှု များပြားလျက်ရှိရာ ဈေးကွက်ကောင်းမွန်ကာ သီးနှုန်းကောင်းမွန်သဖြင့် အဆင်ပြေလျက် ရှိကြောင်း သိရသည်။

လက်ရှိကာလ ထိုင်ဝမ်သင်္ဘောစိုက်ပျိုးမှုတွင် ရွှေနီ(၁၆၈)မျိုးကို အများဆုံး စိုက်ပျိုးကြရာ ပျိုးထောင်မှုမပြုလုပ်မီ ပျိုးအိတ်အတွင်း မြေဆီမြေဆွေးများကို ရောစပ်ထည့်ကာ ပိုးသတ်ထားရသည်။ပိုးသတ်ပြီး  မျိုးအိတ်အတွင်း ထိုင်ဝမ်သင်္ဘောမျိုးစေ့ ထည့်ကာ ပျိုးထောင်ကြရသည်။ ပျိုးထောင်ပြီး ၄၅  ရက်အကြာတွင် မြေချကာစိုက်ပျိုးကြရပြီး သင်္ဘောပင်များကို ရေလောင်းခြင်း၊ ပေါင်းဆွခြင်း၊ မြေသြဇာကျွေးခြင်းများကို စနစ်တကျပြုလုပ်ကာ စိုက်ပျိုးကြရ သည်။

 

မြေချစိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အပင်ပတ်လည် ပေါင်ဖို့ခြင်းများ ပြုလုပ်ပေးရသည်။ နောက်ပိုင်းတွင် အပင်ခြေပေါင်းမရှုပ်ရေး  ဂရုတစိုက်ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး ခြောက်လကျော်  ခုနစ်လတွင် သင်္ဘောပင်များ  အပွင့်ပွင့်ကြသည်။ စတင်စိုက်သည်မှစကာ ရှစ်လ၊ ကိုးလတွင်သင်္ဘောသီး ဆွတ်ခူးကြရသည်။

 

သင်္ဘောပင်တစ်ဧက စိုက်ပျိုးပါက စိုက်စရိတ်နုတ်ပြီး  ငွေကျပ်သိန်းခြောက်ဆယ်အထိ အမြတ်ရရှိသည်။သင်္ဘောသီးဈေးကွက် အတက်အကျအလိုက်  ရရှိသည့် ငွေကြေးပမာဏ ကွာခြားသွားသည်များလည်း ရှိသည်။ သင်္ဘောသီးမှာ ဈေးကွက်ခိုင်မာပြီး ဝယ်ယူသူများ ခြံထဲအထိကိုယ်တိုင် ဆွတ်ခူးသည့်စနစ်ဖြင့်   ရောင်းချပေးကြသည်။ သင်္ဘောသီး ရောင်းချရာတွင် အစိမ်းရောင်းချခြင်းနှင့် အမှည့်ရောင်းချခြင်းဟူ၍ နှစ်မျိုးရောင်းချကြသည်။

 

လက်ရှိကာလ သင်္ဘောသီးအကြီးတစ်လုံးလျှင် ဖောက်သည်သွင်းဈေး ငွေကျပ် ၁၂ဝဝ၊ အလတ်တစ်လုံးလျှင် ငွေကျပ်  ၈ဝဝ  ဖြင့် ရောင်းချကြောင်း သိရသည်။       

Source: Myawaddy

Read times
Rate this item
(1 Vote)