Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု လေးကြိမ်ရှိပြီဖြစ်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်သော ဒေသအချို့တွင် ရောဂါနမူနာရယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်

 မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှု လေးကြိမ်ရှိပြီဖြစ်၍ တရုတ်နိုင်ငံနှင့်

နယ်နိမိတ် ထိစပ်လျက်ရှိသော ဒေသအချို့တွင် ရောဂါနမူနာရယူ စုဆောင်းခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှု လေးကြိမ်ရှိပြီဖြစ်ပြီး ယင်းတို့အနက် မြန်မာနိုင်ငံနှင့် အလွန်နီးစပ်သည့် ဒေသများတွင် ရောဂါဖြစ်ပွားမှု နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ပထမအကြိမ်မှာ ယူနန်ပြည်နယ် Liushum  မြို့နယ်ရှိ Guanfang ကျေးရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဒေသသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နယ်မြေချင်းနီးစပ်သည့် ဒေသဖြစ်ကြောင်း၊ ဒုတိယအကြိမ်မှာ ယူနန်ပြည်နယ် Lishui ရှိ Nujiang Lisu ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝက်အကောင်ရေ ၃၀၀ မွေးမြူထားသည့် ခြံတစ်ခြံတွင် ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဝက် ခြောက်ကောင် ရောဂါဖြစ်ပွားရာ နှစ်ကောင် သေဆုံးကြောင်းနှင့် ယင်းဒေသသည်  မြန်မာနိုင်ငံအတွင်းရှိ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း နီးစပ်သည့်ဒေသဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

“မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနအနေနဲ့ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက် တစ်ရပ်ကို  ထုတ်ပြန် ကြေညာထားပါတယ်။ နိုင်ငံအတွင်း ရောဂါဖြစ်ပွားလာခဲ့ရင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ကိုလည်း အစီအမံတွေ ချမှတ်ထားပြီး နယ်နိမိတ် ထိစပ်နေတဲ့ ဒေသတွေမှာလည်း ရောဂါနမူနာ ရယူစုဆောင်းတာ၊ ဓာတ်ခွဲ စမ်းသပ်တာတွေကိုလည်း ဆောင်ရွက်နေပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

Read More >>>>>  ရွှေဖရုံသီး၏ အကျိုးကျေးဇူးများ

 

 ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင်ဖြစ်ပွားလျက်ရှိသည့် အာဖရိက ဝက်အပြင်းဖျားရောဂါမှာ ယခုအခါ အရှေ့တောင်အာရှ ဒေသသို့ စတင်ကူးစက် ပြန့်နှံ့ခဲ့ကြောင်းနှင့် ယင်းရောဂါမှာ လူသားများသို့ ကူးစက်မှု လုံးဝမရှိခြင်းကြောင့်  သက်သာရာရသည်ဟု ဆိုနိုင်သော်လည်း ရောဂါအား ထိန်းချုပ်၍ ကာကွယ်ဆေးများ မရှိသေးခြင်းကြောင့် ရောဂါဝင်ရောက်ပြီးပါက အမြစ်ဖြတ် သုတ်သင်ရှင်းလင်းနိုင်ရန် မလွယ်ကူကြောင်း သိရသည်။

 

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ စတင်ဖြစ်ပွားကြောင်းကို ၂၀၁၈ ခုနှစ် သြဂုတ် ၃ရက်တွင် တရုတ်အစိုးရ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေငြာခဲ့သည်။ အာဖရိက ဝက်အပြင်းဖျားရောဂါသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသ နှင့် အရှေ့ပိုင်းဒေသတို့ရှိ ပြည်နယ်အချို့ရှိ ဝက်ခြံပေါင်း ၁၀၀ ကျော်တွင် ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ၉၅၀၀၀၀ အား သုတ်သင် ရှင်းလင်းခဲ့ရသောကြောင့် မိမိနိုင်ငံရှိ ဝက်ခြံများကိုလည်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။  

Source: Eleven

Read times Last modified on Thursday, 14 March 2019 09:57
Rate this item
(1 Vote)