Food & Livestock



ကမ္ဘာ့ဆန်ဈေး မြင့်တက်ခြင်းကြောင့် မလေးရှား ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရ

ကမ္ဘာ့ဆန်ဈေး မြင့်တက်ခြင်းကြောင့် မလေးရှား ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

မလေးရှားတွင် အိမ်‌ေထောင်စုများသည် အသုံးစရိတ်ချွေတာနေကြရသဖြင့် စျေးနှုန်းမြင့်မားသော စားသောက်ကုန်အစား ဈေးသက်သာသည်ကို ရွေးချယ်ဝယ်ယူကြသည်ဖြစ်ရာ သွင်းကုန်ဆန် ဈေးနှုန်းများ မြင့်တက်သည့်အတွက် ဈေးသက်သာသည့် ပြည်တွင်းထွက် ဆန်များကို ပြောင်းလဲ စားသုံးလာကြရာ ဝယ်လိုအား မြင့်တက်ပြီး  ပြည်တွင်းထွက်ဆန် ပြတ်လပ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

 

မလေးရှားတွင် တနိုင်ငံလုံး ဆန်စားသုံးမှု၏ ၇၀% ကိုသာ ပြည်တွင်းဆန်က ဖြည့်တင်းပေးနိုင်သည်။ သို့ဖြစ်ရာ မလေးရှား အစိုးရသည် ပြည်တွင်း စပါး ထုတ်လုပ်မှု မြှင့်တင်ရန် အစီအစဉ်များကို စတင်ချမှတ် ကျင့်သုံးသည်။

 

စူပါမားကတ်များနှင့် အသေးစားကုန်စုံဆိုင် အများအပြားတွင် ပြည်တွင်းထုတ်ဆန်ဖြူ  ၅ ကီလိုဂရမ်နှင့် ၁၀ ကီလိုဂရမ်အိတ်များ တင်လိုက်သည်နင့် လာဝယ်ကြရာ လက်ကျန်မရှိတော့သည်အထိ ဖြစ်နေသည်။

 

မလေးရှားတွင် ပြည်တွင်းဆန်ဖြူ အများဆုံး ဈေးနှုန်းကို ကန့်သတ်ပြဋ္ဌာန်းထားသည်။ ၁၀ ကီလိုဂရမ် ၂၆ ရင်းဂစ်($5.54)ထက် မပိုရဟု ပြဋ္ဌာန်းထားသည်။ ၎င်းဈေးနှုန်းကို ကမ္ဘာ့ဆန်ဈေးနှုန်းများ မတက်ခင်က သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ 

 

မလေးရှားနိုင်ငံသည် အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်ဖြူများ အများဆုံး တင်သွင်းသည်။

 

ပြည်ပမှတင်သွင်းသည့်ဆန်များသည် ကမ္ဘာ့ဆန်ဈေးနှုန်း တက်သည့်အလျောက် ဈေးနှုန်းများ မြင့်တက်သည်။

 

မလေးရှားတွင် ဆန်ဖြန့်ဖြူးမှုကို ထိန်းချုပ်သည့် မလေးရှားလုပ်ငန်းစု Padiberas Nasional (Bernas) သည်မကြာသေးမီက ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှုကို ချိန်ညှိရန် စက်တင်ဘာလ ၁ ရက်တွင် တင်သွင်းသော ဆန်လက်လီစျေးနှုန်းကို ၃၆ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။ ပြည်ပဆန် ဈေးနှုန်းသည် ၁၀ ကီလိုဂရမ် ရင်းဂစ် ၃၀ မှ ၇၀ အထိ ရှိသည်။

သို့ဖြစ်ရာ ပြည်ပဆန်နှင့် ပြည်တွင်းဆန်တို့အကြား ဈေးနှုန်း ကွာဟချက် ကြီးမားသွားသည်။ထိုအခါ စားသုံးသူတို့က ဈေးသက်သာသည့်  ပြည်တွင်းဆန်ကို ဝယ်ယူကြသည်။ 

 

ပြည်ပသွင်းကုန်ဆန်နှင့် ပြည်တွင်းထွက်ဆန်တို့အကြား ဈေးနှုန်း ကွာဟချက် ပိုများလာနေသဖြင့် ယခင်က မဝယ်ခဲ့ကြသည့် ပြည်တွင်းထွက်ဆန်တို့ကို ယခုအခါ သူ့ထက်ငါ ဦးအောင် ဝယ်ယူနေကြသဖြင့် ပြတ်လပ်သည့်အဖြစ်ကီု ကြုံနေရသည်ဟု စူပါမားကက်များ ဖွင့်လှစ်သည့် လုပ်ငန်းကြီး Mydin မှ ညွှန်ချုပ် Ameer Ali Mydin က ပြောကြားသည်။

“‌ေဈးနှုန်း ကွာဟချက်တွေကို မြင်ရင် လူတွေထိတ်လန့်သွားလို့ ပြည်တွင်းဆန် ဝယ်ကြလို့  ပြတ်လပ်မှုတွေ ဖြစ်နေတယ်။ ထိတ်လန့်တကြားနဲ့ ၀ယ်လိုက်ကြတယ်။ လိုတာထက် ပိုပြီး ဝယ်သိမ်းထားကြတယ်။ လူတိုင်းက ဆန် တအိတ် နှစ်အိတ် ပိုဝယ်ကြတော့ ဝယ်တဲ့သူဦးရေ သောင်းချီနေတဲ့အခါ ဆန်တွေ တန်နဲ့ချီပြီး ဈေးကွက်ထဲက ထွက်သွားတယ်" ဟု သူက ပြောသည်။

 

အစိုးရက ပြည်တွင်း စပါးထုတ်လုပ်မှု တိုးစေမည့် အစီအစဉ်များကို စတင်အကောင်အထည်ဖော်သည်။ 

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဒုဝန်ကြီး Chan Foong Hin က အစိုးရသည် တစ်ဟက်တာလျှင် ၅ တန် စပါးထွက်သည်ကို ပျမ်းမျှ ၇ တန်အထိ အထွက်နှုန်း တိုးစေရန် ပြည်နယ်အများအပြားတွင် အကြီးစား စပါးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လွှတ်တော်သို့ ပြောကြားခဲ့သည်။

 

 photo_2023-10-04_18-16-40.jpg

 

Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 521 times Last modified on Wednesday, 04 October 2023 18:17
Rate this item
(0 votes)