Food & Livestock



မလေးရှား ဆန်ပြဿနာ အချက် ၄ ချက်ဖြင့် ကိုင်တွယ်ဖြေရှင်း

မလေးရှား ဆန်ပြဿနာ အချက် ၄ ချက်ဖြင့် ကိုင်တွယ်ဖြေရှင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကျေးလက်ဒေသများသို့ ပြည်တွင်းဆန်ဖြူ ပေးဝေမှု တိုးမြှင့်ခြင်း၊ ဆာဘတ်သ် နှင့် ဆာရာဝပ် ပြည်နယ်တို့တွင် ပြည်ပမှ တင်သွင်းသည့် ဆန်အတွက် အစိုးရက စရိတ်များ ထောက်ပံ့ပေးခြင်းတို့သည် ပြည်တွင်း ဆတ်ပြတ်လပ်မှုများကို  ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်ရမည့် အစီအမံ လေးခုအနက်မှ တစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ပြောကြားခဲ့သည်။

ပြည်ထောင်စု စိုက်ပျိုးရေး စျေးကွက်ရှာဖွေရေး အာဏာပိုင်အဖွဲ့ Federal Agricultural Marketing Authority (Fama) ကို ကျေးလက်ဒေသများသို့ ပြည်တွင်းဆန်ဖြူ ဖြန့်ဖြူးမှု တိုးမြှင့်ရန် ညွှန်ကြားထားကြောင်း၊ ကုန်ခြောက်စတိုးဆိုင်များသို့လည်း တိုးမြှင့် ဖြန့်ဖြူးမည်ဖြစ်ကြောင်း  မိုဟာမက်က ပြောကြားသည်။

လက်ရှိ ပြည်တွင်းဆန်ဖြူဈေးမှာ တစ်ကီလိုလျှင် ၂.၆၀ ရင်းဂစ် ဖြစ်ပြီး ၎င်းဈေးနှုန်းကို ၂၀၁၈ ခုနှစ် ကတည်းက ပြဋ္ဌာန်းပေးထားခြင်း ဖြစ်သည်။

 

“ပြည်တွင်းဆန်ဖြူ ၁၀ ကီလိုဂရမ်ကို အမြတ် ၀.၅ ရင်းဂစ်သာ ရရှိတဲ့အတွက် အစိုးရက Fama ကို ဖြန့်ဖြူးဖို့အတွက် သယ်ယူပို့ဆောင်စရိတ် ထုတ်ပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။

 

ဆာဘတ်သ် နှင့် ဆာရာဝပ် ပြည်နယ် နှစ်ခုတို့တွင် ပြည်ပမှ တင်သွင်းလာသော ဆန်ဖြူကို ၁၀ ကီလိုဂရမ် အထုပ် တထုပ်လျှင် ၃၁ ရင်းဂစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ ၎င်းဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြည်ပမှ တင်သွင်းလာသော ဆန်ဖြူ တစ် မက်ထရစ်တန်လျှင် ရင်းဂစ် ၉၅၀ ကို အစိုးရက စိုက်ထုတ်ကျခံပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

 

နောက်ထပ် စီမံဆောင်ရွက်ချက်မှာ အစိုးရနှင့် စာချုပ် ချုပ်ဆိုထားသော ဆန်ဖြန့်ဖြူးသူများသည် ပြည်ပမှ တင်သွင်းသည့် ဆန်ဖြူများကို လက်ကားရောင်းဈေး ၅၀ ကီလိုဂရမ်လျှင် ရင်းဂစ် ၃,၂၀၀၀ ဖြင့် အစုိးရထံမှ ဝယ်ယူခွင့် ပေးမည်။ 

 

ပြည်တွင်းထွက် ဆန်ဖြူ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် စောင့်ကြည့်ကြပ်မတ်ရေးကို ဝန်ကြီးဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့စုံဖြစ်သော လုပ်ငန်းတာဝန်အဖွဲ့ ဖွဲ့စည်းပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန်သိုလှောင်မှုမှအစ ရောင်းချသည်အထိ အနီးကပ် စောင့်ကြည့်မည် ဖြစ်သည်။

 

ထို့ပြင် အထူး လုပ်ငန်းတာဝန်အဖွဲ့အား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဒုတိယဝန်ကြီး Chan Foong Hin က ဦးဆောင်မည်ဖြစ်ကြောင်း Mohamad က ပြောကြားခဲ့သည်။

 Source thestar 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 11 October 2023 20:47
Rate this item
(0 votes)