Food & Livestock



မလေးရှား ပြည်တွင်းထွက် ဆန်ဖြူ ပြတ်လပ်မှု များမကြာခင် ဖြည့်တင်းပေးနိုင်မည်ဟု ပြောကြား

မလေးရှား ပြည်တွင်းထွက် ဆန်ဖြူ ပြတ်လပ်မှု များမကြာခင် ဖြည့်တင်းပေးနိုင်မည်ဟု ပြောကြား


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Kedah နှင့် အခြားစပါးထွက်ရှိသော ပြည်နယ်များတွင် ရိတ်သိမ်းရာသီစတင်သည်နှင့် မကြာမီတွင် ပြည်တွင်းထွက် ဆန်ဖြူ ဖြန်ဖြူးရေး တည်ငြိမ်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနမှ ပြောကြားသည်။

 

Kelantan၊ Terengganu နှင့် Selangor တို့မှ စပါးရိတ်သိမ်းမှုများသည် ပြည်တွင်းထွက် ဆန်ဖြူ ပြတ်လပ်မှုများ လျော့နည်းစေမည်ဟု ၎င်းက ဆိုသည်။

 “Kedah က ဆန်အများဆုံးထွက်ရှိတဲ့ ပြည်နယ်ပါ။ စုစုပေါင်း စပါးအထွက်ရဲ့ ၄၅ ရာခိုင်နှုန်း Kedah က ထွက်ပါတယ်။ မလေးရှားမှာ တစ်နှစ်လျှင် နှစ်ကြိမ် စပါးပေါ်ပါတယ်။ စပါးတွေ ရိတ်သိမ်းပြီး ဆန်သစ်တွေ ပေါ်လာတာနဲ့အမျှ ပြည်တွင်းဆန်ဖြူထောက်ပံ့မှု ပြန်ကောင်းလာမယ်လို့ ဝန်ကြီးဌာနက ယုံကြည်ပါတယ်။ ဆန်ဈေးကွက်မှာ ပြည်တွင်းထွက် ဆန်ဖြူ  အလွယ်တကူ ရရှိနိုင်‌စေတော့မှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးဌာနမှ ထြတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။

 

အောက်တိုဘာ ၂၅ ရက်အထိ အစိုးရ၏ ယာယီကြားဝင်ဆောင်ရွက်မှုအရ ဆန် ၁၀ ကီလိုဂရမ်ပါ ဆန်အိတ် စုစုပေါင်း ၁၄၀၉၇၈၈ အိတ် ဝေငှခဲ့သည်။ ဟိုက်ပါမားကက်များမှတဆင့် အများဆုံး ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ပြည်တွင်းထွက် ဆန်ဖြူစုစုပေါင်း ၁၄,၀၉၇ ဒသမ ၈၈ တန် ဖြန့်ဝေခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

 

ပြည်တွင်းထွက်ဆန်ဖြူ အထူးအစီအစဉ်အရ ဆန်ထုတ်လုပ်သူများက ၂၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ သဘောတူခဲ့ကြပြီး တစ်လလျှင် စုစုပေါင်း တန်ချိန် ၂၃၀၀၀ ထုတ်လုပ်ပါသည်။ ဆန် ၁၀ ကီလိုဂရမ်ပါ ဆန်အိတ် စုစုပေါင်း ၂.၃ သန်း ရရှိသည်။

 

“ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အဓိက လက်ကားကုမ္ပဏီငါးခုနဲ့ ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ လက်ကားကုမ္ပဏီ ၁၀၃ ခု ပါဝင်ပါတယ်" ဟု ဝန်ကြီးဌာနက ပြောကြားသည်။

 

အဓိက လက်ကားကုမ္ပဏီကြီးငါးခုသည် ပြည်တွင်းထွက်ဆန်ဖြူများကို ဟိုက်ပါမားကတ် ၁၀၀ နှင့် Federal Agricultural Marketing Authority (Fama), Farmer’s Organisation Authority (LPP) တို့မှတဆင့် လက်လီရောင်းချပေးသည်။

 

လက်ကားကုမ္ပဏီ ၁၀၃ ခုသည် အခြားလက်လီရောင်းချသူများထံသို့ ဆန်များကို ဖြန့်ဖြူးပေးသည်။

မလေးရှားနိုင်ငံသည် ပြည်တွင်းထွက်ဆန်ဖြင့် ဖူလုံမှု မရရှိသဖြင့် ပြည်ပမှ ဆန်တင်သွင်းပြီး ဖြည့်တင်းရာ၌ Padiberas Nasional Bhd (Bernas) က ပြည်ပမှ ဆန်ဖြူများ တင်သွင်းပြီး ဖြန့်ဖြူးပေးသည်။ အခြားသွင်းကုန်လုပ်ငန်းများကို ဆန်ဖြူ တင်သွင်းခွင့် မပေးထားချေ။

Bernas ကုမ္ပဏီစုသည် မလေးရှားတွင် ပြည်တွင်းထွက် စပါးဝယ်ယူရေးနှင့် စီမံဆောင်ရွက်ရာတွင် ပါဝင်လုပ်ဆောင်သည့်အပြင် ပြည်ပမှ ဆန်တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စျေးကွက်တင်ခြင်းတို့ကို လုပ်ဆောင်သည်။

 

မလေးရှား အစိုးရသည် လက်ရှိတွင် Bernas နှင့် ၂၀၂၁ ဇန်နဝါရီ ၁၁ရက်မှ ၂၀၃၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်အထိ ၁၀ နှစ်သက်တမ်း စာချုပ်ချုပ်ဆိုထားသည်။

 

Bumiputra Retailers Organisation ဥက္ကဋ္ဌ Datuk Ameer Ali Mydin က အာဏာပိုင်များသည် Padiberas Nasional Bhd (Bernas) အပြင် အခြားအဖွဲ့အစည်းများကိုလည်း ဆန်ဖြူတင်သွင်းခွင့် ယာယီခွင့်ပြုရန် စဉ်းစားသင့်သည်ဟု ပြောကြားခဲ့သည်။

ဆန်ဖြူ ပြတ်လပ်မှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ယခင်က ကြက်သား ပြတ်လပ်မှုကို ၎င်းနည်းလမ်းဖြင့်  ဆောင်ရွက်ခဲ့ကြောင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

“အနည်းဆုံးအနေဖြင့် နောက်နှစ်အထိ တခြားသူတွေကို ဆန်ဖြူတင်သွင်းဖို့ ခွင့်ပြုသင့်တယ်။  ဒီလိုနည်းနဲ့ တင်သွင်းလာတဲ့ ဆန်ဖြူ ၁၀ ကီလိုဂရမ်ကို ၃၂ ရင်းဂစ်နှုန်းနဲ့  စျေးသက်သက်သာသာ ရောင်းချနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

 

Bernas လက်ဝါးကြီးအုပ်မှုကို ခေတ္တရုတ်သိမ်းရန် အဆိုပြုချက်သည် မလေးရှားတွင် ကြက်သား ပြတ်လပ်မှုများ ပေ့်ပေါက်ခဲ့စဉ်တုန်းက ကြက်သားပြတ်လပ်မှု လျော့ပါးသက်သာစေရန် ကုမ္ပဏီများ ကြက်သားတင်သွင်းမှုအတွက် ခွင့်ပြုမိန့် ပါမစ်များ ချပေးလိုက်သည်နှင့် ဆင်ဆင်တူကြောင်း Ameer Ali မှ ပြောကြားခဲ့သည်။ 

 

မလေးရှားသည် ကြက်သား တင်ပို့သော နိုင်ငံအဖြစ်မှ ကြက်သားတင်သွင်းရသည့် နိုင်ငံ ဖြစ်သွားရသည်အထိ ၂၀၂၁ ခုနှစ်တွင် ကြက်သားပြတ်လပ်မှု ကြုံခဲ့ရသည်။ အစိုးရက အေးခဲကြက်သားအကောင်လိုက် တင်သွင်းခြင်းကို ၂၀၂၁ ခုနှစ်  ဒီဇင်ဘာလမှ၂၀၂၂ ဖေဖော်ဝါရီအထိ တင်သွင်းခွင့် ပေးထားခဲ့သည်။ 

အေးခဲကြက်သားအကောင်လိုက် တင်သွင်းခြင်းကို တလလျှင် မက်ထရစ်တန် ၁ သောင်းအထိ ခွင့်ပြုခဲ့သည်။ တနည်းဆိုရသော် ကြက်အကောင်ရေ ၅.၅သန်းအထိ လစဉ် တင်သွင်းခွင့် ပေးထားခြင်းဖြစ်သည်။ 

နောက်ပိုင်းတွင် သွင်းကုန် လုပ်ငန်းများကိုသာမက ဟိုက်ပါမားကက်များကိုပါ သွင်းကုန်ပါမစ်များ ချပေးခဲ့သည်။ 

 

Ameer Ali က ပြည်တွင်းဆန်ဖြူဈေးနှုန်းကို မြှင့်တင်ရန်အတွက်လည်း အဆိုပြုခဲ့သည်။ လက်ရှိတွင် တစ်ဆယ်ကီလိုဂရမ်လျှင် ၂၆ ရင်းဂစ်  သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းဖြစ်သည်။ 

 

Federation of Malaysian Consumers Associations ၏ အမှုဆောင်အရာရှိချုပ် Saravanan Thambirajah က လက်ဝါးကြီးအုပ်မှုကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်ခြင်းမှ နောက်ဆုံးတွင် စားသုံးသူများ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

“ယာယီအားဖြင့် လုပ်ဆောင်ပေးနိုင်ပြီး စျေးကွက်ကို ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးရာ ရောက်ပါတယ်” ဟု ၎င်းက ဆိုသည်။

 

အစိုးရက ဆန်အိတ်များ ဖြန့်ဝေသည့်နေရာများကို သတ်မှတ်ပေးသင့်သည်ဟု ပီနန် စားသုံးသူများ အသင်းမှ ပညာရေးမှူး NV Subbarow က ပြောသည်။

“ဆန်လိုအပ်ရင် လူတွေက ဘယ်ကိုသွားရမယ်ဆိုတာကို အသေးစိတ် အသိ‌ေပးထားသင့်တယ်” ဟု ၎င်းက ဆိုသည်။

 

ပြည်တွင်းထွက် ဆန်ဖြူများကို ကုန်စုံဆိုင်များသို့ အစိုးရက ဝေငှ‌ေပးရန်လည်း ၎င်းက အဆိုပြုသည်။

 

"အစိုးရက ဖြန့်ဖြူးရောင်းချတဲ့ ပြည်တွင်းထွက် ဆန်ဖြူတွေက ကုန်စုံဆိုင်တွေဆီကို မရောက်ဘူး။ ဆိုင်ရှင်တွေက ဟိုက်ပါမားကက်တွေမှာ သွားဝယ်ပြီး ဆိုင်မှာ တင်ကြရတယ်။ လူနေရပ်ကွက်များမှ ကုန်စုံဆိုင်တွေ မီနီမားကက်တွေကို ဖြန့်ဖြူးပေးရင် ရပ်ကွက်ထဲ နေထိုင်ကြသူတွေ ဝယ်ဖို့ အဆင်ပြေသွားမယ်" ဟု ၎င်းက ပြောကြားသည်။

 

Source thestar


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 30 October 2023 10:56
Rate this item
(0 votes)