Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း စားသုံးမှုများသော သစ်သီးများကို နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြု

 ပြည်တွင်းစားသုံးမှုများ သော သစ်သီးများ နယ်စပ်မှတရား ဝင်တင်သွင်းခွင့်ကို ယခုနှစ်ဧပြီလ ကုန်တွင်ခွင့်ပြုကြောင်းကုန်သွယ် ရေးဦးစီးဌာနက သတင်းထုတ်ပြန် သည်။

 

ပန်းသီး၊ သစ်တော်သီး၊စပျစ် သီးအပါအဝင် သစ်သီးအချို့ကို ရာသီမရွေး တင်သွင်းခွင့်ပြုမည် ဖြစ်ပြီး ကြက်မောက်သီး၊ ဒူးရင်းသီး၊ သရက်သီးတို့ကို ရာသီအ လိုက် အချိန်သတ်မှတ်၍ နယ်စပ် စခန်းများမှ တင်သွင်းခွင့်ပြုမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနက ဧပြီ ၂၉ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်သည်။

 

သစ်သီးများကို ပြည်ပမှတင် သွင်းရောင်းချလိုသူက စိုက်ပျိုး ရေးဦးစီးဌာန၏ တင်သွင်းခွင့်ထောက်ခံချက် လက်မှတ်နှင့်အတူ ကုန်သွယ်ရေးဦးစီးဌာန၌ သွင်း ကုန်လိုင်စင် လျှောက်ထားရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံအတွက် ပန်းသီး၊ ပျားလိမ္မော်၊ နဂါးမောက်သီး စသည်တို့ကို တရုတ်နိုင်ငံမှ နယ် စပ်ကုန်သွယ်ရေးဖြင့် တင်သွင်းမှု ရှိကြောင်း မူဆယ်မြို့ရှိ သစ်သီး ကုန်သည်တစ်ဦးက ပြောသည်။

 

ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်မှ တင်သွင်းခွင့်ပြုသည့် သစ်သီးများသည် ပြည်တွင်း၌ စား သုံးမှုများသည့် အသီးများအပြင် ချယ်ရီသီး၊ မန်ကျည်းချိုသီး၊ စွန် ပလွန်သီးများအပါအဝင် အသီး အမျိုးပေါင်း ၂၀ ပါရှိသည်။

 

တင်သွင်းခွင့်ပြုသည့် အသီး များအနက် အချို့အသီးများသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ် လုပ်သော်လည်း ရာသီချိန်လွန် ချိန်၌ ပြည်တွင်းစားသုံးမှုအတွက် ခွင့်ပြုခြင်းဖြစ်သည်ဟု စီးပွား၊ကူးသန်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

 

 မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး ပြည်ပသို့ အဓိကတင်ပို့နေသည့် အသီးများသည် ဖရဲ၊ သခွားမွှေး၊ နဂါးမောက်သီးနှင့် သရက်တို့ဖြစ်သည်။

 

Read More >>>>>   ရေခဲမုန့်စားခြင်း၏ အကျိုးကျေးဇူးများ

 

ဖရဲနှင့် သခွားမွှေး နှစ်မျိုး ပေါင်းကို နယ်စပ်ကုန်သွယ်ရေး ဖြင့် တရုတ်နိုင်ငံသို့ ယခုနှစ်တွင်  တန်ချိန် ၁၀ သိန်းခန့် တင်ပို့နိုင် မည်ဟု မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန် သစ်သီးဝလံကုန် စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ခန့်မှန်းထားသည်။

 

Source: 7 day news

ရေခဲမုန့်စားခြင်း၏ အကျိုးကျေးဇူးများ

Read times Last modified on Tuesday, 07 May 2019 11:55
Rate this item
(3 votes)