Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲမျိုးစုံဈေးကွက်တွင် ပဲကြီးက ဈေးအမြင့်ဆုံးရပြီး လှောင်လက်များနေ

ပြည်တွင်း ပဲမျိုးစုံဈေးကွက်တွင် ပဲကြီးသီးနှံက ဈေးအမြင့်ဆုံးဖြစ်နေသလို လှောင်လက်များပြီး

အရောင်းအ၀ယ်လည်း အသွက်ဆုံးဖြစ်နေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ပွဲရုံများမှ သိရပါတယ်။

 

ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းမှစ၍ ပဲဈေးကွက်တွင် ဆောင်းပဲမျိုးစုံ အရောင်းအ၀ယ်ဖြစ်လျက်ရှိရာ မတ်ပဲ၊ ပဲကြီးနှင့် ကုလားပဲသီးနှံများမှာ အရောင်းအ၀ယ်အသွက်ဆုံးဖြစ်ခဲ့ပြီး ပဲတီစိမ်းသီးနှံမှာ ရက်ခြားသာ ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

ပဲကြီးသည် ပြည်တွင်းစားသုံးမှုမြင့်မားသော သီးနှံဖြစ်သောကြောင့် သီးနှံရှားပါးချိန်တွင် ဈေးမြင့်တက်လေ့ရှိပြီး သီးနှံပေါ်ချိန်တွင် ဈေးကျလေ့ရှိကြောင်း သိရပါတယ်။

 

ပဲကြီးစိုက်ပျိုးရာတွင် တစ်ဧကစိုက်လျှင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်သားနှင့် ကြိတ်ခွဲခများ အပါအ၀င် ကျပ် ခုနစ်သိန်းကျော်ကုန်ကျပြီး တစ်ဧကလျှင် ပဲကြီးတင်းနှစ်ဆယ်ခန့် အများဆုံး ထွက်ရှိကာ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၃၈၀၀၀၊ (ကမ်းနား) တစ်တင်းလျှင် ကျပ် ၃၆၀၀၀ ရှိကာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ပိုလာကြောင်း သိရပါတယ်။

 

လက်ရှိအချိန်တွင် ဈေးကွက်အတွင်း ပဲကြီးတစ်တင်းလျှင် ကျပ် ၃၀၀၀၀ ကျော်မှစ၍ ဈေးပေါက်လျက်ရှိပြီး တစ်ပတ်လျှင် ပဲကြီးတန်ချိန် ၇၀ ကျော်အထိ အရောင်းအ၀ယ်ရှိနေကြောင်း ဘုရင့်နောင်ရှိ ပဲကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:33
Rate this item
(0 votes)