Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

နေအပူချိန် မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများ ရေငွေ့ပြန်ပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ငါးများ သေဆုံးမှု မဖြစ်နိုင်စေရန် ကြိုတင် ကာကွယ်နိုင်မည့် ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါသည်။

 

ကန်ထဲရှိ ငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့် သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့် သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ် ထည့်သွင်းခြင်းနှင့် ငါးအစာ အလွန်အကျွံကျွေးခြင်းကို လျှော့ချ ပေးရမည်။

 

နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက် နောက်ကျသော ရက်များတွင် ငါးများ ခေါင်းထောင်လျက် ကူးခတ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းမျိုး ရှိပါက ငါးမွေးမြူကန်သည် အောက်ဆီဂျင်လျော့နည်းမှု ဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းပေးခြင်း၊ မွေးမြူကန်အတွင်း လှေလှော်ပေးခြင်း စသည့် နည်းလမ်းများအား ရေတွင် ပျော်ဝင်အောက်ဆီဂျင် မြင့်တက်စေရေး ဆောင်ရွက်ပေးရမည် ဖြစ်သည်။

 

ငါးမွေးမြူရေးကန်များ နေအပူချိန် လွန်ကဲမှုကြောင့် ရေခန်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးပါရန်နှင့် ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသော ငါးများကို အရေအတွက် လျှော့ချ မွေးမြူရမည် ဖြစ်ပြီး အပူချိန်ပြင်းပြသည့် အချိန်များဖြစ်သည့် နေ့လယ်ပိုင်းတွင် ငါးများကို ကန်ပြောင်းရွှေ့ခြင်း မပြုရန် လိုအပ်ပေသည်။

 

ကန်ရေအရည်အသွေး သတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာအတွင်း ရှိနေစေရန် ( မိမိလက်ကို တံတောင်ဆစ်အထိ ရေတွင် နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေး ရေးမြင်ရသော အခြေအနေ ရှိရပါမည်။ ) စစ်ဆေးပေးရမည် ဖြစ်သည်။

 

Advertisement

Click Here > King Metal

 

ကန်ရေအပူချိန် မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှု ဖြစ်စေသည့် ကဇော်ဖတ်၊ ဝါစေ့ဖတ်များ ကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆ ကျွေးရမည် ဖြစ်ပြီး အစာကျွေးပြီးပါက အစာကျန်များ ရှိ/မရှိကို ပုံမှန် စစ်ဆေးရမည်။ 

 

မွေးမြူရေးကန်အား လိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်း ရေသန့်သိုလှောင်သည့် အရန်ကန် စီစဉ်ထားရှိပြီး ရေများရနိုင်သမျှ သိုလှောင်ထားပါရန်နှင့် ကန်အခြေအနေနှင့် ရေအရည်အသွေး ပြောင်းလဲမှု အခြေအနေများကို နေ့စဉ် နံနက် ၆ နာရီ၌ ပုံမှန်စစ်ဆေးရန်လည်း လိုအပ်သည်။ 

 

ထို့ပြင် ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေ ပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံး ငါးလုပ်ငန်းဦးစီး ဌာနသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။

 

ဆက်သွယ်ရန်

အရည်အသွေး ထိန်းသိမ်းရေးနှင့် သုတေသနဌာနစု (QCRS)

စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးဌာနစိတ် (ICU)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)

ငါးလုပ်ငန်းဦးစီးဌာန (DoF)

 

ကြီးကြပ်ရေးနှင့် အခွန်ဌာနခွဲ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

ဘုရင်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ် ၊ရန်ကုန်မြို့

ဖုန်းနံပါတ်  - ၀၁ ၆၄၇ ၇၀၉

ဖက်စ် - ၀၁ ၆၄၇ ၇၀၉

အီးမေးလ် - icudof7@gmail.com

 

မွေးမြူရေးဌာနခွဲ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

ဖုန်းနံပါတ် - ၀၆၇ ၄၀၈၄၇၃

ဖက်စ် - ၀၆၇ ၄၀၈၄၇၃

အီးမေးလ် - fiqcnptdof@gmail.com

 

အရည်အသွေးထိန်းသိမ်းရေးနင့် သုတေသနဌာနစု 

အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓါတ်ခွဲခန်းများဌာနစိတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

ရှုခင်းသာလမ်းမကြီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့

ဖုန်းနံပါတ်  - ၀၁ ၅၇၀ ၈၅၂၀

Published in Food & Livestock

ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆန်စပါးသုတေသနအဖွဲ့ ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းခွင်သို့ မအူပင်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးသာအေး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းတို့ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးပေးခဲ့ပါသည်။

Published in Food & Livestock

ယခုလို ငါးမျိုးများသားပေါက်ပွားသည့် မိုးရာသီကာလအတွင်း သဘာဝရေပြင် ရေရိုးများဖြစ်သည့်

Published in Food & Livestock

တနင်္သာရီကမ်းရိုးတန်း မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့်

Published in Myanmar

၁၉၇၉-၁၉၈၀ခုနှစ်တွင် ငါးဖမ်းဆီး ထုတ်လုပ်နိုင်မှု ပမာဏ ခွင့်ပြုချက် အနေဖြင့် အမြင့်ဆုံးတန်ချိန်သည်

Published in Myanmar

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း

Published in Myanmar

နာတာရှည် သွေးတိုးရောဂါဆိုတာ ကျား၊ မ မရွေး ဖြစ်နိုင်ပြီး အသက်ကြီးတဲ့သူတွေမှာ ပိုပြီး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။

Published in Food & Health

တရုတ်ပြည်မကြီးဈေးကွက်ကို အဓိကထားတင်ပို့နေရသည့် ဒေသတွင်းငါးရှဥ့်ဈေးကွက်သည် တရုတ်နှစ်ကူးမတိုင်မီ ဝယ်လိုအားမြင့်တက်ပြီးဈေးကောင်းရခဲ့သော်လည်း


မွေးမြူရေးကဏ္ဍမှ ပြည်ပသို့ငါးတင်ပို့ရာတွင် ငါးမြစ်ချင်းတင်ပို့မှု အများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တင်ပို့မှုပမာဏ


ငါးသလောက်ကြိုက်နှစ်သက်ပြီး အရိုကြောက်သူများအတွက် ငါးသလောက်အရိုးပျောက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Published in Myanmar
Page 1 of 5