Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာဖရိကသို့ ဆန်စပါးဈေးကွက်ရှာဖွေရန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်

Unicode

အာဖရိကသို့ ဆန်စပါးဈေးကွက်ရှာဖွေရန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်


အာဖရိကသို့ ဆန်စပါးဈေးကွက် ရှာဖွေရန်အတွက် လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရပါတယ်။

 

ဆန်စပါးဈေးကွက် သွားရောက်ရှာဖွေရာတွင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို လိုက်ပါရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး လက်ရှိတွင် ညှိနှိုင်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရပါတယ်။

 

Soft Drink & Juice (933)အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၃၃) ခုကိုရွာရန္ႏွိပ္ပါ။

 

အာဖရိကဈေးကွက်သည် ဆန် အကျိုးအကြေများကိုသာ ဝယ်လိုအားများသည့်အတွက် အခြားဆန်အမျိုးအစားများနှင့် အရေအတွက် အများအပြားရောင်းချနိုင်ရန် ရည်ရွယ်၍ အာဖရိကသို့ သွားရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားခဲ့ပါတယ်။

 

"အဓိက က ဆန်အမျိုးအစားထက် များများဝယ်နိုင်ဖို့ကိုပဲ ဦးတည်တာပါ။ သူတို့ဘာလိုချင်လဲပေါ့။ သူတို့လည်း တဖြည်းဖြည်းနဲ့ ဆန်ကွဲအပြင် အဆင့်မြင့်ဆန်ဝယ်ယူမှု တိုးလာပါပြီ။ အဆင့်မြင့်ဆန်ကိုလည်း စိတ်ဝင်စားလာတဲ့ အနေအထားရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

 

အာဖရိကဈေးကွက်အနေနှင့် ဆန်ကွဲအပြင် အခြားအဆင့်မြင့် ဆန်များကိုလည်း စိတ်ဝင်စားမှုရှိလာပြီး လက်ရှိမြန်မာနိုင်ငံမှ ဆန်ဝယ်ယူနေသည့် ကိုယ်စားလှယ်များအနေနှင့် အရေအတွက်များများ ဝယ်ယူရန်နှင့် အခြားဝယ်ယူမည့် ဈေးကွက်နိုင်ငံအသစ်များ ရှာဖွေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရပါတယ်။

 

Chilli, Chilli Powder ငရုတ္သီးႏွင့္ ငရုတ္သီးမႈန္႔ထုတ္လုပ္ငန္းေပါင္း ၁၃၈ ခုကိုရွာရန္ႏွိပ္ပါ။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ အာဖရိကဈေးကွက် နိုင်ငံများသို့ ဆန်မက်ထရစ်တန်ချိန် ၅ သိန်းခန့်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြည်ပ ပြည်ပတင်ပို့မှု စာရင်းများအရ သိရပါတယ်။

 

Read More >>>>>>  ျပည္ပႏိုင္ငံမ်ားအေနျဖင့္ ျမန္မာ့ေထာပတ္သီးကို တရားဝင္ဝယ္ယူႏိုင္ေရးေဆြးေႏြးေန

 

Source: The Voice

 

 

 

 

အာဖရိကသို႕ ဆန္စပါးေစ်းကြက္ရွာေဖြရန္ ကိုယ္စားလွယ္အဖြဲ ႔ သြားေရာက္မည္

 

အာဖရိကသို႕ ဆန္စပါးေစ်းကြက္ ရွာေဖြရန္အတြက္ လာမည့္ေအာက္တုိဘာလတြင္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႔ သြားေရာက္မည္ျဖစ္ေၾကာင္း ယင္းအသင္းခ်ဳပ္ထံမွ သိရပါတယ္။

 

ဆန္စပါးေစ်းကြက္ သြားေရာက္ရွာေဖြရာတြင္ အစိုးရအဖြဲ႔မွ တာ၀န္ရွိသူမ်ား ပါဝင္ရန္အတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ တာ၀န္ရွိသူမ်ားကို လိုက္ပါရန္ ဖိတ္ၾကားသြားမည္ျဖစ္ၿပီး လက္ရွိတြင္ ညွိႏိႈင္းေနဆဲျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ထံမွ သိရပါတယ္။

 

Soft Drink & Juice (933)အေအးႏွင့္ေဖ်ာ္ရည္လုပ္ငန္းမ်ား (၉၃၃) ခုကိုရွာရန္ႏွိပ္ပါ။

 

အာဖရိကေစ်းကြက္သည္ ဆန္ အက်ဳိးအေၾကမ်ားကိုသာ ဝယ္လုိအားမ်ားသည့္အတြက္ အျခားဆန္အမ်ဳိးအစားမ်ားႏွင့္ အေရအတြက္ အမ်ားအျပားေရာင္းခ်ႏိုင္ရန္ ရည္ရြယ္၍ အာဖရိကသို႕ သြားေရာက္ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္ ဦးျမင့္လြင္က ေျပာၾကားခဲ့ပါတယ္။

 

"အဓိက က ဆန္အမ်ဳိးအစားထက္ မ်ားမ်ားဝယ္ႏိုင္ဖုိ႕ကိုပဲ ဦးတည္တာပါ။ သူတုိ႕ဘာလိုခ်င္လဲေပါ့။ သူတုိ႕လည္း တျဖည္းျဖည္းနဲ႕ ဆန္ကြဲအျပင္ အဆင့္ျမင့္ဆန္ဝယ္ယူမႈ တိုးလာပါၿပီ။ အဆင့္ျမင့္ဆန္ကိုလည္း စိတ္ဝင္စားလာတဲ့ အေနအထားရွိပါတယ္" ဟု ၎က ေျပာၾကားခဲ့ပါတယ္။

 

အာဖရိကေစ်းကြက္အေနႏွင့္ ဆန္ကြဲအျပင္ အျခားအဆင့္ျမင့္ ဆန္မ်ားကိုလည္း စိတ္ဝင္စားမႈရွိလာၿပီး လက္ရွိျမန္မာႏိုင္ငံမွ ဆန္ဝယ္ယူေနသည့္ ကိုယ္စားလွယ္မ်ားအေနႏွင့္ အေရအတြက္မ်ားမ်ား ဝယ္ယူရန္ႏွင့္ အျခားဝယ္ယူမည့္ ေစ်းကြက္ႏိုင္ငံအသစ္မ်ား ရွာေဖြမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ထံမွ သိရပါတယ္။

 

Chilli, Chilli Powder ငရုတ္သီးႏွင့္ ငရုတ္သီးမႈန္႔ထုတ္လုပ္ငန္းေပါင္း ၁၃၈ ခုကိုရွာရန္ႏွိပ္ပါ။

 

၂၀၁၈-၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္ေန႕မွ ၾသဂုတ္လ ၃၀ ရက္ေန႕အထိ အာဖရိကေစ်းကြက္ ႏိုင္ငံမ်ားသို႕ ဆန္မက္ထရစ္တန္ခ်ိန္ ၅ သိန္းခန္႕ႏွင့္ ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ ၁၈၀၀၀ ေက်ာ္ တင္ပို႕ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ျပည္ပ ျပည္ပတင္ပို႕မႈ စာရင္းမ်ားအရ သိရပါတယ္။

 

Read More >>>>>>  ျပည္ပႏိုင္ငံမ်ားအေနျဖင့္ ျမန္မာ့ေထာပတ္သီးကို တရားဝင္ဝယ္ယူႏိုင္ေရးေဆြးေႏြးေန

 

Source: The Voice

Read times Last modified on Monday, 24 February 2020 16:48
Rate this item
(2 votes)