Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့် မတ်ပဲ အထွက်နည်းပြီး ၎င်းပဲနှစ်မျိုးစလုံး ဈေးနှုန်းမြင့်တက်နေသည့်အတွက် ပြည်ပမှ ပဲစင်းငုံနှင့် မတ်ပဲများကို တင်သွင်းပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းမည်ဟု သိရသည်။ 

 

အိန္ဒိယအစိုးရသည် ဈေးနှုန်းမြင့်တက်နေသည်ကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းဈေးကွက်တွင် လုံလောက်စွာ ရရှိနိုင်စေရန် မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် (၄) သိန်းနှင့် မတ်ပဲ တန်ချိန် (၁) သန်းခန့် တင်သွင်းရန်  စီစဉ်လျက် ရှိသည်။

 

ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းများ မြင့်မားနေသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် (၄) သိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအသုတ် တင်သွင်းရန် အစီအစဉ် ရေးဆွဲထားသည်။ 

 

Advertisement

Click Here > Grand Winner

 

The Economic Times သတင်းအရ အိန္ဒိယအစိုးရသည် ရိတ်သိမ်းဆဲကာလတွင် ပဲစင်းငုံနှင့် မတ်ပဲတို့ကို ထပ်မံ တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ထုတ်လုပ်မှု နည်းပါးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ထားပြီး ဈေးကစားကြခြင်းကို တားဆီးရန် အစိုးရက သိုလှောင်မှု ပမာဏကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ ဒီဇင်ဘာလကုန်အထိ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။ 

 

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲနည်းတူ တခြားစိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်သည့် ဂျုံ၊ ဆန်၊ ကြက်သွန်နီ ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။

 

Source : Economic Times

Published in Food & Livestock

သြဂုတ် ၂၃ ရက် မှ သြဂုတ် ၂၉ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၃၃၆၇.၇၆ တန်ကို ပြည်ပ ၁၇ နိုင်ငံသို့

Published in Myanmar

အိန္ဒိယပဲလိုအပ်ချက်မြင့်မားမှုက မြန်မာ့ပဲဈေးကွက်အတက်အတွက်လား ….

Published in Myanmar

Unicode >>>>>

လူကြီးတွေဘာလို့ ပဲစားသင့်တာလဲ   

Published in Food & Health

ပြည်ပမှ ကုလားပဲနဲ့ စားတော်ပဲများကို ယာယီတင်သွင်းဖို့ စီစဉ်ထားပေမယ့်လည်း ကုန်စည်ဒိုင်များရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။


အိန္ဒိယအစိုးရက ပဲတင် သွင်းခွင့်ကုမ္ပဏီစာရင်းများထုတ် ပြန်ခြင်းကြောင့် ပြည်တွင်း၌ အ ဝယ်လိုက်လာပြီး ဈေးထပ်မံမြင့် တက်လာကြောင်း မြန်မာနိုင်ငံ ပဲ မျိုးစုံနှင့် နှမ်းကုန်သည်အသင်း အ တွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။


အိန္ဒိယနိုင်ငံမှ ဝယ်လို အားရှိလာခြင်းကြောင့် သင်္ကြန် အပြီး ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်လည် မြင့်တက်လာကြောင်း မြန်မာနိုင် ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။


ဈေးတက်နေသော ပဲယင်းဈေးနှုန်းများသည် ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်အတွင်းမှ ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။


ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်ရေးအတွက် ရေတို၊ ရေရှည်အစီအစဉ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း


မန္တလေးကုန်စည်ဈေးကွက်အတွင်း ပြီးခဲ့သည့်အပတ်အတွင်းက ဈေးကျခဲ့ရာမှ ယခုအခါ ပဲစင်းငုံ (သစ်) ဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။

Page 1 of 5