Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ စပါးတင်ပို့မှု အစိုးရက စနစ်တကျကိုင်တွယ်ထိန်းသိမ်းပေးရန် ဆန်စပါးအသင်းချုပ် တောင်းဆို


တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်ရေးဖြင့် စပါးတင်ပို့မှုက ပြည်ပဆန်တင်ပို့မှုအတွက် အ ခက်တွေ့လာ၍

အစိုးရက စနစ် တကျကိုင်တွယ်ထိန်းသိမ်းပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်  (MRF) တာဝန်ရှိသူအချို့က တောင်းဆိုသည်။

 

ပြီးခဲ့သည့်နှစ်က ဆန်တန် ချိန် ၃ ဒသမ ၅ သိန်းကျော်တင်ပို့ နိုင်ခဲ့ခြင်းကလည်း ပြည်တွင်းဆန် လက်ကျန် လျော့နည်းစေခြင်း အပြင် စပါးတန်ချိန်များစွာ ပြည် ပသို့ တင်ပို့ခဲ့ခြင်းက ယခုနှစ်ပြည် ပဆန်တင်ပို့မှုကို ကြိုတင်ခန့်မှန်း ရန် မလွယ်ကူကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဦးရဲ မင်းအောင်ကပြောသည်။

 

၂၀၁၈ တွင် ပြည်ပသို့ဆန်တင်ပို့နိုင်မည့် တန်ချိန်ပမာဏကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိဘဲ စောင့်ကြည့်နေရကြောင်း ၎င်းကဆိုသည်။

 

‘‘ရာသီဥတုပုံမှန်ဆိုရင်တာ့ ပြီးခဲ့တဲ့နှစ်ထက် သိပ်ကွာမှာ မဟုတ်ဘူး’’ ဟု ဦးရဲမင်းအောင်က ဆိုသည်။ မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်၏ တရားဝင်ခန့်မှန်းမှုက ၂၀၁၈ တွင် တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်မည်ဟု မျှော်လင့် နေသည်။

 

ယခုအချိန်သည် စပါးစတင် စိုက်ပျိုးချိန်ဖြစ်ပြီး ရာသီဥတု ဖောက်ပြန်ခြင်းမရှိပါက ယခုနှစ် တွင် တန်ချိန်နှစ်သန်းမှ သုံးသန်း အထိ တင်ပို့နိုင်မည်ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟို အလုပ်အမှုဆောင် ဦးမျိုးသူရ အေးက ပြောသည်။

 

ဧပြီနှင့်မေလနှစ်လပေါင်း ပြည်ပဆန်တင်ပို့မှုသည် ပြီးခဲ့ သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါ က တန်ချိန်တစ်သိန်းခန့် လျော့ နည်းနေသည်။

 

မြန်မာနိုင်ငံမှ ပြည်ပဆန် တင်ပို့မှု စုစုပေါင်းတန်ချိန်၏ ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ဝေစု ယူထားသည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုလျော့ နည်းခြင်းကြောင့် ပြည်ပတင်ပို့မှု လျော့ကျခြင်းဖြစ်ကြောင်း ဆန် ကုန်သည်အချို့က ပြောသည်။

 

မြန်မာ၊ တရုတ်နယ်စပ် မူ ဆယ်မြို့တွင် ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းက မြန်မာကုန်သည်များ ၏ ငွေစာရင်းအပိတ်ခံရမှုက လည်း ဆန်တင်ပို့မှုကို ထိခိုက်စေ သည်ဟု မူဆယ်မြို့မှ ဆန်ကုန် သည်အချို့က ပြောသည်။


Source: 7 days new

Read times Last modified on Tuesday, 18 September 2018 12:48
Rate this item
(5 votes)