Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ တိုက်ရိုက်တင်သွင်းရန် တောင်ကိုရီးယား စိတ်ဝင်စား

Unicode


မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ တိုက်ရိုက်တင်သွင်းရန် တောင်ကိုရီးယား စိတ်ဝင်စား


ကိုရီးယားနိုင်ငံမှ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများအပါအဝင် စားသောက်ကုန် ဖြန့်ဖြူးရောင်းချတဲ့ ကိုရီးယားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိူးရေးထွက်ကုန်များကို တိုက်ရိုက်တင်သွင်းရန် စိတ်ဝင်စားလျက်ရှိကြပါတယ်။


လက်ရှိတွင် မြန်မာနိုင်ငံမှ ဓနိဖူးများကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်သွင်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဓနိဖူးမှာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ထွက်ရှိသည့် ဓနိဖူးများထက် အရည်အသွေး ပိုမိုကောင်းမွန်တာကြောင့် ပိုမိုတင်သွင်းလိုတာဖြစ်ပါတယ်။

 

ဓနိဖူးမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဒြပ်ပေါင်းများပါဝင်ကာ ကျန်းမာရေးကို အထောက်ကူပြုတဲ့အတွက် ကိုရီးယားနိုင်ငံတွင် ဓနိဖူးပါဝင်သည့် စားသောက်ကုန်၊ ဖြည့်စွက်စာများ ဝယ်လိုအားမြင့်မားကြပါတယ်။


Read More >>>>>   အခြေခံဈေးဖြင့် တိုင်းအစိုးရများ စပါးဝယ်ယူပေးရေး ကြေညာချက်ထုတ်မည်


ဓနိဖူးတင်သွင်းရာတွင် ထွက်ရှိရာဒေသမှ ဝယ်ယူစုဆောင်းခွင့်၊ ထုတ်လုပ်ခွင့်တို့အတွက် လိုအပ်သည့် ခွင့်ပြုချက်များရရှိရေး ဆောင်ရွက်ရာတွင် အဆင်မပြေမှု့များရှိကြောင်း သိရပါတယ်။

 

ကိုရီးယားကုမ္ပဏီများမှ ဓနိဖူးရဲ့ အရည်အသွေးကို နှစ်သက်တဲ့အတွက် ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးစေလိုကြပါတယ်။

 

ကိုရီးယားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဓနိဖူးအပြင် ဟင်းသီးဟင်းရွက်များကိုလည်း တင်သွင်းရန် စိတ်ဝင်စားလျက်ရှိပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံကထွက်ရှိတဲ့ မုန်ညင်းများကို တရုတ်နိုင်ငံမှတဆင့် ပြန်လည်ဝယ်ယူတင်သွင်းလျက်ရှိပြီး အအေးခန်းသိုလှောင်မှုစနစ်၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာပါက မြန်မာနဲ့ပဲ တိုက်ရိုက်ရောင်းဝယ်မှုပြုလုပ်လိုကြပါတယ်။

 

Source: Ministry Of Commerce

 

 

 

ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား တိုက္႐ိုက္တင္သြင္းရန္ ေတာင္ကိုရီးယား စိတ္ဝင္စား

 

ကိုရီးယားႏိုင္ငံမွ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္လုပ္ငန္းမ်ားအပါအဝင္ စားေသာက္ကုန္ ျဖန္႔ျဖဴးေရာင္းခ်တဲ့ ကိုရီးယားကုမၸဏီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံမွ စိုက္ပ်ိဴးေရးထြက္ကုန္မ်ားကို တိုက္႐ိုက္တင္သြင္းရန္ စိတ္၀င္စားလ်က္ရွိၾကပါတယ္။

 

လက္ရွိတြင္ ျမန္မာႏိုင္ငံမွ ဓနိဖူးမ်ားကို ကိုရီးယားသမၼတႏိုင္ငံသို႔ တင္သြင္းလ်က္ရွိပါတယ္။ ျမန္မာႏိုင္ငံက ထြက္ရွိတဲ့ ဓနိဖူးမွာ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွားႏုိင္ငံမ်ားတြင္ ထြက္ရွိသည့္ ဓနိဖူးမ်ားထက္ အရည္အေသြး ပိုမိုေကာင္းမြန္တာေၾကာင့္ ပိုမိုတင္သြင္းလိုတာျဖစ္ပါတယ္။

 

ဓနိဖူးမွာ ကင္ဆာေရာဂါကို ကာကြယ္ႏိုင္တဲ့ ျဒပ္ေပါင္းမ်ားပါဝင္ကာ က်န္းမာေရးကို အေထာက္ကူျပဳတဲ့အတြက္ ကိုရီးယားႏုိင္ငံတြင္ ဓနိဖူးပါဝင္သည့္ စားေသာက္ကုန္၊ ျဖည့္စြက္စာမ်ား ၀ယ္လိုအားျမင့္မားၾကပါတယ္။

 


Read More >>>>>   အေျခခံေဈးျဖင့္ တိုင္းအစိုးရမ်ား စပါးဝယ္ယူေပးေရး ေၾကညာခ်က္ထုတ္မည္

 


ဓနိဖူးတင္သြင္းရာတြင္ ထြက္ရွိရာေဒသမွ ဝယ္ယူစုေဆာင္းခြင့္၊ ထုတ္လုပ္ခြင့္တို႔အတြက္ လိုအပ္သည့္ ခြင့္ျပဳခ်က္မ်ားရရွိေရး ေဆာင္႐ြက္ရာတြင္ အဆင္မေျပမႈ့မ်ားရွိေၾကာင္း သိရပါတယ္။

 

ကုိရီးယားကုမၸဏီမ်ားမွ ဓနိဖူးရဲ႕ အရည္အေသြးကို ႏွစ္သက္တဲ့အတြက္ ကုန္သြယ္မႈလြယ္ကူ လ်င္ျမန္ေခ်ာေမြ႔ေစေရး ေဆာင္ရြက္ေပးေစလိုၾကပါတယ္။

 

ကုိရီးယားကုမၸဏီမ်ားအေနျဖင့္ ျမန္မာနုိင္ငံက ထြက္ရွိတဲ့ ဓနိဖူးအျပင္ ဟင္းသီးဟင္းရြက္မ်ားကိုလည္း တင္သြင္းရန္ စိတ္ဝင္စားလ်က္ရွိပါတယ္။

 

လက္ရွိ ျမန္မာႏုိင္ငံကထြက္ရွိတဲ့ မုန္ညင္းမ်ားကို တ႐ုတ္ႏုိင္ငံမွတဆင့္ ျပန္လည္ဝယ္ယူတင္သြင္းလ်က္ရွိၿပီး အေအးခန္းသိုေလွာင္မႈစနစ္၊ ေရေၾကာင္းသယ္ယူပုိ႔ေဆာင္ေရးစနစ္မ်ား ဖြံ႔ၿဖိဳးတိုးတက္လာပါက ျမန္မာနဲ႔ပဲ တိုက္႐ိုက္ေရာင္းဝယ္မႈျပဳလုပ္လိုၾကပါတယ္။

 

Source: Ministry Of Commerce

Read times Last modified on Thursday, 06 February 2020 15:03
Rate this item
(1 Vote)