Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေသအသီးသီးရှိ ကော်ဖီလုပ်ငန်းရှင်များကို ဂျာမနီက ငွေကြေးထောက်ပံ့ပေးမည်

ပြည်တွင်းရှိ ဒေသအသီးသီးမှာ လုပ်ကိုင်နေတဲ့ ကော်ဖီလုပ်ငန်းရှင်များကို ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) က Coffee Innovation Fund အဖြစ် ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်လျက်ရှိကြောင်း စက်မှုဝန်ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရပါတယ်။

Coffee လုပ်ငန်းလုပ်ကိုင်လျက်ရှိတဲ့ Coffee Producer များ၊ Processor များ၊ Exporter များ၊ Trader များအပါအဝင် Coffee လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းကို တီထွင်ဆန်းသစ်မှုများပြုလုပ်ပြီး ဈေးကွက်ချဲ့ထွင်ကာ ကော်ဖီစိုက်တောင်သူများရဲ့ လူနေမှုဘဝမြင့်မားစေဖို့ ရည်ရွယ်ပြီး GIZ အဖွဲ့အစည်းမှ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။

 

လုပ်ငန်းရှင်များအနေနဲ့ Coffee Innovation Fund ကို (၁၅.၈.၂၀၁၉) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သလို Proposal (လုပ်ငန်းအဆိုပြုလွှာ) တင်ပြရာတွင် Budget Proposal ကို ယူရို (၅၀,၀၀၀) ထက် မကျော်လွန်စေဘဲ လျှောက်ထားရမှာဖြစ်ပြီး GIZ က Proposal များ ရွေးချယ်ရာတွင် လုပ်ငန်းများရဲ့ တီထွင်ဆန်းသစ်မှု (Innovation)၊ အားလုံးပါဝင်နိုင်မှု (Inclusivity) နဲ့ တိုးတက်မှုအလားအလာ (Potential Impact) စတဲ့ အချက်တွေကို အခြေခံပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။

 

ဒါ့ပြင် Coffee Innovation Fundနဲ့ ပတ်သက်တဲ့ Outreach Event ကို ဇူလိုင်လ (၂၃) ရက်နေ့၊ နံနက် (၉) နာရီမှ နေ့လည် (၂) နာရီအထိ၊ ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 


Read More >>>>> မြေပဲဈေးမြင့်တက်လာမှုကြောင့် ဆီသန့်ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိလာနိုင်

 


အဆိုပါ ကော်ဖီထောက်ပံ့ကြေးကို လူဦးရေ ( ၃၀ ) မှ ( ၄၀ ) ကြားအထိသာ ကန့်သတ်ထားကြောင်း သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ဒေါ်ပြည့်ပြည့်ပွင့် (Technical Adviser GIZ) ဖုန်းနံပတ် ၀၉ -၂၅၄၁၃၂၈၇၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရပါတယ်။

 

Source: SME Development Department

#Myanmar Food Industry Directory

Read times Last modified on Tuesday, 23 July 2019 14:24
Rate this item
(1 Vote)