Food & Livestock
တရုတ်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်၊ မိုးခေါင်ရေရှားပါးမှုနှင့် ရေကြီးခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်နေရ
ပြီးခဲ့သည့် အပတ်က Heilongjiangပြည်နယ် မြောက်ပိုင်းက China Grain Reserve Cooperative (Sinograin)ရဲ့ သိုလှောင်ရုံမှ စာရင်းအရ coronavirus၏ အကျိုးသက်ရောက်မှု၊ နွေရာသီမှာမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးမှုများနှင့် အမေရိကန်ပြည်ထောင်စုမှ ၀ယ်ယူမှုများပြားလာခြင်းတို့ကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးသောနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံက စားနပ်ရိက္ခာဖူလုံမှုအပေါ်စိုးရိမ်မှုများ တိုးများလာသည်။
ဘန်ကောက်တွင်စားသောက်ဆိုင်နှင့် ဈေးများလာမည့် မေလ ၁ ရက်နေ့တွင်ပြန်ဖွင့်ရန်ရှိ
ဗဟိုစံပြငါးဈေးတွင် ရေလမ်းကြောင်းမှသာ ကုန်များ တင်ပို့ခွင့်ပြု
ပဲကြီးဈေးနှုန်း ကျဆင်းလာမှုကြောင့် တွက်ခြေမကိုက်
သရက်ချဉ် ဈေးနှုန်း ကျဆင်းခြင်းကြောင့် အမြတ်နည်း
ဆန်အရောင်းအဝယ်ကို အွန်လိုင်းမှ ရောင်းဝယ်နိုင်ရန် စီစဉ်လျက်ရှိ
Unicode
ဆန်အရောင်းအဝယ်ကို အွန်လိုင်းမှ ရောင်းဝယ်နိုင်ရန် စီစဉ်လျက်ရှိ
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းများပြား လာသည့် အတွက် ကြိုတင်ကာကွယ်သည့် အနေ ဖြင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ဖွင့်လှစ်မည့်ရက်ကို နောက်ဆုတ်လိုက်ပြီး အွန်လိုင်းမှ ရောင်းဝယ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦး၏ ပြောဆိုချက် အရ သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဧပြီ ၂၀ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်စီစဉ် ထားသော်လည်း ပြည်တွင်း၌ ရောဂါကူး စက်သူအရေ အတွက် များပြားလာသည့် အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှလည်း လူငါးဦးထက်ပို၍ စုဝေးမှု မပြု လုပ်ရန် ကြေညာချက် ထုတ်ပြန်ထားရာ ဆန်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်ဝယ် ယူသူများ၊ လက်လီ လက်ကား ဆိုင်များ၊ ဆန်ပွဲရုံများ၊ Buyer များ ဝယ်ရောင်းပြုလုပ်နိုင်ရေး အွန်လိုင်းမှတစ်ဆင့် အဖွဲ့ တစ်ခုဖွဲ့ စည်းကာ အရောင်းအဝယ်ပြုလုပ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
“လောလောဆယ်တော့ ဖွင့်မယ့်ရက်ကို မကြေညာသေးဘူး။ အခြေအနေ စောင့်ကြည့်ရဦးမယ်။ အဲဒီတော့ ရောင်း ချင် တဲ့ သူရော ဝယ်ချင်တဲ့သူပါ အွန်လိုင်းကနေ နမူနာပြပြီး ပိုက်ဆံကို ဘဏ်အကောင့်ထဲ ထည့်ပြီး စလုပ်ဖို့ စီစဉ် ထားပါတယ်” ဟု ဦးသန်းဦးက ပြောကြားခဲ့ပါတယ်။
ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း တစ်စုံတစ်ဦး ရောဂါဖြစ်ပွားပါက ကုန်တင်ကုန်ချလုပ်သား၊ ကုန်သည် ပွဲစား၊ ဆိုင်ရှင်၊ လက်လီသမား စသည်ဖြင့် ဆက်စပ်သူ အားလုံး ထိခိုက်နိုင်သောကြောင့် ယင်းကဲ့သို့စီစဉ် ရခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တစ်ရက်လျှင် ကုန်သည်ဦးရေ ၁၅၀ မှ ၂၀၀ ဝန်းကျင်သာ လာရောက်ရောင်းဝယ် လေ့ရှိသော်လည်း ဝါးတန်းကုန်စည်ဒိုင်တွင် တစ်ရက်လျှင် ကုန်သည်ဦးရေ ၃၀၀မှ ၈၀၀ ဝန်းကျင်အထိ လာရောက်၍ အရောင်းအဝယ် ပြုလုပ်လေ့ရှိရာ ဝါးတန်းကုန်စည်ဒိုင် ပြန်လည် ဖွင့်လှစ်မည့်ရက်ကို နှစ်ရက် ကြိုတင် ကြေညာပေး မည်ဖြစ်ကြောင်း သိရပါတယ်။
လတ်တလောတွင် နယ်စုံ၌ စပါး လှိုင်လှိုင် ပေါ်လျက်ရှိရာ ရောင်းချသူများ အပြင် ဝယ်ယူသူများအနေဖြင့် အရောင်း အဝယ်လုပ်ကိုင် လိုကြသော်လည်း ရောဂါကူးစက် ပျံ့နှံ့မှုကြောင့် အွန်လိုင်းမှ တစ်ဆင့် ရောင်းချနိုင်ရန် စီစဉ် ရခြင်း ဖြစ်ကြောင်း သိရပါတယ်။
#MFID
Zawgyi
#MFID