Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
ကြက်မွေးမြူသူများ အခက်အခဲတွေ့ ကြုံနေ
Unicode >>>>>>
ကြက်မွေးမြူသူများ အခက်အခဲတွေ့ ကြုံနေ
COVID -19 ရောဂါကြောင့် ကြက်ဥရောင်းအားကျဆင်းကာ ဈေးနှုန်းကျဆင်းနေသော်လည်း ကြက်စာဈေးနှုန်းမှာ ပုံမှန်အတိုင်းရှိနေ၍ ကြက်မွေးမြူသူများ အခက်အခဲတွေ့ကြုံနေရကြောင်း ကြက်မွေးမြူသူများထံမှ သိရပါတယ်။
Bread & Cakes ပေါင်မုန့်နှင့်ကိတ်မုန့်လုပ်ငန်းများ (၃၈) ခုကိုရှာရန်နှိပ်ပါ
ကြက်ဥကို မုန့်လုပ်တဲ့လုပ်ငန်းမှာ အသုံးပြုတာပိုများတယ်။ အိမ်စားဖို့က မုန့်လုပ်ငန်းလောက် မဝယ်ကြဘူး။ အခုမုန့်ဆိုင်တွေနဲ့ မုန့်လုပ်ငန်းတွေပိတ်ထားတော့ မွေးမြူသူတွေ အခက်အခဲဖြစ်နေရပါတယ် ဟု  ကြက်မွေးမြူသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
ထို့ ပြင် ဥတုံးသည့် အသက်နှစ်နှစ်အရွယ် ကြက်များကို ပြန်လည်ရောင်းချရာတွင် ယခင်က ရန်ကုန်မြို ့မှ လာရောက်ဝယ်ယူသော်လည်း လက်ရှိတွင် ဝယ်ယူသူမရှိတဲ့အတွက် အခက်အခဲရှိကြောင်း သိရပါတယ်။
ကြက်စာဈေးနှုန်းသတ်မှတ်ချက်အတွက် အခက်အခဲရှိတယ်။ အတက်အကျရှိတယ်။ ကြက်သားဈေးကလည်း အတက်အကျရှိတယ်။ ကြက်စာဈေးကတော့ မကျဘူး။ အရင်က ကြက်ဥ ဈေးမြင့်တယ်။ ကြက်သားဈေးတက်တုန်းကလည်း အစာဈေးက ဒီဈေးပဲ။ အခုလည်းဒီဈေးပဲ။ အဲဒါကြောင့် မွေးမြူသူတွေ အခက်အခဲရှိတယ်ဟု ကြက်မွေးမြူသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
Read More >>>>>  အသက်သေဆုံးနိုင်တဲ့ Coffee နှင့် Candy (၃) မျိုးကို FDA ထုတ်ပြန်
ကြက်စာဈေးမှာ ၅၀ ကီလိုတစ်အိတ်လျှင် ငွေကျပ် သုံးသောင်းခန့်ရှိပြီး ဈေးကွက်ထဲတွင် ကြက်စာအမျိုးအစား ၇၀ ခန့်ရှိကြောင်း သိရပါတယ်။
#MFID
Home Page Food
COVID 19
Zawgyi >>>>>
#MFID
Read times Last modified on Tuesday, 07 April 2020 14:05
Rate this item
(0 votes)